Cisco Switch မှာ username and password ဘယ်လိုပေးမလဲ

ပုံမှန်ဆိုရင် cisco switch/router တွေမှာ telnet, console connection နဲ့ ဝင်လိုက်ရင် password တောင်းတယ်။ အဲလိုမဟုတ်ဘဲ telnet, console connection နဲ့ဝင်လိုက်တာနဲ့ ကြိုတင် assign လုပ်ထားတဲ့ username and password သုံးလို့ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာလေး စမ်းဖြစ်ပါတယ်။
username&pass_1
ပုံမှာဆိုရင် switch ရဲ့ fa0/1 နဲ့ ကွန်ပျူတာရဲ့ fa0 ကို ehternet ကေဘယ်သုံးပြီးချိတ်ထားတယ်။ ပြီးရင် နောက်ထပ် ကွန်ပျူတာတစ်လုံးကို console cable နဲ့ ချိတ်ထားပါတယ်။ အဲဒီကွန်ပျူတာမှာတော့ IP ထည့်မထားပါဘူး။

ပြီးရင် ကွန်ပျူတာမှာ 192.168.1.1/24 IP Address ကို ပေးလိုက်တယ်။ ပြီးရင် switch မှာ VLAN1 ကို 192.168.1.2/24 IP Address ကို ပေးလိုက်တယ်။
ပြီးရင် switch မှာ အောက်က ကွန်မန်းတွေကို ရိုက်ပေးလိုက်ပါမယ်။

Switch(config)#username cisco secret cisco
Switch(config)#line vty 0 4
Switch(config-line)#login local
Switch(config-line)#exit
Switch(config)#line console 0
Switch(config-line)#login local
Switch(config-line)#end
Switch#

အဲဒါတွေပေးပြီးသွားရင် ကွန်ပျူတာကနေ telnet နဲ့ ဝင်ကြည့်မယ်။ အောက်ကပုံအတိုင်းမြင်ရပါမယ်။

username&pass_2

ပြီးရင် နောက်ကွန်ပျူတာကနေ console နဲ့ ဝင်ကြည့်ရအောင်။

username&pass_3

အခုဆိုရင် telnet နဲ့ပဲ ဖြစ်ဖြစ် console နဲ့ပဲ ဖြစ်ဖြစ် switch ကို configure လုပ်ဖို့ဝင်လိုက်ရင် username and password တောင်းပါလိမ့်မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

20GB online Storage Account

ဒီနေ့တော့ 20GB လောက် storage ရနိုင်တဲ့ file sharing web site တစ်ခု အကြောင်းပြောပြချင်ပါတယ်။ ပထမဆုံး register လုပ်ပြီးရင် email verification လုပ်ပြီးတာနဲ့ 15GB ရပါမယ်။ ပြီးရင် application ကို ဒေါင်းလုပ်လုပ် အင်စတောလုပ်ပြီး စောစောက register လုပ်ထားတဲ့ အကောင့်နဲ့ ဝင်လိုက်ရင် နောက်ထပ် 5GB ထပ်ရပါမယ်။ ပြီးတော့ သူငယ်ချင်းတွေကို invite လုပ်လိုက်လို့ သူတို့လဲ အကောင့်ထပ်လုပ်မယ်ဆိုရင် တစ်ယောက်အတွက် နောက်ထပ် 5GB စီ ထပ်ပြီး တိုးတိုးသွားပါမယ်။ အောက်ကလင့်ကတော့ ကျွန်တော့်ရဲ့ referral bonus link ပါ။ အကောင့်လုပ်မယ်ဆိုရင် အဲဒီလင့်ကနေ လုပ်ပေးပါခင်ဗျ။

https://copy.com?r=pUNkUN

referral link ကို လိုချင်တယ်ဆိုရင်တော့ bonus & referral ကနေ တဆင့် referral form ကို သွားပါ။
ပြီးရင် invited user အောက်ကလင့်က referral လင့်ပါပဲ။ အဲဒီလင့်ကနေ တခြားသူတွေ အကောင့်လုပ်ရင် referral link ပိုင်ရှင်က နောက်ထပ် 5GB ထပ်ပြီးရပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အောက်ကလင့်ကတော့ ကျွန်တော့်ရဲ့ Dropbox referral link ပါ။

https://www.dropbox.com/referrals/NTU5MzQzNzM5?src=global9 

Free Linux Online Course by LinuxFoundataion

Linux Foundation ကနေ Free ပေးထားတဲ့ Linux Online Course ကို တက်ချင်ရင်တော့ အောက်ကလင့်မှာ Register လုပ်ပြီး လေ့လာလို့ရပါပြီ။

https://www.edx.org/course/linuxfoundationx/linuxfoundationx-lfs101x-introduction-1621#.U-t-hh8cjqM

image source: http://www.edx.org

How to create vlan on Server 2012 via Powershell?

အလုပ်ရဲ့ လိုအပ်ချက်အရ Windows Server 2012 ရဲ့ Teaming လုပ်ထားတဲ့ Interface အောက်မှာ VLAN ဘယ်လိုထည့်မလဲ ဆိုတာကို လိုက်ရှာရင်း လုပ်ဖြစ်တဲ့ အတွေ့အကြုံလေးပါ။ အောက်က ကွန်မန်းတွေကို PowerShell မှာ ရိုက်ထည့်လိုက်ပါ။

Add-NetlbfoTeamNic -Team “team” -vlanID 100 -Name “IT”


အဲဒီကွန်မန်းမှာဆိုရင် “team” က Server မှာ Teaming လုပ်ထားတဲ့ Interface ရဲ့ နာမည်ပါ။
100 ကတော့ VLAN နံပါတ်ပါ။ “IT” ကတော့ VLAN 100 ကို နာမည်ပေးလိုက်တာပါ။ အဲဒီကွန်မန်းရိုက်ပြီးရင်တော့ Confirmation တောင်းပါတယ်။ အိုကေတယ်ဆိုရင် Enter ဆက်ရိုက်လိုက်ရင် “IT” ဆိုတဲ့  Interface တစ်ခု ထပ်တိုးလာပါလိမ့်မယ်။