unable to create generic ethernet nio

ဒီနေ့လုပ်စရာရှိလို့ GNS3 ကို ဖွင့်ပြီးတော့ cloud ကိုယူ၊ ပြီးရင် အဲဒီမှာ Vmnet2 ကို ထည့်ပြီး switch နဲ့ချိတ်တော့ unable to create generic ethernet NIO ဆိုပြီးတော့ပဲ error ပြနေတယ်။ ဘယ်လိုမ ချိတ်လို့မရဘူး။

လိုက်ရှာကြည့်တော့ ncpa.cpl ကို သွားပီး vmnet2 ကို disable/enable လုပ်ကြည့်ဖို့ပြောတယ်။ လုပ်ကြည့်တော့လဲ မရသေးဘူး။ အဲဒါနဲ့ စက်ကို reboot လုပ်ပြီးစမ်းကြည့်လိုက်တော့မပဲ အဆင်ပြေသွားတယ်။

now_ok

 

iOS10 on iPhone 5s

iPhone 5s ကိုလဲ iOS10 update ပေးမယ်ဆိုလို့ စိတ်လှုပ်ရှားနေတာ။ ကြေငြာထားတာကတော့ စက်တင်ဘာ ၁၃ ရက်နေ့ဆိုတော့ ညတုန်းကလဲ မအိပ်သေးဘဲ update လုပ်ကြည့်နေတာ။ နောက်မ ပြန်စဉ်းစားကြည့်မိတော့ timezone က US ကအတိုင်းဖြစ်မယ်။ ညကျမပဲ ဆက်ပြီးလုပ်ကြည့်လိုက်ဦးမယ်။

တင်ပြီးတာနဲ့ စမ်းကြည့်ရမှာက ဇော်ဂျီကို support လုပ်သေးလား မလုပ်တော့ဘူးလားဆိုတာပဲ။ မလုပ်တော့ဘူးဆိုရင်တော့ ဟီးဟီးဟီး ဘယ်လိုပြောရမလဲ….

Desktop Clone

ပြီးခဲ့တဲ့လတုန်းက စမ်းချင်ရာစမ်းဖို့ Desktop Clone ဝယ်မယ်ဆိုပြီး စျေးစုံစမ်းကြည့်တော့ မျက်လုံးတောင်ပြူးသွားတယ်။ ကိုလိုချင်တာကလဲများနေတာကိုး။ စစဉ်းစားတုန်းကတော့ အဟောင်းလေးပဲ ဝယ်မယ်ဆိုပြီး လိုက်ရှာကြည့်တယ်။ အဟောင်းကလဲ ဟိုဟာထည့်ဒီဟာထည့်ထည့်လိုက်တော့ စျေးက တအားများသွားတယ်။ သူငယ်ချင်းနဲ့တိုင်ပင်ကြည့်တော့လဲ နောက်ဆုံးပေါ် skylake processor နဲ့ ဆင်ပါလားလို့ အကြံပေးတယ်။ ဆေးထိုးလိုက်တာလားတော့မသိဘူး 😀 အောက်ကအတိုင်းဝယ်မယ်ဆိုပြီး ကြည့်လိုက်တော့ စလုံးဒေါ်လာ ၁၆၀၀ ကနေ ၁၇၀၀ လောက်ထိရောက်သွားတယ်။

Motherboard + Processor i7 3.4 Ghz Asus Z170-K
Memory 16GB x 2 Corsair LPX DDR4 3200Mhz Dual Channel
Graphic ASUS GT710
HDD Sandisk M.2 SSD 256GB
HDD Seagate Barracuda 7200rpm/5900* 2TB
Monitor S24D300H Wide Angle HDMI – Samsung
Casing VIOS S607 Slim M-ATX With 450W Red/blu/blk/silver

လိုချင်တာတွေသိပ်များများသွားလားမသိဘူးနော်… ဟီးဟီး
ဒီပို့လေးကို လာကြည့်မိလို့ အကြံပေးချင်တာရှိခဲ့ရင် ကွန်မန့်မှာ ရေးပေးသွားပါဦး။

