shutdown/restart problem with Cario Dock

ဒီနေ့ Ubuntu သုံးချင်တာနဲ့ windows 7 ကို ပြန်သွားပြီးတော့ dual boot တင်လိုက်တယ်။ ပြီးတော့ Ubuntu ပြန်တင်ပြီးတော့ Cario Dock အင်စတောလုပ်လိုက်တယ်။ အဲဒါအင်စတောလုပ်ပြီးတာနဲ့ shutdown/restart ကို top panel ကနေလုပ်တာ မရတော့ဘူး။ ဘယ်လိုလုပ်ရလဲဆိုတော့ logout လုပ်ပြီးတော့မ shutdown လုပ်လုပ်နေရတယ်။ ဒီနေ့အားနေတာနဲ့ ဘယ်လိုပြန်ပြင်လို့ရလဲဆိုတာကို လိုက်ရှာကြည့်လိုက်တော့ solution တွေ့သွားတယ်။

gedit နဲ့ ~/.config/autostart/cairo-dock.desktop ကို ဖွင့်လိုက်ပြီးတော့ အောက်ဆုံးမှာ

X-GNOME-Autostart-Delay=20

ကို ထည့်လိုက်ပြီး save လုပ်လိုက်ပါ။ ပြီးရင် restart လုပ်လိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

နောက်ထပ်တနည်းကတော့ startup application ကနေ cairo-dock startup application ကို ရွေးပြီး edit လုပ်လိုက်ပါ။
ပြီးရင် command မှာ sh -c "sleep 20; exec cairo-dock -o" လို့ ပြင်ရေးလိုက်ပါ။ ပြီးရင် ထုံးစံအတိုင်း စက်ကို restart လုပ်ပေးပါ။

ကျွန်တော်ကတော့ sleep ကို 8 အထိထားပြီးစမ်းကြည့်တာအဆင်ပြေတယ်။ ၂၀ ထားရင် login လုပ်ပြီးတော်တော်လေးကြာမ cairo-dock က တက်လာပါလိမ့်မယ်။