2.4Ghz vs 5Ghz wifi

wifi မှာ 2.4Ghz နဲ့ 5Ghz ဘာကွာလဲ။

လိုက်ဖတ်ကြည့်ရသလောက်ကတော့ သိပ်တော့မကွာဘူး။

2.4Ghz ကတော့ နေရာတော်တော်များများထိရောက်တယ်။ ဒါပေမယ့် device တော်တော်များများက 2.4 Ghz နဲ့ပဲသွားတော့ သုံးတဲ့သူများရင် များသလိုလိုင်းကျပ်တက်ပြီးတော့ သိပ်အဆင်မပြေဘူး။

5Ghz ကတော့ နေရာဝေးဝေးဆိုရင် အဆင်မပြေဘူး။ ဒါပေမယ့် လိုင်းကတော့ 2.4Ghz ထပ် ပိုကောင်းတယ်။

အဲဒီတော့ ကွန်ပျူတာမှာ 2.4ghz နဲ့ 5ghz ကို ဘယ်လိုပြောင်းသုံးကျမလဲ။

Network Connection ကိုသွားပြီးတော့ wireless network card ကို right click လုပ်ပီး properties ကို သွားလိုက်မယ်။ ပြီးရင် အောက်ကအတိုင်း configure ကို ကလစ်လိုက်မယ်။

wifi

ပြီးရင် Advanced tab ကို သွားပြီး အဲဒီကနေတဆင့် Preferred band ကနေ လိုအပ်သလို ပြောင်းနိုင်ပါတယ်။

2ghz-and-5-ghz

 

Bold, Italic and strikethrough on WhatsApp

သတင်းတစ်ခုမှာ ဖတ်လိုက်ရလို့ whatsApp မှာ စာလုံးအမည်း၊ စာလုံးစောင်း ပြီးတော့ စာကြောင်းအလယ်ကနေ မျဉ်းသားထားတာတွေ စမ်းကြည့်ဖြစ်တယ်။ english စာနဲ့တော့ အားလုံးအဆင်ပြေတယ် မြန်မာစာဆိုရင်တော့ ဇော်ဂျီဖောင့်ရော ယူနီကုဒ်ဖောင့်ရော အဆင်မပြေသေးဘူး။

English နဲ့ စာလုံးမည်းရေးချင်ရင် *bold*

စာလုံးစောင်းရေးချင်ရင် _italic_

အလယ်မှာ မျဉ်းကြောင်းနဲ့ရေးချင်ရင် ~strikethrough~

လို့ရေးလိုက်ရင် bold, italic, strikethrough လို့မြင်ရပါလိမ့်မယ်။

တကယ်လို့ whatsapp web ကို သုံးရင်တော့ bold, italic and strikethrough ကို မမြင်ရပါဘူး။

 

Spam mail trying to get email password of yours’

အီးမေး password ရဖို့ကြိုးစားတဲ့ spam mail တွေအကြောင်းကို သူငယ်ချင်းတွေပြောပြလို့ကြားဖူးနားဝ ရှိခဲ့တယ်။ ဒါပေမယ့် မကြုံဖူးခဲ့ဘူး။ အသိအစ်ကိုကြီးတစ်ယောက်ကတော့ သူတို့ပြောတဲ့အတိုင်းလုပ်လိုက်လို့သူ့ရဲ့အီမေးပက်ဝပ်ပါသွားခဲ့ဖူးတယ်။ အဲလိုလဲလုပ်ပြီးရော သူ့သူငယ်ချင်းတွေကို အီးမေးတွေပို့ပါလေရော။ သူငယ်ချင်းငါဘယ်ကိုရောက်နေတယ်။ ငါ့ရဲ့ဘဏ်ကဒ်တွေပြောက်သွားလို့အကူအညီအရေးတကြီးလိုနေတယ်။ ဘယ်အကောင့်ကို ပိုက်ဆံဘယ်လောက်လွဲပေးပါဆိုပြီးတော့။
အဲလိုမကြုံရအောင် ဒီပို့လေးကိုရေးလိုက်တာပါ။ အင်တာနက်အီးမေးကို ကျွမ်းကျွမ်းကျင်ကျင်သုံးတက်မယ်။ ပြီးတော့ အင်တာနက်ပေါ် ဖြစ်တက်တဲ့ကိစ္စတွေကိုလဲ သိထားမယ်ဆိုရင်တော့ spam mail ဆိုတာကို လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ဒါပေမယ့် အင်တာနက်အီးမေးကို စပြီးသုံးတဲ့သူတွေအတွက်တော့ တစ်ကယ်ထင်ပြီး reply လုပ်တက်ကြလို့ရေးလိုက်တာပါ။ အခုမ အင်တာနက်အီးမေး စပြီးသုံးမယ့်သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။
အောက်ကပုံလေးကို ကြည့်ပါ။ အဲဒါကတော့ ကျွန်တော့်မေးထဲကို ဝင်လာတဲ့ password ကို hack မယ့် spam mail ပါ။