Documents of SCN at SP

Singapore Polytechnic မှာ Specialist Diploma in Computer Networking တက်ခဲ့တုန်းက သင်ခဲ့ရသော Course ၄ ခုမှ Documents တွေကို http://www.myanmarengineer.org (MEF) မှာ ပြန်ရှယ်ရင်း ဒီမှာလဲ ရှယ်လိုက်ပါတယ်။ လင့်တွေထပ်နေရင်လဲ ပြန်ပြောကြပါဦး။
Semester 1 Computer Communication

Lab:

https://db.tt/AqRCEkif

https://db.tt/tdzIbvFI

https://db.tt/a7Qpy0b2

https://db.tt/MTkJ1lYH

https://db.tt/XjtvdekX

https://db.tt/Ceo8HeUU

https://db.tt/LPYxoRa4

https://db.tt/SvCKIphN

https://db.tt/qUWwHHk5

https://db.tt/D62tIOJ6

Lectures:

https://db.tt/iqmRvIWE

https://db.tt/IjBziORR

https://db.tt/BLy2dntf

https://db.tt/hd4PZErI

https://db.tt/pcWlmb8r

https://db.tt/K7bIH4mL

https://db.tt/In3S1PFA

https://db.tt/YJKkVWLd

https://db.tt/PNEjXxt0

https://db.tt/p7xJEZaC

https://db.tt/0btsONVo

https://db.tt/ZqVMBSzq

https://db.tt/O3Dkv101

https://db.tt/r02lFrKI

Semester 1: Network Server Management

Lab:

https://db.tt/FSjCdWco

https://db.tt/0U5QkBYw

https://db.tt/riM1s79U

https://db.tt/sYo7U3gh

https://db.tt/9aoduDSr

https://db.tt/2E2xUlbH

https://db.tt/8GQHWsFt

Lectures:

https://db.tt/s2m75Cqk

https://db.tt/xPyVp7DL

https://db.tt/6wSNDgTT

https://db.tt/EmM2us01

https://db.tt/w848iCUd

https://db.tt/LfQqFzXM

https://db.tt/7gTbNtlL

https://db.tt/gtl4jKxX

https://db.tt/gKbK3SZa

https://db.tt/wwKOedkX

https://db.tt/B5t2jj3h

Semester 2 Computer Networking

Lectures:

https://db.tt/YaMlCWCn

https://db.tt/PvxRt8Rm

https://db.tt/M41F3n3W

https://db.tt/z8x7JAAR

https://db.tt/hXYHuW0k

https://db.tt/oV2u7ouv

https://db.tt/eG30LCsF

https://db.tt/8orYwmj8

https://db.tt/nFQQU4rv

https://db.tt/Dw9pXbfp

https://db.tt/YSGLYO0V

https://db.tt/8LQ5hrJ3

https://db.tt/HfWtTkI1

Labs:

https://db.tt/Br4NFagv

https://db.tt/aWACFBrI

https://db.tt/LGarfpRN

https://db.tt/47gN5YMo

https://db.tt/lcxSa3bV

https://db.tt/8O9REzT2

https://db.tt/M63ljGYM

https://db.tt/GniNIfW2

Semester 2 Internetworking

Lectures:

https://db.tt/mJHXgkrW

https://db.tt/71rWWXvI

https://db.tt/z1sKoqQM

https://db.tt/qtXWNw5W

https://db.tt/2BrKepQi

https://db.tt/tDeZHqBO

https://db.tt/uhAWTqkR

https://db.tt/i6wfIJr9

https://db.tt/Ct5RKBgR

https://db.tt/OLYbUbGk

https://db.tt/JCrlCtYD

https://db.tt/MyNofNQi

Labs:

