myanmar unicode with libre calc

Ubuntu မှာ libre calc ကို သုံးတယ်။ ပြီးတော့ ပြည်ထောင်စုဖောင့်ကိုပဲ Default font အနေနဲ့ သုံးချင်လို့ အောက်ကအတိုင်းလုပ်လိုက်တယ်။

1

ပထမဆုံးလိုချင်တဲ့ဖောင့်နဲ့ စကားလုံးအရွယ်အစားကို ရွေးပြီး File >> Templates >> Save As Template.. ကို သွားလိုက်ပါတယ်။

ပြီးတော့ နာမည်တစ်ခုပေးပြီး သိမ်းထားလိုက်တယ်။

ပြီးတော့ File >> Templates >> Manage ကို ဆက်ပြီးသွားလိုက်တယ်။ ပြီးတော့ စောစောက သိမ်းထားတဲ့ နာမည်နဲ့ template ကို Default ထားလိုက်တယ်။ အဲဒါပြီးရင် ဖွင့်လိုက်တိုင်း စောစောက ကျွန်တော်ပြင်ထားတဲ့ ဖောင့်နဲ့ပဲ တက်လာတော့တယ်။ ဒါပေမယ့် နောက်ထပ် ပြဿနာတစ်ခုထပ်တွေ့တယ်။

2

ပုံမှာမြင်ရတဲ့အတိုင်း မြန်မာယူနီကုတ်နဲ့ english/myanmar ပြောင်းရိုက်ရင် freesans ကို ပြောင်းပြောင်းသွားတယ်။ အဲဒီပြဿနာကိုတော့ Tool >> Options ကိုသွားပြီး Ignore system input language ကို ရွေးလိုက်တာ အဆင်ပြေသွားတယ်။

၃

Advertisements