2.4Ghz vs 5Ghz wifi

wifi မှာ 2.4Ghz နဲ့ 5Ghz ဘာကွာလဲ။

လိုက်ဖတ်ကြည့်ရသလောက်ကတော့ သိပ်တော့မကွာဘူး။

2.4Ghz ကတော့ နေရာတော်တော်များများထိရောက်တယ်။ ဒါပေမယ့် device တော်တော်များများက 2.4 Ghz နဲ့ပဲသွားတော့ သုံးတဲ့သူများရင် များသလိုလိုင်းကျပ်တက်ပြီးတော့ သိပ်အဆင်မပြေဘူး။

5Ghz ကတော့ နေရာဝေးဝေးဆိုရင် အဆင်မပြေဘူး။ ဒါပေမယ့် လိုင်းကတော့ 2.4Ghz ထပ် ပိုကောင်းတယ်။

အဲဒီတော့ ကွန်ပျူတာမှာ 2.4ghz နဲ့ 5ghz ကို ဘယ်လိုပြောင်းသုံးကျမလဲ။

Network Connection ကိုသွားပြီးတော့ wireless network card ကို right click လုပ်ပီး properties ကို သွားလိုက်မယ်။ ပြီးရင် အောက်ကအတိုင်း configure ကို ကလစ်လိုက်မယ်။

wifi

ပြီးရင် Advanced tab ကို သွားပြီး အဲဒီကနေတဆင့် Preferred band ကနေ လိုအပ်သလို ပြောင်းနိုင်ပါတယ်။

2ghz-and-5-ghz

 

Leave a comment