Android N for Nexus Devices

ဒီနေ့ သတင်းတွေမှာ Android N ကို Google ကနေ update ပေးလိုက်ပြီဆိုတာဖတ်ရတော့ ကိုယ့်မှာရှိတဲ့ Nexus 7 2013 version အတွက်ရော ရမလားဆိုပြီးလိုက်ရှာကြည့်လိုက်တော့ မပေးတော့ဘူးတဲ့…

Android N update ရမယ့် nexus series devices တွေကတော့ Nexus 6, Nexus 5X, Nexus 6P, Nexus 9, Nexus Player တွေမှာပဲ ရမယ်ဆိုတော့ သေပီပေါ့… နောက်ထပ်အသစ်လဲ မဝယ်နိုင်သေးတော့ ခုလက်ရှိရှိတာလေးနဲ့ပဲ ကျေနပ်ရတော့မယ်။

REF: http://www.digitaltrends.com/mobile/android-7-nougat-when-do-you-get-it/

Advertisements

update android 4.4.4 to 5.0.2 on MotoG 1st Gen

android 4.4.4 ကို တင်ပြီးတာနဲ့ ထပ်ပြီးတော့ system update လုပ်ကြည့်တာ latest ဆိုပြီးတော့ပဲ ပြောနေတယ်။ အင်တာနက်မှာလိုက်ရှာကြည့်တော့ moto G 1st Gen  အတွက် 5.0.2 ထွက်ပြီဆိုပြီးတွေ့တယ်။ ဘယ်လိုလုပ်ရမလဲ လိုက်ရှာပြီးလုပ်ကြည့်တော့ အဆင်ပြေတယ်တာနဲ့ ဘယ်လိုလုပ်ရလဲဆိုတာ ထပ်ပြီးရေးလိုက်တာပါ။

လိုတဲ့ဖိုင်ကို အောက်ကနေဒေါင်းပါ။ သတိပေးချင်တာက ဒီနည်းလမ်းက unmodified stock ROM Asia အတွက်ပဲ အလုပ်လုပ်ပါတယ်။

Blur_Version.220.21.28.falcon_umtsds.AsiaRetail.en.03.zip

ဒေါင်းပြီးရင် ဖုန်းထဲကို ထည့်လိုက်ပါမယ်။

502.png

ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါမယ်။ ပြီးရင် volume up down + power ကို တွဲနှိပ်ပြီး boot loader ထဲကို ဝင်လိုက်ပြီး recovery ကို ရွေးပြီး power up ကို နှိပ်လိုက်ပါမယ်။ အနီရောင် exclamation mark လေးကို စောင့်လိုက်ပါမယ်။ အဲဒါတက်လာပြီဆိုရင် power up + power down + power button ကို တွဲပြီး နှိပ်လိုက်ပါမယ်။

apply update from sd card

ဒီပုံလေးမြင်ရဘီဆိုရင် apply update from sdcard ကို ရွေးပြီး power button ကို နှိပ်လိုက်ပါမယ်။

ပြီးရင် စောစောက ဒေါင်းပြီး ဖုန်းထဲထည့်ထားတဲ့ဖိုင်ကို ရွေးလိုက်ရင် သူ့ဘာသာသူ့ update လုပ်သွားပါလိမ့်မယ်။ မိနစ် ၂၀ ကနေ ၃၀ လောက်စောင့်ပြီးရင် ပြီးပါဘီ။ reboot system now ဆိုတာကို မြင်ရဘီဆိုရင် အဲဒါကို ရွေးပြီး ပါဝါကို နှိပ်ပေးလိုက်ပါ။ reboot ကျပြီး ပြန်တက်လာရင် ၅.၀.၂ လေးနဲ့ ဖြစ်သွားပါဘီ။

