Disable/Enable the NIC via cmd

ဒီတစ်ရက်နှစ်ရက်အတွင်းဘာဖြစ်တယ်မသိဘူး။ ကွန်ပျူတာက wireless network ကနေ  disconnect ဖြစ်ဖြစ်သွားတယ်။ ပြန်ပြီးချိတ်တာလဲမရဘူး။ disable/enable လုပ်တဲ့ ကီးကို နှိပ်လဲမရဘူး။ network connections ကို သွားသွားပြီးတော့ wireless NIC ကို disable / enable ပြန်ပြန်လုပ်ပေးရတယ်။ အဲလိုလုပ်ဖို့က wireless icon ကို နှိပ် ပြီးရင် network setting ကို သွား၊ ပြီးရင် Related settings အောက်က change adapter options ကို နှိပ်၊ ပြီးမ network connections ကနေပီးတော့ wireless NIC ကို right click လုပ်ပြီး disable / enable လုပ်ရတယ်။ အဆင့်တွေအရမ်းများတယ်။ အဆင့်တွေအများကြီးလုပ်ရမှာ ပျင်းတာနဲ့ command ကနေ လုပ်လို့ရလား လိုက်ရှာကြည့်တော့ အဆင်ပြေသွားတယ်။ အရင်ဆုံး command ကို run as administrator နဲ့ ဖွင့်ပြီးတော့ အောက်က ကွန်မန်းနဲ့ wireless NIC ကို disable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=disabled

ကျွန်တော့် wireless NIC ကို Wireless လို့ နာမည်ပြောင်းထားလို့ အဲလိုရိုက်ရတာပါ။ ဒီနေရာမှာ ကိုယ့်ကွန်ပျူတာရဲ့ wireless NIC နာမည်ပေါ်လိုက်ပြီး ပြောင်းရေးဖို့လိုပါတယ်။ ပြန်ပြီးတော့ enable လုပ်ချင်ရင် အောက်က ကွန်မန်းနဲ့ ပြန်ပြီး enable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=enabled

 

Remove Ubuntu from Dual Boot with Windows 7

Windows 7 & Ubuntu ကို dual boot တင်ထားလိုက်ပြီး ထပ်မသုံးဖြစ်တော့လို့ ပြန်ဖြုတ်လိုက်တယ်။ ပြန်ဖြုတ်ဖို့အတွက် နည်းနည်းလောက်ပြင်ပေးဖို့ Bootloader ကို ပြင်ပေးဖို့လိုပါတယ်။ အဲလိုပြင်ဖို့အတွက် ကျွန်တော်ကတော့ EasyBCD 2.2 ကို သုံးလိုက်တယ်။

MBR.png

အင်စတောလုပ်၊ ဖွင့်ပြီး BCD Deployment ကို သွားပြီး Partition 1 ကို ရွေးပြီး write MBR ကို ကလစ်လိုက်တယ်။

edit_boot_menu

ပြီးရင် Edit Boot Menu ကို သွားပြီး Windows 7 ကို ရွေး ပြီးရင် Skip the boot menu ကို select လုပ်ပြီး save setting ကို ကလစ်လိုက်တယ်။

ဒါတွေလုပ်ပြီးတာနဲ့ Disk management ကနေတဆင့် Ubuntu partition ကို ဖျက်လိုက်တယ်။ ပြီးရင် windows partition နဲ့ ပြန်ပေါင်းလိုက်ရင် ပီးပါဘီ။

 

Windows10 နဲ့ မြန်မာကီးဘုတ်

အရင်တုန်းကတော့ windows 7 မှာ keymagic နဲ့ မြန်မာယူနီကုတ်ကို သုံးတယ်။ နောက်တော့ windows 10 ကို upgrade လုပ်လိုက်တယ်။ ပီးတော့ windows 10 မှာ ပါလာတဲ့ မြန်မာကီးဘုတ်ကို စမ်းချင်တာနဲ့ keymagic ကို uninstall လုပ်လိုက်ပြီးတော့ default ပါတဲ့ကီးဘုတ်ကို သုံးဖို့အတွက် မြန်မာကီးဘုတ်ကို ထပ်ထည့်လိုက်တယ်။