spammail-1

မြင်မြင်ချင်း spam mail လို့ပြောနိုင်တဲ့အချက် ၂ ခုရှိပါတယ်။ ပထမကတော့ ဒီအီးမေးကို ပို့လာတဲ့သူရဲ့အီးမေးလိပ်စာပါ။
ဒုတိယအချက်ကတော့ အနီနဲ့ဘောင်ခပ်ထားတဲ့ here ဆိုတဲ့နေရာကို mouse pointer လေးတင်လိုက်ရင် အောက်နားမှာ သူ့ရဲ့web address တစ်ခုမြင်ရပါမယ်။ အဲဒါကလဲ Google mail / Gmail ရဲ့web address တစ်ခုမဟုတ်ပါဘူး။ ပိုသေချာသွားအောင် Login here ဆိုတာကို ကလစ်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရပါမယ်။

spammail-2

အဲဒီမှာ ဘာတွေဖြည့်ခိုင်းမလဲဆိုရင် Email address, password, recovery mail, phone number and date of birth.
အဲဒါတွေအားလုံးထည့်ပြီး submit လုပ်လိုက်ရင်တော့ ကိုယ့်ရဲ့ information တွေအားလုံး တခြားသူတွေဆီကို ပါသွားပါပြီ။
တကယ်လို့ Google ကနေ ကိုယ့်ရဲ့ အီးမေးပက်ဝပ်က လုံခြုံရေးအရ အားနည်းနေမယ်ဆိုရင် မသကာ ပက်ဝပ်က အားနည်းနေတယ် ဖြစ်နိုင်ရင် strong ဖြစ်တဲ့ တခြားပက်ဝပ်ကို အမြန်ဆုံးပြောင်းပါဆိုတာလောက်ပဲ သတိပေးတဲ့ အီးမေးကို ပို့ပါလိမ့်မယ်။ တစ်ကယ်တမ်းဆိုရင် အဲလိုအီးမေးလဲ မပို့ပါဘူး။ ဘာလို့လဲ ဆိုတော့ အီးမေးအကောင့်တစ်ခုလုပ်ကတည်းက ကိုယ့်ရဲ့ပက်ဝပ်က weak ဖြစ်လား strong ဖြစ်လားဆိုတာကို တခါတည်းပြောပါတယ်။
အောက်မှာ weak ဖြစ်နိုင်တဲ့ ပက်ဝပ် strong ဖြစ်နိုင်တဲ့ပက်ဝပ်တွေရဲ့အင်္ဂါရပ်တွေကို ပြထားပါတယ်။

A weak password:

  • Is no password at all.
  • Contains your user name, real name, or company name.
  • Contains a complete dictionary word. For example, Password is a weak password.

A strong password:

  • Is at least seven characters long.
  • Does not contain your user name, real name, or company name.
  • Does not contain a complete dictionary word.
  • Is significantly different from previous passwords. Passwords that increment (Password1, Password2, Password3 …) are not strong.
  • Contains characters from each of the following four groups:

Group Examples

Uppercase letters       A, B, C …

Lowercase letters       a, b, c …

Numerals                   0, 1,2, 3, 4, 5, 6, 7, 8, 9

Symbols                     ` ~ ! @ # $ % ^ & * ( ) _ + – = { } | \ : ” ; ‘ < > ? , . /

အားလုံးပဲ တွေးဆဆင်ခြင်ရင်း အန္တရယ်ကင်းစွာ အသုံးပြုနိုင်ကြပါစေလို့ဆန္ဒပြုလျှက်…

Google 2 steps verification အကြောင်း

အရင်တုန်းကတော့ Android မှာ GMail ကို 2 steps verification သုံးတယ်။
2 steps verification အကြောင်းသိချင်ရင်တော့ အောက်ကလင့်မှာလေ့လာလို့ရပါတယ်။

