Cisco WLC and AP upgrade

Firmware upgrade ကို WLC အတွက် တစ်ခါမမလုပ်ဖူးဘူး။ တလောတုန်းက WLC HA သွားလုပ်ဆိုပြီးပြောတယ်။ အဲလိုနဲ့ customer ဆီကို အရင်သွားပြီး ဘာတွေလုပ်ချင်လဲ ဆွေးနွေးကြတာပေါ့။ အဲဒီမှာ သူတို့က HA မလုပ်ခင် လက်ရှိ firmware ကိုပါ upgrade လုပ်ချင်တယ်ပြောရော။ အဲဒါနဲ့ နောက်တစ်ရက်ကို ချိန်းလိုက်တယ်။

firmware upgrade လုပ်ဖို့အတွက် အရင်ဆုံး firmware image ကို cisco ကနေ CCO account သုံးပြီးတော့ ဒေါင်းလုပ်လုပ်၊ ပြီးရင် TFTP server မှာ တင်ထားလိုက်တယ်.

ပြီးရင် အောက်က ကွန်မန်းတွေကို တခုချင်းရိုက်ပေးဖို့လိုပါတယ်။

transfer download mode tftp

transfer download datatype code

transfer download serverip X.X.X.X

transfer download filename AIR-CT5500-K9-8-2-151-0.aes

transfer download start

အဲလိုရိုက်ပြီးဘီဆိုရင် WLC က အဲဒီဖိုင်ကို tftp server ကနေ ဒေါင်းလုပ်လုပ်ပြီး active partition မှာ အင်စတောလုပ်ပါလိမ့်မယ်။  GUI ကနေလဲ လုပ်လို့ရပါတယ်။ Download ကို ကလစ်လိုက်တာနဲ့ tftp server ကနေ စပြီး ဒေါင်းလုပ်လုပ်ပြီး active partition မှာ အင်စတောလုပ်ပါလိမ့်မယ်။

gui.png

ဘယ်လိုပြန်စစ်နိုင်လဲဆိုတော့ show boot လို့ ကြည့်လိုက်ရင် အောက်ကလိုမျိုး တွေ့ရပါလိမ့်မယ်။

(Cisco Controller) >show boot
Primary Boot Image…………………………. 8.2.151.0 (default)
Backup Boot Image………………………….. 8.0.140.0 (active)

ဒီမှာဆိုရင် 8.2.151.0 က default ဖြစ်နေတဲ့အတွက် next reboot ကျရင် အဲဒီ firmware နဲ့ တက်လာပါလိမ့်မယ်။

တကယ်လို့ AP ပေါင်း ၁၀၀ ကျော်က WLC မှာ register လုပ်ပြီးဘီဆိုရင် WLC ကို reboot လုပ်လိုက်တာနဲ့ အဲဒီ AP ၁၀၀ ကျော်လဲ reboot ကျပြီး firmware အသစ်ကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ တရေးအိပ်ပြီး စောင့်ရဖို့များတယ်။ များသောအားဖြင့်က ရုံးချိန်ပြင်ပမှာပဲ လုပ်ကျတာများတယ်။ တကယ်လုပ်ရမယ့်အချိန်မှာ အချိန်ကုန်သက်သာအောင်လုပ်ကျတယ်။ ဘယ်လိုလုပ်ကျလဲဆိုတော့ wlc မှာ firmware အသစ်ကို အရင်ဆုံးအင်စတောလုပ်လိုက်တယ်။ ပြီးရင် restart မလုပ်သေးပဲနဲ့ AP အားလုံးဆီကို firmware ကြိုပြီးတော့ ဒေါင်းလုပ်လုပ်ထားတဲ့ နည်းနဲ့ လုပ်လို့ရပါတယ်။

(Cisco Controller) >show ap image AP1

Total number of APs………………………… 119

Number of APs Initiated………………………………… 0

Downloading………………………………. 0

Predownloading……………………………. 0

Completed predownloading…………………… 0

Not Supported…………………………….. 0

Failed to Predownload……………………… 0
Predownload     Predownload                                  FlexconnectAP

Name            Primary Image  Backup Image   Status          —————— ————– ————– –AP1   8.0.140.0     0.0.0.0        None           (Cisco Controller) >