Setting >> Region & Language ကနေ Add a language ကိုကလစ်ပြီးတော့ မြန်မာစာကို ထပ်ထည့်လိုက်တယ်။ ပြီးတော့ Ctrl + Shift ကနေ ကီးဘုတ်ပြောင်းဖို့အတွက် အောက်ကပုံထဲကအတိုင်းပြောင်းလိုက်တယ်။ ကျွန်တော်ကတော့ Ctrl + Shift လို့ပြောင်းလိုက်တယ်။ အဆင်ပြေသလို ပြောင်းနိုင်ပါတယ်။

hotkeys

အဲလုပ်လိုက်ရင် Ctrl + Shift နဲ့ ကီးဘုတ်ပြောင်းနိုင်ပါတယ်။

The Group Policy Client Service failed the logon

ကျွန်တော့် laptop မှာ Ubuntu LTS 16.04 နဲ့ windows 7 ကို dual boot တင်ပြီးတော့ သုံးတယ်။ ဒါပေမယ့် အများသောအားဖြင့်တော့ Ubuntu ကို ပဲ သုံးဖြစ်တယ်။ တနေ့က windows သုံးမယ်ဆိုပြီးတော့ windows ကနေ boot တက်လိုက်တော့ အောက်ကလိုမျိုး error တွေ့ရပြီး အကောင့်ထဲကို ဝင်လို့မရတော့ဘူး။  username and password ရိုက်ပြီးရင် ပြန်ပြန်ထွက်သွားတယ်။

win7grouppolicyerror

အလုပ်ရှုပ်နေတာနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို မရှာကြည့်ရသေးဘူး။ ရှာပြီး နည်းလမ်းတွေ့ရင်တော့ နုတ်ထပ်ရေးပါဦးမယ်။‌ safe mode ကနေဝင်လို့ရနေသေးတယ်ဆိုတော့ နည်းလမ်းတော့ ရှိမှာပါ။

Upgrade Windows 10 from Windows 7

Windows 10 ကို Windows 7 ကနေ ဘယ်လို upgrade လုပ်တယ်ဆိုတာကို ရေးမယ်ရေးမယ်နဲ့မရေးဖြစ်ဘူး။ Windows 10 ထွက်တော့မယ်လို့ကြေငြာကတည်းက Free Upgrade အတွက် reserve လုပ်ထားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကို တော်တော်နဲ့မရောက်လာဘူး။ အဲဒါနဲ့စိတ်မရှည်ဘဲ Media Creation Tool အကူအညီနဲ့ လုပ်ဖြစ်လိုက်တယ်။ Tools ကိုတော့ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်။

Media Creation Tools

32 bits and 64 bits ဆိုပြီး ၂ ခုရှိတယ်။ မိမိကွန်ပျူတာနဲ့ကိုက်မယ့် ဆော့ဝဲကိုတော့ ဒေါင်းဖို့လိုပါတယ်။

အဲဒါကိုဒေါင်းပြီးရင် double click လုပ်ပြီး ဖွင့်လိုက်ပါမယ်။

1

ဒီအဆင့်မှာ လိုအပ်မယ့်ဖိုင်တွေကို စပြီး ဒေါင်းလုပ်လုပ်နေပါဘီ။

2

ပြီးရင် License ကို accept လုပ်လိုက်ပါမယ်။

3

Update စလုပ်နေပါဘီ။

6

Default အနေနဲ့ personal files and apps တွေကို keep လုပ်ပေးပါလိမ့်မယ်။ တခြားဘာ options တွေရှိသေးလဲ သိချင်ရင် change what to keep ကို ကလစ်ပြီး ကြည့်နိုင်ပါတယ်။

4

အောက်ကပုံမှာမြင်ရတဲ့ options တွေရှိပါသေးတယ်။ လိုအပ်ချက်အပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ ကြိုက်တဲ့ options ကိုရွေးပြီး next  ကို ကလစ်လိုက်ရင် အပေါ်တစ်ပုံကျော်က Ready to install ကို ပြန်ရောက်သွားပါလိမ့်မယ်။ Install ကို ကလစ်လိုက်ရင် စပြီး install လုပ်ပါဘီ။

7

ခဏနေရင် install လုပ်နေစဥ်အတွင်း Restart ခဏခဏကျမယ်လို့ပြောပါလိမ့်မယ်။

8

နောက် မိနစ် ၂၀ ကနေ ၃၀ လောက်ပြီးရင် အားလုံးပြီးသွားပါဘီ။