ပိုပြီးသေချာအောင် အင်တာနက်မှာ ထပ်ရှာကြည့်ပြီးမ လုပ်စေချင်ပါတယ်။

unroot the moto g 1st gen 4.4.2

အရင်တုန်းက ဇော်ဂျီဖောင့်သုံးချင်လို့ moto G 1st Generation (2013) version ကို root လုပ်ပြီးတော့ ဖောင့်ကို ဇော်ဂျီပြောင်းလိုက်တယ် သိပ်မကြာပါဘူး ၄.၄.၂ ကနေ ၄.၄.၄ ကို update ပေးတယ်။ update လုပ်မယ်ဆိုပြီးတော့ ဒေါင်းပြီး restart လုပ်လိုက်တော့ မရဘူး။ အဲဒါနဲ့ motoroll support ကို မေးကြည့်တော့ root လုပ်ထားတဲ့အတွက် မရတာလို့ပြောတယ်။ အလုပ်ရှုပ်တာရယ် အဆင်မပြေရင် ဒုက္ခဆိုပြီးတော့ ထပ်ပြီးမစမ်းဖြစ်ဘဲ ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒီနေ့တော့ ဖုန်းအသစ်ထပ်ဝယ်ဖြစ်တော့ အဆင်မပြေလဲ ကိစ္စမရှိဘူး update  လုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတယ်။

ပထမဆုံး ဖုန်း setting ထဲ ဝင်ပြီး developer option ကနေ USB debugging ကို on ထားပါ။

ပြီးရင်လိုအပ်တဲ့ဖိုင်တွေကို အောက်ကလင့်တွေကနေဒေါင်းလိုက်တယ်။ (အဲဒါမလုပ်ခင်တော့ ဖုန်းက root လုပ်ထားပြီးသားပါ)

mfastboot-v2.zip

RETAIL-AS_FALCON_KXB20.25-1.31_cid7_CFC_1FF.xml_2.zip

Retail_AS.zip

အဲဒီ ၃ ဖိုင်ကို ဖိုဒါတစ်ခုထဲမှာထည့်ပြီး အားလုံးကို zip ဖြည်လိုက်ပါ။

extract

ဖုန်းကို bootloader ထဲကို ဝင်လိုက်ပါ။ power off လုပ်ပြီး power + volume down ကို တွဲနှိပ်ပါ။

ပြီးရင် ဖုန်းကို USB cable နဲ့ချိတ်လိုက်ပါ။

driver လိုရင် ဒီကနေဒေါင်းပါ။

ပြီးရင် စောစောက ကွန်ပျူတာမှာ zip ဖြည်ထားတဲ့အထဲက Retail_AS.bat ဖိုင်လေးကို double click လုပ်ပြီးဖွင့်လိုက်ပါ။

bat file.png

ကွန်ပျူတာမှာရော ဖုန်းမှာရော အလုပ်လုပ်နေတဲ့ process ကို မြင်ရပါမယ်။ ပြီးဘီဆိုရင် ကွန်ပျူတာမှာ press any key to continue… ဆိုတာမြင်ရင် ကီးတစ်ခုခုကို နှိပ်လိုက်ပါ။ ဖုန်း restart  ကျပြီး ပြန်တက်လာရင် unroot ဖြစ်သွားပါဘီ။ ပြီးရင် အင်တာနက်ချိတ်ပြီး 4.4.4 OTA update ကိုလုပ်ကြည့်လိုက်ရင် ဒီတစ်ခါတော့ အဆင်ပြေသွားပါဘီ။

ပိုပြီးသေချာအောင် အင်တာနက်မှာ ထပ်ရှာကြည့်ပြီးမ လုပ်စေချင်ပါတယ်။

Android 6.0 Marshmallow

ဒီနေ့မ သတင်းတွေလိုက်ရှာကြည့်မိတယ်။ android 6 marshmallow ကို Nexus 5x and Nexus 5P နဲ့လာမယ်‌ ပြီးတော့ Nexus 5, Nexus 6, Nexus 7 (2013), Nexus 9 and Nexus Player တွေကိုလဲ october 5 ကနေ စပြီး update ပေးမယ်။ ခုထိတော့ Nexus 7(2013) version ကို andoid 6 update မလာသေးဘူး။ ဘာအသစ်အဆန်းတွေပါလာမလဲတော့ မသိသေးဘူး။

ယူနီကုဒ်ကီးဘုတ်လေး တစ်ခါတည်းပါလာရင် ဘယ်လောက်ကောင်းလိုက်မလဲ