How to export/import save password from/to chrome

chrome မှာ သိမ်းထားတဲ့ password ေတွကို ဘယ်လို export လုပ်မလဲ ပြန်ပြီးတော့ import လုပ်လို့ရသလဲဆိုတာကိုဒီနေ့မအသုံးလိုလို့လိုက်ရှာကြည့်လိုက်တာ။

chrome://settings/ ကို သွား။ ပီးတော့ password and forms အောက်က manage passwords ကို ဆက်သွား။ ပြီးရင် save passwords နောက်နားလေးမှာရှိတဲ့ အစက်ကလေး ၃ စက်ကို နှိပ်၊ ပီးရင် export passwords ကနေ သွားလိုက်ရင် csv format နဲ့ ဖိုင်တစ်ခုရလာလိမ့်မယ်။

နောက်ပီးတော့ restore လုပ်မယ့်စက်မှာ chrome ကို ဖွင့်ပီးတော့ address bar မှာ အောက်ကအတိုင်းရိုက်ပီး သွားလိုက်ပီး password import လို့ရိုက်ရှာလိုက်။

chrome://flags/#PasswordExport

တွေ့ဘီဆိုရင် Default ကနေ Enable ကို ပြောင်းလိုက်။ အဲလိုပြောင်းလိုက်တာနဲ့ RELAUNCH NOW ဆိုပြီးပေါ်လာမယ်။ အဲဒါကို နှိပ်လိုက်။ ပီးရင် အောက်ကအတိုင်းရိုက်ပီး သွားလိုက်။

chrome://settings/passwords

save passwords နောက်နားလေးက အစက်ကလေး ၃ စက်ကို နှိပ်လိုက်ရင် import ဆိုတာပေါ်လာမယ်။ အဲဒီကနေတဆင့် သိမ်းထားတဲ့ဖိုင်ကနေ save ထားတဲ့ passwords အားလုံးကို restore ပြန်လုပ်သွားပါလိမ့်မယ်။

 

Advertisements

How to compare two files with Notepad ++ ?

ဒီနေ့ ဖိုင် ၂ ခု ကို မတူတာ ဘာရှိလဲ စစ်စရာရှိတဲ့အတွက် ဘာနဲ့စစ်လို့ရမလဲ လိုက်ရှာကြည့်မိတယ်။ အရင်တုန်းကတော့ ဆော့ဝဲတစ်ခုသုံးပြီး စစ်ကြည့်ဖူးတယ်။ နာမည်ကို စဉ်းစားလို့မရတော့ဘူး။ လိုက်ရှိကြည့်လိုက်တော့ notepad ++ နဲ့လဲ စစ်လို့ရတယ်ဆိုတာ သိလိုက်ရတယ်။ အဲလိုစစ်လို့ရအောင် နည်းနည်းတော့ ပြင်ပေးဖို့လိုတယ်။

64 bits နဲ့ဆိုရင် အဆင်မပြေဘူး။ 32 bits မှာပဲ အလုပ်လုပ်တယ်။ ဒေါင်းလုပ်လုပ်တဲ့နေရာမှာ တစ်ခုပဲရှိတယ်။ 32 လား 64 လား ပြောမထားဘူး။ အဲဒီဖိုင်ကို 64 bits နဲ့ အင်စတောလုပ်ထားတဲ့စက်မှာ ထည့်ကြည့်တော့ 32 bits ဖိုင်က support မလုပ်ဖူးပဲပြောတယ်။

အရင်ဆုံး 32 bits installer ကို အင်စတောလုပ်၊ ပြီးရင် pluging ကို ဒေါင်းလုပ်လုပ်၊ ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်ကို extract လုပ်ပြီးတော့ C:\Program Files (x86)\Notepad++\plugins ဖိုဒါအောက်မှာ ထားလိုက်ပြီးတော့ notepad ++ ကို ပိတ်ပြီးပြန်ဖွင့်လိုက်ရင် plugins menu အောက်မှာ compare ဆိုတာလေးကို တွေ့ရပါမယ်။ အဲဒါပြီးရင် compare လုပ်ချင်တဲ့ ဖိုင် ၂ ခုကို ဖွင့်ပြီးတော့ Plugins >> Compare >> Compare ကို ကလစ်လိုက်ရင် မတူတာတွေကို အရောင်လေးတွေနဲ့ ပြပါလိမ့်မယ်။

Disable/Enable the NIC via cmd

ဒီတစ်ရက်နှစ်ရက်အတွင်းဘာဖြစ်တယ်မသိဘူး။ ကွန်ပျူတာက wireless network ကနေ  disconnect ဖြစ်ဖြစ်သွားတယ်။ ပြန်ပြီးချိတ်တာလဲမရဘူး။ disable/enable လုပ်တဲ့ ကီးကို နှိပ်လဲမရဘူး။ network connections ကို သွားသွားပြီးတော့ wireless NIC ကို disable / enable ပြန်ပြန်လုပ်ပေးရတယ်။ အဲလိုလုပ်ဖို့က wireless icon ကို နှိပ် ပြီးရင် network setting ကို သွား၊ ပြီးရင် Related settings အောက်က change adapter options ကို နှိပ်၊ ပြီးမ network connections ကနေပီးတော့ wireless NIC ကို right click လုပ်ပြီး disable / enable လုပ်ရတယ်။ အဆင့်တွေအရမ်းများတယ်။ အဆင့်တွေအများကြီးလုပ်ရမှာ ပျင်းတာနဲ့ command ကနေ လုပ်လို့ရလား လိုက်ရှာကြည့်တော့ အဆင်ပြေသွားတယ်။ အရင်ဆုံး command ကို run as administrator နဲ့ ဖွင့်ပြီးတော့ အောက်က ကွန်မန်းနဲ့ wireless NIC ကို disable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=disabled

ကျွန်တော့် wireless NIC ကို Wireless လို့ နာမည်ပြောင်းထားလို့ အဲလိုရိုက်ရတာပါ။ ဒီနေရာမှာ ကိုယ့်ကွန်ပျူတာရဲ့ wireless NIC နာမည်ပေါ်လိုက်ပြီး ပြောင်းရေးဖို့လိုပါတယ်။ ပြန်ပြီးတော့ enable လုပ်ချင်ရင် အောက်က ကွန်မန်းနဲ့ ပြန်ပြီး enable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=enabled