ဒီမှာကြည့်လိုက်ရင် ဒီ AP1 မှာ image 8.0.140.0 တစ်ခုပဲရှိတယ်။ အောက်ကကွန်မန်းနဲ့ အသစ်ကို ဒေါင်းလုပ်လုပ်ရအောင်။

(Cisco Controller) >config ap image predownload primary AP1

ဒီလိုရိုက်လိုက်ရင် AP1 က firmware အသစ်ကို စပြီး ဒေါင်းလုပ်လုပ်နေပါဘီ။

ap1

ဒီမှာဆိုရင် 8.2.151.0 ကို စပြီး ဒေါင်းလုပ်လုပ်နေပါဘီ။

ap1 done

ပြီးသွားဘီဆိုရင် အထက်ကပုံထဲကလို မြင်ရပါလိမ့်မယ်။ ဒီမှာ primary က 8.0.140.0 ပဲ ဖြစ်နေပါသေးတယ်။

swap

အရင်ဆုံး image swap လုပ်ပြီး ပြန်ကြည့်လိုက်ရင် primary က 8.2.151.0  ဖြစ်သွားတယ်။ ဆိုလိုတာက reboot လုပ်လိုက်ရင် အဲဒီ 8.2.151.0 နဲ့ ပြန်တက်လာမယ်။ ဒီနေရာမှာပြထားတာတွေက AP1 ဆိုတဲ့ AP တစ်ခုထဲနဲ့ ပြထားတာပါ။ အကုန်လုံးကို လုပ်ချင်ရင်တော့ AP1 နေရာမှာ all ဆိုတာနဲ့ အစားထိုးရပါလိမ့်မယ်။ အားလုံးပြီးသွားရင်တော့ ရုံးချိန်ပြင်ပရောက်တာနဲ့ wlc မှာ save လုပ်ပြီ:  reboot လုပ်လိုက်ရုံပါပဲ။ ဒါတွေကို ရုံးချိန်ပြင်ပမတိုင်ခင်လုပ်ထားရင် တကယ်လုပ်တဲ့အချိန်မှာ အချိန်ကုန်သက်သာပါလိမ့်မယ်။

 

Advertisements

Disable/Enable the NIC via cmd

ဒီတစ်ရက်နှစ်ရက်အတွင်းဘာဖြစ်တယ်မသိဘူး။ ကွန်ပျူတာက wireless network ကနေ  disconnect ဖြစ်ဖြစ်သွားတယ်။ ပြန်ပြီးချိတ်တာလဲမရဘူး။ disable/enable လုပ်တဲ့ ကီးကို နှိပ်လဲမရဘူး။ network connections ကို သွားသွားပြီးတော့ wireless NIC ကို disable / enable ပြန်ပြန်လုပ်ပေးရတယ်။ အဲလိုလုပ်ဖို့က wireless icon ကို နှိပ် ပြီးရင် network setting ကို သွား၊ ပြီးရင် Related settings အောက်က change adapter options ကို နှိပ်၊ ပြီးမ network connections ကနေပီးတော့ wireless NIC ကို right click လုပ်ပြီး disable / enable လုပ်ရတယ်။ အဆင့်တွေအရမ်းများတယ်။ အဆင့်တွေအများကြီးလုပ်ရမှာ ပျင်းတာနဲ့ command ကနေ လုပ်လို့ရလား လိုက်ရှာကြည့်တော့ အဆင်ပြေသွားတယ်။ အရင်ဆုံး command ကို run as administrator နဲ့ ဖွင့်ပြီးတော့ အောက်က ကွန်မန်းနဲ့ wireless NIC ကို disable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=disabled

ကျွန်တော့် wireless NIC ကို Wireless လို့ နာမည်ပြောင်းထားလို့ အဲလိုရိုက်ရတာပါ။ ဒီနေရာမှာ ကိုယ့်ကွန်ပျူတာရဲ့ wireless NIC နာမည်ပေါ်လိုက်ပြီး ပြောင်းရေးဖို့လိုပါတယ်။ ပြန်ပြီးတော့ enable လုပ်ချင်ရင် အောက်က ကွန်မန်းနဲ့ ပြန်ပြီး enable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=enabled

