Firmware upgrade on IR809 Router

တလောတုန်းက အလုပ်အတွက် IR809 router ကို firmware upgrade လုပ်ပေးရတယ်။ ဒါပေမယ့် ရုံးမှာပဲ အေးအေးဆေးဆေးလုပ်ရတာမဟုတ်ဘဲ site ထဲက နေပူပူထဲမှာလုပ်ရတာဆိုတော့ error ကိုတောင် သေချာမဖတ်ဖြစ်တော့ဘဲ upgrade ပဲ ထပ်တလဲလဲ လုပ်မိတယ်။ နောက်ဆုံးမရဘူးဆိုပီး ရုံးကို ပြန်ဖြုတ်လာခဲ့တယ်။ error ကတော့ အောက်က error ပဲ။

%Error copy from scp://*:*@127.1.3.1//vds_system/bundle/ir800-hv.srp.SPA.2.6.23 to bootstrap:ir800-hv.srp.SPA.2.6.23

Make sure SSH source interface is not configured.
Failed to install hypervisor image!

တကယ်တော့ အဲဒါက configuration ထဲမှာ ssh source interface ကို configure လုပ်ထားလို့ပဲ။ အဲဒါကို ဖြုတ်ထားပီးတော့ ပြန်ပြီး upgrade လုပ်လိုက်တာ အဆင်ပြေသွားတယ်။

upgrade လုပ်တဲ့ command ကတော့ အောက်ကအတိုင်းပါပဲ။

router#bundle install flash:(.bin file)

 

 

Virtual Port-channel (vPC)

Data Center Nexus switch မှာ vPC(Virtual Port Channel) ဘယ်လို configuration လုပ်လဲဆိုတာလေးပါ။

vPC က IOS မှာဆိုရင် etherchannel လိုမျိုးပဲ..

VPC

ဒီမှာဆိုရင် အပေါ်က switch က nexus 5k. အောက်က switch တွေက nexus 2k

vPC လုပ်ဖို့ဆိုရင် vPC Peer, vPC peer keepalive link, vPC peer link, vPC domain စတာတွေလိုပါတယ်။ vPC peer ဆိုတာကတော့ vPC Domain လုပ်မယ့် nexus5k switch  ၂ လုံး

vPC peer keepalive link ကတော့ layer 3 link ပါ၊ အဲဒီလင့်က management IP ဒါမမဟုတ် တခြား layber 3 link ကို သုံးနိင်ပါတယ်။

vPC peer link ကတော့ layer 2 links ပါ၊ theory အရတော့ 10G link ၂ လင့် သုံးရပါတယ်၊

ပီးရင် သုံးချင်တဲ့ feature ကို enable လုပ်ပေးရပါတယ်။

feature lacp

feature vpc

ဆိုပါစို့ nexus5k ကြားကလင့်ကိုတော့ ethernet 1/1 and 1/2 လို့ ထားလိုက်မယ်။ ပုံဆွဲတုန်းက ကျန်သွားလို့ 🙂

စပြီးတော့ configure လုပ်ကြည့်ရအောင်။

n5k1(config)#vpc domain 1

n5k1(config-vpc-domain)#peer-keepalive destination 192.168.1.10 source 192.168.1.11  vrf management

တခြားဘက်မှာလဲ အဲလိုမျိုး configure လုပ်ပေးရမယ်။ destination နဲ့ source ကတော့ ပြောင်းပေးရမှာပေ့ါ.