https://db.tt/pYyicYc1

https://db.tt/UbDMpvLu

https://db.tt/nI5hPfSW

https://db.tt/JJm31qht

https://db.tt/x8NKnU5U

https://db.tt/2M7hMxky

https://db.tt/HYykHMcH

https://db.tt/1CYPu8Qz

ကံကောင်းခြင်းများနဲ့ ၂၀၁၅

လက်ရှိအလုပ်မှာလုပ်နေတာ ၂ နှစ်ပြည့်ခါနီးပြီ။ အဲဒီ ၂ နှစ်အတွင်း အလုပ်ပြောင်းဖို့ ဘာတစ်ခုမ မလုပ်ခဲ့ဘူး။ ကံကောင်းချင်တော့ ဒီရက်ပိုင်းမှာ main contractor အတွက် လက်ရှိလုပ်နေတဲ့ Project က အစ်ကိုတစ်ယောက်က သူတို့ဆီမှာ လူခေါ်နေတယ်ပြောတာနဲ့ စမ်းလျောက်ကြည့်လိုက်တယ်။ အဲဒီကလဲ အင်တာဗျူးခေါ်ပြီး အလုပ်ခန့်တော့မယ့်အထိဖြစ်သွားတယ်။ စင်ကာပူက ISP တစ်ခုပါ။ အဲဒီကို အင်တာဗျူးသွားပြီး နောက်ရက်မှာ သူငယ်ချင်းတစ်ယောက်က MNC မှာ walk in အင်တာဗျူးကို စနေနေ့မှာ ခေါ်မယ် သွားကြည့်ပါလားလို့တိုက်တွန်းလို့ အဲဒီကိုလဲ သွားဖြစ်လိုက်တယ်။ အဲဒီအလုပ်ကတော့ ကိုယ်တိုင်လဲ လုပ်ချင်တဲ့အလုပ်တစ်ခုပါ။ အဲဒီအလုပ်ကလဲ နောက်ရက်မှာ အလုပ်ခန့်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပို့ပေးပါဆိုပြီး ဖုန်းဆက်လာတယ်။

ရပိုင်ခွင့်နဲ့ လစာကို ယှဉ်ကြည့်လိုက်ရင် ISP ကပေးမယ့်ရပိုင်ခွင့်နဲ့ လစာက MNC ထက်အများကြီးသာတယ်။ MNC က အလုပ်ကတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ဝါသနာပါတဲ့အလုပ်။ ဒါပေမယ့် နောက်ဆုံး MNC က အလုပ်ကိုပဲရွေးလိုက်တယ်။ ဘာလို့လဲဆိုတော့ MNC က အလုပ်က တစိုက်မတ်မတ်လေ့လာလာတဲ့ Network Engineer အလုပ်

ကျန်တဲ့အလုပ်ကတော့ System+Network နည်းနည်း +Video Product management အစုံလုပ်ရမယ်။ အရင်ကတည်းက Networking ကိုသာအခုလိုမလေ့လာဖြစ်ခဲ့ဘူးဆိုရင် ISP က အလုပ်ကိုပဲရွေးဖြစ်မယ်။

အခုဆိုရင် ကိုယ်လုပ်ချင်တဲ့အလုပ်လဲရပြီ။ အဲဒီတော့ Networking ကို အရင်ကထက် ပိုပြီးလေ့လာမယ်။ ပြီးရင် ဒီဘလော့လေးမှာ ကျွန်တော်သိသလောက် ပြန်ပြီး နုတ်လေးတွေရေးပြီးတင်သွားပါမယ်။ သိပ်မဝေးတော့တဲ့ကာလ တစ်ခုမှာ နောက်ထပ်ရတနာလေးတစ်ပါးလဲ ထပ်တိုးလာတော့မယ်။ အဲဒီအသိတွေနဲ့အခုထပ်ပိုပြီး ကိုယ့်ဘာသာကိုယ် မောင်းနှင်ပြီးတော့လေ့လာမယ်။ ပြီးရင် သိတာလေးတွေ မျှဝေသွားပါမယ်။

၂၀၁၅ ကတော့ ကျွန်တော့်အတွက် ကံကောင်းခြင်းတွေယူဆောင်လာပါပြီ။ ကျွန်တော့်လိုပဲ မြန်မာပြည်သူအပေါင်းလဲ ကံကောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။