Lenovo Thinkpad E440 မှာ Recovery Disk ဘယ်လိုလုပ်မလဲ

တစ်နေ့က ညီအတွက် Lenovo Thinkpad Edge E440 ဝယ်လာပြီးတော့ Recovery Media Disk လုပ်မယ်ဆိုပြီးတော့ Recovery Partition ကို Double Click လုပ်လိုက်တော့ အောက်ကအတိုင်း Error တက်လာတယ်။

ဒီစက်မှာတော့ မူရင်းက Windows 7 Pro ပါတယ်။ နောက်ထပ် upgrade  လုပ်ချင်တယ်ဆိုရင် Windows 8 Pro ကို Upgrade လုပ်လို့ရတယ်။ ဒါပေမယ့် Recovery Disk မူရင်းက Windows 8 အတွက်ပဲ ပါတယ်။ Windows 7 အတွက်ကတော့ သပ်သပ်ကိုယ်ဘာသာ Recovery Disk လုပ်ဖို့လိုတယ်။ ဒါပေမယ့် အပေါ်က Error ပဲ တက်တက်လာတယ်။ အဲဒါနဲ့လိုက်ရှာလိုက်တော့ အောက်က ကွန်မန်းလေးကို command prompt မှာ  ရိုက်လိုက်ပြီးတော့ ပြန်စမ်းကြည့်လိုက်တော့ အဆင်ပြေသွားတယ်။

echo 0 > Q:\FactoryRecovery\RECOVERY.INI:Done

ကျွန်တော်လိုမျိုးကြုံလာတဲ့သူတွေအတွက်တော့ အသုံးဝင်မှာပါ။