checking proxy setting via cmd

command prompt ကနေ proxy configuation ကို ကြည့်ချင်ရင် အောက်က ကွန်မန်းနဲ့ ကြည့်နိုင်ပါတယ်။

netsh winhttp show proxy

တကယ်လို့ proxy setting ကို configure လုပ်ချင်ရင်တော့ အောက်ကကွန်မန်းနဲ့ လုပ်နိုင်ပါတယ်။ Admin right တော့ရှိဖို့လိုပါတယ်။

netsh winhttp set proxy example.com:80

reset လုပ်ချင်ရင်တော့ netsh winhttp reset proxy နဲ့ ပြန်ဖျက်လို့ရပါတယ်။

Firewall stop sending logs to syslog

အလုပ်ထဲမှာ Palo Alto Firewall + Panorama သုံးတယ်။ logs တွေကိုတော့ firewall ကနေ panorama ကိုပို့တယ်။ ပီးရင် panorama ကနေ external syslog server ကနေ SPLUNK ဆီကို ထပ်ပို့တယ်။ လက်ရှိသုံးနေတဲ့ firmware ကတော့ panorama + firewall က 8.0.10 SPLUNK ဘက်မှာတော့ 6.2.14, palo alto addon version က 3.8.2

အဲဒီအတိုင်းသုံးနေတာ အဆင်ပြေတယ်။ ဒါပေမယ့် vulnerability ကြောင့် panorama + firewall ကို 8.1.6 တင်ဖို့လိုလာတယ်။ အဲဒါနဲ့ panorama ကို အရင် 8.1.6 upgrade လုပ်လိုက်တယ်။ အဲလိုလုပ်ပီးတာနဲ့ panorama ကနေ SPLUNK ဆီကို traffic logs တွေ မပို့တော့ဘူး။ ထူးဆန်းတာက configuration changes logs တွေ ပို့နေသေးတယ်။ configuration တွေစစ်ကြည့်တော့လဲ အကုန်အဆင်ပြေတယ်။ အဲလိုနဲ့ paloalto ကို case ဖွင့်၊ သူတို့လဲ စစ်ကြည့်တာ အကြောင်းမထူးဘူး။ အဲလိုနဲ့ firewall ကို upgrade လုပ်မယ့်ရက်အထိ မထူးသေးဘူး။ အဲလိုနဲ့ firewall ကို upgrade လုပ်ရမယ့်အချိန်ရောက်လို့ upgrade လုပ်လိုက်တော့မ traffic logs တွေက SPLUNK ပြန်ပီးပို့တော့တယ်။ တစ်ခါမ မကြုံဖူးဘူး။ ဘာကြောင့်အဲလိုဖြစ်ရတယ်ဆိုတာတော့ သေချာမသိရသေးဘူး။ tech support ဆီက အဖြေသိရတော့မပဲ ပို့ထပ်ရေးဦးမယ်။