How to create vlan on Server 2012 via Powershell?

အလုပ်ရဲ့ လိုအပ်ချက်အရ Windows Server 2012 ရဲ့ Teaming လုပ်ထားတဲ့ Interface အောက်မှာ VLAN ဘယ်လိုထည့်မလဲ ဆိုတာကို လိုက်ရှာရင်း လုပ်ဖြစ်တဲ့ အတွေ့အကြုံလေးပါ။ အောက်က ကွန်မန်းတွေကို PowerShell မှာ ရိုက်ထည့်လိုက်ပါ။

Add-NetlbfoTeamNic -Team “team” -vlanID 100 -Name “IT”


အဲဒီကွန်မန်းမှာဆိုရင် “team” က Server မှာ Teaming လုပ်ထားတဲ့ Interface ရဲ့ နာမည်ပါ။
100 ကတော့ VLAN နံပါတ်ပါ။ “IT” ကတော့ VLAN 100 ကို နာမည်ပေးလိုက်တာပါ။ အဲဒီကွန်မန်းရိုက်ပြီးရင်တော့ Confirmation တောင်းပါတယ်။ အိုကေတယ်ဆိုရင် Enter ဆက်ရိုက်လိုက်ရင် “IT” ဆိုတဲ့  Interface တစ်ခု ထပ်တိုးလာပါလိမ့်မယ်။

Advertisements