DHCP Server on Cisco Router

DHCP

Cisco Router မှာ DHCP configuration ဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာကြည့်ရအောင်။

အဲဒါမလုပ်ခင် DHCP Protocal ဘယ်လိုအလုပ်လုပ်လဲ။

ပုံမှာပြထားတဲ့အတိုင်း PC မှာ IP Address assign လုပ်မထားဘဲ IP ကို DHCP Server ကနေ IP ရအောင် DHCP mode ထားလိုက်မယ်။ ပြီးရင် IP ကို DHCP Server ကနေ Request လုပ်မယ်။

ပထမဆုံး PC က DHCP Discover message ကို broadcast အနေနဲ့ပို့လိုက်မယ်။ ဘာလို့လဲဆိုတော့ PC မှာ IP မရှိဘူး ပြီးတော့ network ထဲမှာ DHCP Server ရှိလား ဆိုတာလဲ မသိတဲ့အတွက်ကြောင့်ပါ။

အဲဒီအချိန်မှာ DHCP Server ကနေ DHCP Offer message ကို ပြန်ပို့မယ်။ အဲဒီ message မှာ PC အတွက် IP Address ကိုပါ တစ်ခါထဲပါလာပါတယ်။

ပြီးတော့ PC ကနေ DHCP request message ကို DHCP Server ဆီကို ပြန်ပို့ပါတယ်။ DHCP server ကနေ ပို့လိုက်တဲ့ IP Address ကို သုံးလို့အဆင်ပြေမလားဆိုတဲ့ message ပါ။ ပြီးရင် DHCP server ကနေ Respond လုပ်ပါလိမ့်မယ်။

DHCP Server ကနေ DHCP ack message ကို ပြန်ပို့ပါလိမ့်မယ်။ ဆိုလိုတာကတော့ အရင်ပို့လိုက်တဲ့ IP ကို PC အနေနဲ့ သုံးလို့အဆင်ပြေပါတယ်ဆိုတဲ့ message ပါပဲ။

ကဲ DHCP Server ကို Configure လုပ်ရအောင်။

အောက်ကအတိုင်း DHCP Server Router မှာ Configure လုပ်လိုက်ပါမယ်။

DHCPServer(config)#int fa0/0
DHCPServer(config-if)#ip add 192.168.12.1 255.255.255.0
DHCPServer(config-if)#no shut
DHCPServer(config-if)#exit
DHCPServer(config)#
DHCPServer(config)#ip dhcp excluded-address 192.168.12.1
DHCPServer(config)#ip dhcp excluded-address 192.168.12.2
DHCPServer(config)#ip dhcp pool MYNET
DHCPServer(dhcp-config)#network 192.168.12.0 255.255.255.0
DHCPServer(dhcp-config)#default-router 192.168.12.1
DHCPServer(dhcp-config)#dns-server 192.168.12.2
DHCPServer(dhcp-config)#end
DHCPServer#

နောက်ပြီး PC လိုမျိုးလုပ်ထားတဲ့ Router မှာ အောက်ကအတိုင်း Configure လုပ်လိုက်ပါမယ်။

PC(config)#int fa0/0
PC(config-if)#no shut
PC(config-if)#ip address dhcp
PC(config-if)#end
PC#

အဲဒီအတိုင်း Configure လုပ်ပြီးတာနဲ့ အောက်ကအတိုင်း မြင်ရပါလိမ့်မယ်။

*Apr 17 14:32:01.463: %SYS-5-CONFIG_I: Configured from console by console
*Apr 17 14:32:02.463: %DHCP-6-ADDRESS_ASSIGN: Interface FastEthernet0/0 assigned DHCP address 192.168.12.3, mask 255.255.255.0, hostname PC

PC Router မှာ Verify လုပ်ကြည့်ရအောင်။

PC#sh ip int bri
Interface IP-Address OK? Method Status Protocol
FastEthernet0/0 192.168.12.3 YES DHCP up up
FastEthernet0/1 unassigned YES unset administratively down down
PC#

ထပ်ပြီး DHCP Router မှာ Verify လုပ်ကြည့်ရအောင်။

DHCPServer#sh ip dhcp binding
Bindings from all pools not associated with VRF:
IP address Client-ID/ Lease expiration Type
Hardware address/
User name
192.168.12.3 0063.6973.636f.2d63. Apr 18 2015 02:31 PM Automatic
6130.342e.3335.6463.
2e30.3030.382d.4661.
302f.30
DHCPServer#

ဒါတွေကတော့ Cisco Router မှာ DHCP Server Configuration လုပ်မယ်ဆိုရင် Configure လုပ်ရမယ့် အခြေခံအဆင့်တွေပါပဲ။ စမ်းကြည့်လိုက်ပါဦး။

Advertisements

Linx က ဖိုင်ထဲမှာ စာကြောင်းဘယ်လောက်ပါလဲ

Linux က ဖိုင်တစ်ခုထဲမှာ စာကြောင်းဘယ်လောက်ပါလဲ သိချင်ရင် အောက်ကကွန်မန်းနဲ့ စစ်ကြည့်လို့ရပါတယ်။

[root@localhost tmp]# wc -l linux.txt
73 linux.txt
[root@localhost tmp]#

ဒီမှာဆိုရင် linux.txt ဆိုတဲ့ဖိုင်ထဲမှာ ၇၃ ကြောင်းပါတယ်။ အဲဒီ ၇၃ ကြောင်းလုံးကို ဘယ်လိုဖျက်မလဲ။ အဲဒီဖိုင်ကို vi or vim နဲ့ဖွင့်လိုက်မယ်။ ပြီးရင် စာကြောင်းနံပါတ်တစ်မှာ cursor ထားပြီး 73dd လို့ရိုက်လိုက်ရင် အဲဒီ၇၃ကြောင်းလုံးကို ဖျက်သွားမယ်။

VMware player installation and solve on CentOS

Vmplayer ကို အင်စတောလုပ်ဖို့အတွက် installer file ကို http://www.vmware.com/products/player/playerpro-evaluation.html ကနေ ဒေါင်းလုပ်လုပ်ပါ။ ပြီးရင် အောက်က ပုံထဲက အတိုင်း ကွန်မန်းတွေကို ရိုက်ပေးပါ။

Screenshot

./VMware-Player-7.1.0-2496824.x86_64.bundle လို့ရိုက်ပြီးတာနဲ့ Windows OS မှာ အင်စတောလုပ်သလိုမျိုး windows တစ်ခုတက်လာတယ်။ ပြီးရင် Next ကို ကလစ်ပြီး အင်စတောလုပ်နိုင်ပါတယ်။

Screenshot-1

ဒါပေမယ့် အင်စတောလုပ်ပြီးလို့ ဖွင့်လိုက်ရော အောက်ကလိုမျိုးတက်လာတယ်။

လိုက်ရှာကြည့်လိုက်တော့ အဲဒီ Error က kernel-devel နဲ့ပက်သက်တယ်ဆိုတာ သွားတွေ့တယ်။ ဒါနဲ့အောက်က ကွန်မန်းလေးရိုက်ပြီး kernel-devel ကို အင်စတောလုပ်လိုက်တော့ အိုကေသွားတယ်။

[root@localhost tmp]# yum install kernel-devel

အင်စတောလုပ်ပြီးတာနဲ့ ပြန်ဖွင့်ကြည့်လိုက်တော့ အောက်ကလိုမျိုးပေါ်လာတယ်။

အဲဒါတွေကို စစ်ပြီးတော့ Vmware player ကို ပြန်ဖွင့်လို့ရသွားပါတယ်။