n5k1(config)#int ethernet 1/1-2

n5k1(config-if-range)#switchport mode trunk

n5k1(config-if-range)#channel-group 10 mode active

n5k1(config-if-range)#no shut

n5k1(config-if-range)#int po10

n5k1(config-if)#vpc peer-link

vpc10 အတွက်လင့်ကိုတော့ ethernet 1/3 လို့ သက်မှတ်ထားလိုက်မယ်။ ပုံဆွဲတုန်းက ကျန်သွားလို့ 🙂

n5k1(config)# int ethernet 1/3

n5k1(config-if)#switchport trunk

n5k1(config-if)#channel-group 10 mode active

n5k1(config-if)#no shut

n5k1(config-if)#int po10

n5k1(config-if)#vpc 10

တခြားဘက်မှာလဲ အဲလို configure လုပ်လိုက်ရင် ရပါဘီ။

verification လုပ်နိုင်တဲ့ commands တွေကတော့

show vpc

show port-channel summary

show run int po10

show int ethernet 1/1-2 brief

တကယ်လို့ အပေါ်နားက switches က Nexus 7K ဖြစ်ပြီးတော့ အောက်နားက switches တွေက nexus 5K switches တွေဆိုရင် အပေါ် က switches မှာရော အောက်နားက  switches တွေမှာပါ vpc domain configure လုပ်ပြီး switches အချင်းချင်းချိတ်ထားတဲ့လင့်တွေကို trunk လုပ်ပြီး channel-group လုပ်ပေးဖို့လိုပါလိမ့်မယ်။

နောက်မပဲထပ်ပြီးတော့ Data Center နဲ့ ပက်သက်တာတွေထပ်ရေးပါဦးမယ်။ အမှားပါခဲ့ရင်လဲ ကျွန်တော့်ရဲ့ လေ့လာမှုအားနည်းချက်ဖြစ်ပြီး ဘာတွေမှားနေလဲ ဆိုတာကို ပြောပြပေးကြပါဦး။

 

 

 

 

 

ovftool.exe – Entry Point Not Found

ဒီနေ့ vmware ပေါ်မှာ eve emulator စမ်းကြည့်မယ်ဆိုပြီးတော့ http://www.eve-ng.net/ ကနေ ova ဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး open virtual machine ကနေတဆင့် import လုပ်ကြည့်လိုက်တာ အောက်ကလိုမျိုး error ပေါ်လာတာပဲ။

ovftool

OK ကို ကလစ်လိုက်တော့ အောက်ကလိုမျိုးထပ်တွေ့ရတာပဲ။

ovftool_2

လိုက်ရှာကြည့်လိုက်တော့  ဖြေရှင်းနည်းကို တွေ့သွားတယ်။ ovf tool 4.0 64 bit ကို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်လိုက်တယ်။ ပြီးတော့ C:\Program Files\VMware အောက်ကနေ VMware OVF Tool ဖိုဒါကို copy လုပ်ပြီး C:\Program Files (x86)\VMware\VMware Workstation အောက်က OVFTool ကို OVFTool_old လို့ နာမည်ပြောင်းပြီး စောစောက ကူးထားတဲ့ ဖိုဒါကို OVFTool လို့နာမည်ပေးလိုက်ပြီး C:\Program Files (x86)\VMware\VMware Workstation မှာ paste လုပ်လိုက်တယ်။ အဲဒါလုပ်ပြီးတာနဲ့ ပြန်ဖွင့်ကြည့်လိုက်တော့ အဆင်ပြေသွားတယ်။

Power Stack

အရင်က ဒီနေရာမှာ Switch Stacking အကြောင်းရေးထားဖူးတယ်။ ဒီတစ်ခါတော့ power stacking အကြောင်းပေါ့။ အရင်တုန်းက ထင်ထားတာ data stacking လိုပဲ switch 9 လုံးအထိ အဆင်ပြေတယ်လိုပဲ။ ဒါပေမယ့် solar wind ကနေ ကြည့်လိုက်တော့ တချို့ power port တွေက အလုပ်မလုပ်ဖူးလို့ ပြနေတယ်။ အဲဒါနဲ့ လိုက်ရှာကြည့်လိုက်တော့ cisco က power stack ကို switch ၄ လုံးအထိပဲ support လုပ်တယ်လို့ တွေ့ရော။ အဲဒါနဲ့ switch ၄ လုံးထက်ပိုတဲ့ stack ဆိုရင် power အတွက် ‌switch ၄ လုံးကို power stack တစ်ခု နောက်ထပ် switch တွေကို နောက်ထပ် power stack တစ်ခု ထပ်ခွဲရတယ်။ တကယ်လို့ တချို့ port တွေက shutdown ဖြစ်နေရင် အောက်က ကွန်မန်းလေးနဲ့ unshut ပြန်လုပ်လို့ရတယ်။