 

checking UTP cable

Wireless AP  အတွက် ကေဘယ်ကို ကောင်းမကောင်းသိချင်ရင် အောက်ကကွန်မန်းနဲ့စစ်ကြည့်လို့ရပါတယ်။

check.png

AP ချိတ်ထားတဲ့ switch ကို ဝင်ပြီးတော့ test cable-diagnostics tdr interface gigabitethernet 1/0/24 ဆိုပြီး စစ်ကြည့်နိုင်ပါတယ်။

ပြီးရင် result ကိုတော့ အောက်က ကွန်မန်းနဲ့ ကြည့်နိုင်ပါတယ်။

result

ဒါကိုကြည့်ပြီးတော့ ကေဘယ်ကောင်းတယ်လို့ သိနိုင်ပါတယ်။ပြီးတော့ ကေဘယ်က မီတာ ၆၀ လောက်ရှိပါတယ်။

Cisco WLC

လက်ရှိလုပ်နေတဲ့ project မှာ wireless controller ရှိတော့ configuration ကို အစအဆုံးမလုပ်ရပေမယ့် တချို့ဟာတွေကိုတော့ ကိုယ့်ဘာသာလုပ်ရတဲ့အပိုင်းလေးတွေရှိတယ်။ အကုန်လုံးလဲ အစအဆုံးမလုပ်နိုင်သေးဘူး။ ဘာတွေလုပ်ရလဲဆိုတော့

AP တွေကို power on ပြီးရင် hostname ပြောင်းပြီးတော့ သက်ဆိုရာ AP Group ထဲကို ထည့်ပေးရတယ်။ သူတို့အခေါ်ကတော့ provision လုပ်တယ်လို့ခေါ်ပါတယ်။ စစခြင်း ပါဝါပေးလိုက်တာနဲ့ switch မှာ show cdp neighbor လို့ ကြည့်လိုက်ရင် APabcd.abcd.abcd ဆိုပြီးတော့ AP နောက်ကနေ mac address လိုက်ပြီး hostname အနေနဲ့ပြတယ်။ အဲဒါကို WLC ထဲကို ဝင်ပြီးတော့ hostname ပြောင်း ပြီးရင် သက်ဆိုရင် AP Group ထဲကို ထည့်လိုက်ရင် အဲဒီ AP က reboot ဖြစ်ပြီးတော့ ပြန်တက်လာရင် ကိုယ်ပြောင်းလိုက်တဲ့ hostname နဲ့ ဖြစ်သွားတယ်။ ပြီးတော့ switch မှာ show cdp neighbor လို့ကြည့်လိုက်ရင် ပြောင်းလိုက်တဲ့ နာမည်နဲ့ပဲ တွေ့ရတော့တယ်။ ဒါကတော့ web interface ကနပြီးတော့ နာမည်ပြောင်းတာ။ အဲဒါကို command line ကနေ လုပ်ချင်ရင် အောက်ကအတိုင်းလုပ်နိုင်ပါတယ်။

config ap name NEW_HOSTNAME AP0000.1011.0001

config ap group-name AP_GROUP AP_NAME

ပထမ command ကတော့ hostname ကို AP0000.1011.0001 ကနေပြီးတော့ NEW_HOSTNAME ကို ပြောင်းတာ။ နောက်ထပ် command ကတော့ AP_NAME ဆိုတဲ့ AP ကို   AP_GROUP ဆိုတဲ့ group ထဲကို ထည့်လိုက်တာပါ။

တခါတလေကျရင် Project manager က hostname ပေးပြီးတော့ အဲဒီ hostname ရဲ့ serial number ကို ကြည့်ပေးဖို့ပြောတက်တယ်။ အရေအတွက်  ၁ ခု ၂ ခုလောက်ဆိုရင် မသိသာပေမယ့် အရေအတွက်များတယ်ဆိုရင် GUI ကနေလုပ်တာထက် command line ကနေလုပ်တာက ပိုပြီးခရီးရောက်တယ်။

GUI ကနေဆိုရင် ကြည့်ချင်တဲ့ mac address or hostname နဲ့ filter လုပ်ပြီးတော့ အဲဒီ AP ကိုသွား ပြီးရင် inventory tab ကနေပီးတော့ ကြည့်နိုင်ပါတယ်။ command line ကနေဆိုရင်တော့ အောက်က command နဲ့ ကြည့်နိုင်ပါတယ်။

serial_no

show ap inventory hostname ဆိုတဲ့ command နဲ့ကြည့်နိုင်ပါတယ်။