Disable/Enable the NIC via cmd

ဒီတစ်ရက်နှစ်ရက်အတွင်းဘာဖြစ်တယ်မသိဘူး။ ကွန်ပျူတာက wireless network ကနေ  disconnect ဖြစ်ဖြစ်သွားတယ်။ ပြန်ပြီးချိတ်တာလဲမရဘူး။ disable/enable လုပ်တဲ့ ကီးကို နှိပ်လဲမရဘူး။ network connections ကို သွားသွားပြီးတော့ wireless NIC ကို disable / enable ပြန်ပြန်လုပ်ပေးရတယ်။ အဲလိုလုပ်ဖို့က wireless icon ကို နှိပ် ပြီးရင် network setting ကို သွား၊ ပြီးရင် Related settings အောက်က change adapter options ကို နှိပ်၊ ပြီးမ network connections ကနေပီးတော့ wireless NIC ကို right click လုပ်ပြီး disable / enable လုပ်ရတယ်။ အဆင့်တွေအရမ်းများတယ်။ အဆင့်တွေအများကြီးလုပ်ရမှာ ပျင်းတာနဲ့ command ကနေ လုပ်လို့ရလား လိုက်ရှာကြည့်တော့ အဆင်ပြေသွားတယ်။ အရင်ဆုံး command ကို run as administrator နဲ့ ဖွင့်ပြီးတော့ အောက်က ကွန်မန်းနဲ့ wireless NIC ကို disable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=disabled

ကျွန်တော့် wireless NIC ကို Wireless လို့ နာမည်ပြောင်းထားလို့ အဲလိုရိုက်ရတာပါ။ ဒီနေရာမှာ ကိုယ့်ကွန်ပျူတာရဲ့ wireless NIC နာမည်ပေါ်လိုက်ပြီး ပြောင်းရေးဖို့လိုပါတယ်။ ပြန်ပြီးတော့ enable လုပ်ချင်ရင် အောက်က ကွန်မန်းနဲ့ ပြန်ပြီး enable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=enabled

 

Advertisements

CCNP DataCenter

ဒီနေ့အီးမေးလာလို့ ကြည့်လိုက် CCNP Datacenter စာမေးပွဲက version 5 ကနေ version 6 ကို ပြောင်းသွားပါပြီ။

Version 5 နဲ့ Version 6  ကွာခြားချက်ကို အောက်က table မှာ ကြည့်နိုင်ပါတယ်။

Current Version 5.0 Exams New Version 6.0 Exams
Last day to test using v5.0 exams is July 3, 2017
642-999 DCUCI Exam 300-175 DCUCI
642-997 DCUFI Exam 300-165 DCII
642-998 DCUCD Exam 300-160 DCID
642-996 DCUFD Exam
642-035 DCUCT Exam 300-180 DCIT
642-980 DCUFT Exam
300-170 DCVAI – This additional exam is required if candidates choose to take any version 6.0 exams

အသေးစိတ်သိချင်ရင်တော့ အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်။

https://learningnetwork.cisco.com/community/certifications/ccnp_data_center?utm_source=marketo&utm_campaign=DC_launch&utm_medium=email&mkt_tok=eyJpIjoiTjJSbFkySXdaRGRoWm1SaCIsInQiOiJMZXBqeXJIb0FEaHVrSTVQaExGR2dBRHgzMmh5T0U0b2pCeUFXTDBVeGRWSFJRYWlMVTcxZkFlMHFHaE03Y05WUXA2dVVDbFNlNGlPNkNSV050NHkreFdveWhuaklodHZpRjg0R1lOdGlpR01kWVo2NzY3SVBtVm51eWRzbFwvQU0ifQ%3D%3D