stack-power switch x port 1 enable

stack-power switch x port 2 enable

x ဆိုတာကတော့ switch number

#show stack-power neighbors
Power Stack Stack Stack Total Rsvd Alloc Unused Num Num
Name Mode Topolgy Pwr(W) Pwr(W) Pwr(W) Pwr(W) SW PS
——————– —— ——- —— —— —— —— — —
Powerstack-11 SP-PS Ring 2800 1680 1120 0 4 8
Powerstack-15 SP-PS Ring 2100 1260 840 0 3 6

Power Stack Port 1 Port 1 Port 2 Port 2
SW Name Status Neighbor SW:MAC Status Neighbor SW:MAC
— ——————– —— —————- —— —————-
1 Powerstack-11 Conn 2:2852.xxx2.xxx2 Conn 4:2852.xxx1.xxx1
2 Powerstack-11 Conn 3:2c0b.xxx3.xxx3 Conn 1:2852.xxx4.xxx4
3 Powerstack-11 Conn 4:2852.xxx1.xxx1 Conn 2:2852.xxx2.xxx2
4 Powerstack-11 Conn 1:2852.xxx4.xxx4 Conn 3:2c0b.xxx3.xxx3
5 Powerstack-15 Conn 6:2852.xxx5.xxx5 Conn 7:2852.xxx6.xxx6
6 Powerstack-15 Conn 7:2852.xxx6.xxx6 Conn 5:2852.xxx7.xxx7
7 Powerstack-15 Conn 5:2852.xxx7.xxx7 Conn 6:2852.xxx5.xxx5

ဒီနေရာမှာ xxx ဆိုတာကတော့ မူရင်း mac address တွေကို ပြင်ထားတာပါ။

 

Disable/Enable the NIC via cmd

ဒီတစ်ရက်နှစ်ရက်အတွင်းဘာဖြစ်တယ်မသိဘူး။ ကွန်ပျူတာက wireless network ကနေ  disconnect ဖြစ်ဖြစ်သွားတယ်။ ပြန်ပြီးချိတ်တာလဲမရဘူး။ disable/enable လုပ်တဲ့ ကီးကို နှိပ်လဲမရဘူး။ network connections ကို သွားသွားပြီးတော့ wireless NIC ကို disable / enable ပြန်ပြန်လုပ်ပေးရတယ်။ အဲလိုလုပ်ဖို့က wireless icon ကို နှိပ် ပြီးရင် network setting ကို သွား၊ ပြီးရင် Related settings အောက်က change adapter options ကို နှိပ်၊ ပြီးမ network connections ကနေပီးတော့ wireless NIC ကို right click လုပ်ပြီး disable / enable လုပ်ရတယ်။ အဆင့်တွေအရမ်းများတယ်။ အဆင့်တွေအများကြီးလုပ်ရမှာ ပျင်းတာနဲ့ command ကနေ လုပ်လို့ရလား လိုက်ရှာကြည့်တော့ အဆင်ပြေသွားတယ်။ အရင်ဆုံး command ကို run as administrator နဲ့ ဖွင့်ပြီးတော့ အောက်က ကွန်မန်းနဲ့ wireless NIC ကို disable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=disabled

ကျွန်တော့် wireless NIC ကို Wireless လို့ နာမည်ပြောင်းထားလို့ အဲလိုရိုက်ရတာပါ။ ဒီနေရာမှာ ကိုယ့်ကွန်ပျူတာရဲ့ wireless NIC နာမည်ပေါ်လိုက်ပြီး ပြောင်းရေးဖို့လိုပါတယ်။ ပြန်ပြီးတော့ enable လုပ်ချင်ရင် အောက်က ကွန်မန်းနဲ့ ပြန်ပြီး enable လုပ်နိုင်ပါတယ်။

netsh interface set interface name=”Wireless” admin=enabled