Boot from rescue mode

တစ်နေ့က ကလိလွန်ပြီးတော့ ~/.bashrc ဖိုင်မှာ အောက်က ကွန်မန်းတွေကို ထည့်မိတယ်။

start on control-alt-delete
exec /sbin/shutdown -h now “Control-Alt-Delete pressed”

အဲဒါပြီးတာနဲ့ login လုပ်ပြီးရင် ပြန်ပြန်ထွက်သွားတယ်။
ဘယ်လိုလုပ်ရမလဲ လိုက်ရှာကြည့်လိုက်တော့ အောက်မှာ ပြောတဲ့အတိုင်း လိုက်လုပ်လိုက်တာ ပြန်အဆင်ပြေသွားတယ်။
စက်ထဲကို centos6.5 Boot DVD  ထည့်ပြီး CD ကနေ boot တက်။ ပြီးတော့ rescue installed system ကနေ တက်လိုက်တယ်။

Rescue installed system

ပြီးရင် Language and Keyboard ကို ရွေးလိုက်တယ်။

setup network

Setup Networking ကို No ရွေးလိုက်တယ်။

mount place

ဒီမှာဆိုရင် install လုပ်ထားတဲ့ Linux ကို ရှာပြီး /mnt/sysimage အောက်မှာ mount လုပ်မယ်လို့ မက်စေ့ပေါ်လာတယ်။ Continue ကို ရွေးလိုက်ပါတယ်။

mount status

Mount လုပ်ပြီးကြောင်း မက်စေ့ပေါ်လာတယ်။

shell

ပြီးရင် shell ကို start  လုပ်လိုက်ပါမယ်။

commands

ပြီးတော့ chroot /mnt/sysimage ကွန်မန်းကို ရိုက်လိုက်ပါတယ်။
ပြီးတော့ .bashrc ကို edit လုပ်ပြီး လိုအပ်တာတွေကို ပြင်ပြီး restart လုပ်လိုက်တာ ပြန်ပြီး အဆင်ပြေသွားပါတယ်။

Advertisements

Upgrade to SSD disk

တစ်နေ့တုန်းက SSD Disk တစ်ခုဝယ်ဖြစ်လိုက်တယ်။ SSD Disk နဲ့အတူ Data Migration ဆော့ဝဲတစ်ခုပါလာတယ်။ အဲဒီဆော့ဝဲကို သုံးပြီးတော့ HDD အဟောင်းကနေ အသစ်ဆီကို Cloning လုပ်ကြည့်လိုက်တော့ အောက်က Error ကို တွေ့ရတော့တာပဲ။
 
Disk Cloning Error
အဲဒါနဲ့ အင်တာနက်မှာ လိုက်ရှာကြည့်တော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းပေါင်းစုံကို တွေ့ရတော့တာပဲ။
ဒါပေမယ့် အောက်ကနည်းလမ်းနဲ့ အဆင်ပြေသွားပါတယ်။
၁။ HDD အဟောင်းက partitions အားလုံးကို disk cleaning လုပ်ပါ။
၂။ ပြီးရင် အဲဒီ Partitions တွေအားလုံးကို Defragment လုပ်ပါ။
၃။ Antivirus software ရှိရင် ခဏပိတ်ထားပါ။
၄။ အင်တာနက်ကိုလဲ ပိတ်ထားပါ။
၅။ Firewall ကိုလဲ ပိတ်ထားပါ။

 

ပြီးရင် Disk Cloning ပြန်လုပ်ကြည့်လိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

How to Backup Cisco VPN Client Profile?

အလုပ်ထဲမှာ Cisco VPN Client ဆော့ဝဲလေးကို သုံးရတယ်။ ဘာအတွက်လဲဆိုရင်တော့
customer site တွေကို ရုံးကနေ management/maintenance လုပ်ချင်ရင် customer site ကို VPN နဲ့ ချိတ်ပြီးတော့ Remote Login လုပ်ချင်တဲ့အခါမှာ သုံးတယ်။ ဘာသတိထားမိလဲဆိုရင် အဲဒီဆော့ဝဲမှာ profile တွေကို import အတွက်ပဲပါတယ်။ export အတွက်မပါဘူး။ အဲဒီတော့ လက်ရှိ vpn client ထဲမှာရှိတဲ့ profile တွေကို backup လုပ်ချင်ရင် ဘယ်လိုလုပ်ရလဲဆိုတာကို မသိဘူး။

Cisco VPN Client Interface
စဉ်းစားကြည့်လိုက်တော့ import ရရင် export လဲ ရရမယ်ဆိုပြီး လိုက်ရှာလိုက်တော့ ဘယ်လိုလုပ်ရလဲဆိုတာကို တွေ့သွားတယ်။ ပထမဆုံး import ကို ကလစ်လိုက်တော့ import လုပ်လို့ရမယ့် file extension က .pcf လို့တွေ့ရတယ်။

Profile extension
အဲဒါနဲ့ အဲဒီဆော့ဝဲ အင်စတောလုပ်ထားတဲ့နေရာကို လိုက်ရှာကြည့်လိုက်တော့ .pcf extension ဖိုင်တွေကို အောက်ကနေရာမှာ တွေ့တယ်။

C:\Program Files (x86)\Cisco Systems\VPN Client\Profiles


ကျွန်တော့်ကွန်ပျူတာက 64 bits OS ပါ။ အဲဒီအပေါ်မူတည်ပြီးနေရာ ကွာနိုင်ပါတယ်။ အဲဒီအောက်မှာရှိတဲ့ .pcf file တွေကို backup လုပ်ပြီး တစ်ခြားကွန်ပျူတာမှာ စမ်းကြည့်လိုက်တော့ အားလုံး အလုပ်လုပ်တာကို တွေ့ရပါတယ်။