http://www.google.com/landing/2step/

Android က GMail Apps မှာ 2 steps verification enable လုပ်ထားတဲ့ အီးမေးကို setting လုပ်လိုက်ရင် username and password ရိုက်ပြီးတာနဲ့ web interface ကို redirect လုပ်ပြီး password ထပ်ရိုက်ခိုင်းတယ်။ပြီးရင် code generator ကနေ ထုတ်ပေးတဲ့ ကုဒ်ကို ထည့်ပေးလိုက်ရင် အဆင်ပြေသွားတယ်။
တလောလေးကပဲ Android ကနေ iPhone ကို ပြောင်းလိုက်တယ်။ အဲဒီမှာ ပြသနာစပါလေရော။ ကျွန်တော်က contact တွေကို Gmail မှာ သိမ်းထားတယ်။ အဲဒီတော့ iPhone ကိုလဲ ပြောင်းပြီးရော contact တွေကို ပြန်ထည့်ဖို့ အီးမေးအကောင့်ကို iPhone ရဲ့ Mail, Contacts, Calendars မှာ setting လုပ်တော့ username and password ရိုက်ပြီး ထည့်တော့ ဝင်လို့ မရဘူး။ အဲဒါနဲ့ 2 steps verification ကို disable လုပ်ပြီး ပြန်လုပ်ကြည့်တော့ အဆင်ပြေတယ်။ enable ပြန်လုပ်လိုက်ရင် မရတော့ ပြန်ဘူး။ အဲဒါနဲ့လိုက်ရှာကြည့်လိုက်တော့ …
အီးမေးကို log in လုပ်ပြီး Account Setting ကနေတဆင့် 2 steps verification setting ကို သွား

2steps-verification-1

ပြီးရင် Apps specific passwords ကို သွား

2steps-verification-2

ပြီးရင် Manage application specific passwords က ထပ်သွား….

2steps-verification-3

ပြီးရင် Name နေရာမှာ ကြိုက်တာရိုက်ပြီး Generate password ကို ကလစ်လိုက်ရင် code အတွဲလိုက်ထွက်လာပါတယ်။
အဲဒီကုဒ်တွေကို မှတ်ထားစရာမလိုပါဘူး။ ပြီးရင် အဲဒီကုဒ်တွေကို စောစောက Mail, Contacts, Calendars မှာ setting လုပ်မယ့် password နေရာမှာ ရိုက်လိုက်ရင် အားလုံးအဆင်ပြေသွားပါပြီ။ အဲဒီကုဒ်တွေက အဲဒီမှာပဲ သုံးလို့ရမှာပါ။ တခြား applications တွေမှာလဲ 2 steps verification enable လုပ်ထားတဲ့ GMail ကို setting လုပ်ထားရင် နောက်ထပ် ကုဒ်တစ်ခု generate လုပ်ပြီး သုံးနိုင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

How to create default Signature in Outlook 2010/2013?

Outlook 2010/2013 နဲ့အီးမေးသုံးတယ်။ ပြီးတော့ Signature တစ်ခုထဲကိုပဲသုံးတယ်ဆိုရင် အီးမေးအသစ်ပို့တာပဲ ဖြစ်ဖြစ် forward လုပ်တာပဲဖြစ်ဖြစ် default signature ကို ဘယ်လို setting ချမလဲ။ လွယ်ပါတယ်။
Outlook ကို ဖွင့်ပြီး New Email ကို ကလစ်လိုက်ပါမယ်။ ပြီးရင် Signature အောက်က မျှားကလေးကတဆင့် Signature… ကို ကလစ်ပါမယ်။
New ကို ကလစ်ပြီး နာမည်တခုခုပေးလိုက်ပါမယ်။ ပြီးရင် အဲဒီနာမည်ကို select လုပ်လိုက်မယ်။
Choose Default Signature မှာ outlook မှာသုံးထားတဲ့ အီးမေးအကောင့်ကို မြင်ရပါမယ်။ New message and replies/forwards မှာ စောစောကပေးထားတဲ့ နာမည်ကို ရွေးလိုက်ပါမယ်။ ပြီးရင် Edit Signature မှာ သင်ကြိုက်သလို ပြင်ဆင်ပြီး အိုကေကို ကလစ်လိုက်ပါမယ်။ အဲဒါဆိုရင်တော့ အားလုံးပြီးပါပြီ။ အဲဒါတွေပြီးသွားရင် အီးမေးအသစ်ပို့တာပဲဖြစ်ဖြစ် replies/forwards လုပ်တာပဲဖြစ်ဖြစ် စောစောက Signature က အီးမေးတိုင်းမှာ ပါနေတော့မှာပါ။

email-signature