konsole terminal application with GNS3 on Ubuntu

ဒီနေ့ GNS3 ကို Ubuntu ပေါ်မှာတင်ပြီး console application ကို KDE Konsole ကို ပြောင်းလိုက်တာ Router ကို console နဲ့ခေါ်လိုက်ရင် telnet ဆိုတာပဲ တက်တက်လာတယ်။

konsole

လိုက်ရှာပြီးနည်းနည်းပြင်လိုက်တော့မ အဆင်ပြေသွားတယ်။

ဒါကတော့မူလ commands.

konsole –new-tab -p tabtitle=”%d” -e “telnet %h %p”

konsole –new-tab -p tabtitle=”%d” -e ‘socat UNIX-CONNECT:”%s” stdio,raw,echo=0’

အဲဒါကို အောက်ကအတိုင်းပြင်လိုက်တာ အဆင်ပြေသွားတယ်။

konsole –new-tab -p tabtitle=%d -e telnet %h %p

konsole –new-tab -p tabtitle=%d -e socat UNIX-CONNECT:”%s” stdio,raw,echo=0

GNS3 1.3.11 on Ubuntu

အရင်က GNS3 ကို Ubuntu မှာတင်မယ်ဆိုရင် source file ကို ဒေါင်းလုပ်အရင်လုပ် ပြီးရင် ကွန်မန်းတွေအများကြီးရိုက်ရတယ်။

ဒီနေ့ GNS3 1.3.11 ကို တင်မယ်ဆိုပြီး ဒေါင်းလုပ်လုပ်မယ်လဲလုပ်ရော အောက်က ကွန်မန်း ၃ ကြောင်းပဲထွက်လာတယ်။

sudo add-apt-repository ppa:gns3/ppa

sudo apt-get update

sudo apt-get install gns3-gui

အဲဒီ ၃ ကြောင်းလဲရိုက်ပြီးရော တစ်ခါထဲ install လုပ်ပြီးသားဖြစ်သွားရော။

ကျေးဇူးပါ http://www.gns3.com

GNS3 on Ubuntu

အရင်တုန်းကတော့ GNS3 ကို Windows 7 မှာပဲ သုံးဖြစ်တယ်။ နောက်တော့ စိတ်ညစ်လာတယ်။ ဘာလို့လဲဆိုတော့ Router 15 လုံးလောက်သုံးလိုက်ရင် CPU က 70% လောက်အထိကို တက်လာတယ်။ အဲဒါနဲ့ Ubuntu 14.04 LTS နဲ့ စမ်းကြည့်မယ်ဆိုပြီး Dual Boot တင်လိုက်တယ်။ ပြီးတော့  GNS3 ဘယ်လိုတင်ရမယ်ဆိုတာကို လိုက်ရှာကြည့်ဖြစ်တယ်။ GNS3 က Ubuntu software center မှာတော့ ရှိတယ်။ ဒါပေမယ့် version က update မဖြစ်ဘူး။ နောက်ဆုံးဗားရှင်းကို အင်စတောလုပ်ချင်ရင် အောက်က ကွန်မန်း ၃ ကြောင်းလောက် ရိုက်လိုက်ရင် ပြီးပါဘီ။

ပထမဆုံး terminal ကို ဖွင့်လိုက်မယ်။

$ sudo apt-get-repository ppa:gns3/ppa

$ sudo apt-get update

$ sudo apt-get install dynamips gns3

အင်တာနက် ကွန်နက်ရှင် မြန်ရင်မြန်သလို အင်စတောလုပ်တာမြန်ပါမယ်။

ပြီးသွားရင်တော့ IOS Image တွေကို ထည့်ပြီး စသုံးလို့ရပါပြီ။

အခုတော့ Router အလုံး ၂၀ လောက် သုံးလဲ အိုကေသွားပါပြီ။

GNS3onUbuntu

ဒါကတော့ Ubuntu 14.04 LTS 64bits မှာ GNS3 0.8.7 တင်တဲ့ လုပ်ဆောင်ချက်တွေပါ။

Console connection directly go to privilege mode on GNS3

GNS3 မှာ Router တွေကို Configure လုပ်ဖို့အတွက် အားလုံးပြင်ဆင်ပြီးတော့ Router ကို Start လုပ် ပြီးတော့ console နဲ့ဝင်လိုက်တော့ တစ်ခါထဲ privilege mode ထဲကို တန်းရောက်သွားတယ်။ ဆိုလိုတာက Router> ကို မရောက်ဘဲ Router# ဆိုပြီးပြတယ်။ အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာကို လိုက်ရှာကြည့်လိုက်တယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ lab တွေမှာ Router တစ်လုံးကနေ နောက်တစ်လုံးကို telnet or SSH ဝင်ကြည့်လိုက်ရင် password တောင်းတာတွေမရောက်တော့ပဲ privilege mode ထဲကို တန်းရောက်သွားရင် တစ်ခုခုမှားနေတယ်ထင်ပြီး လိုက်ရှာရတာ အချိန်ကုန်တာတွေဖြစ်မှာစိုးလို့ပါ။ ကျွန်တော်တုန်းကလဲ အဲလိုဖြစ်ဖူးလို့ပါ။

ကဲစလိုက်ရအောင်။ ပထမဆုံး ios_base_startup-config.txt ဆိုတဲ့ဖိုင်ကို လိုက်ရှာလိုက်မယ်။ ပြီးရင် အဲဒီဖိုင်ကို ဖွင့်ပြီး အောက်ကပုံထဲမှာ အပြာရောင်နဲ့ အရောင်ခြယ်ထားတာကို ဖျက်ပြီး ဖိုင်ကို သိမ်းလိုက်ပါမယ်။

privilege_level_15

ပြီးရင် GNS3 ကို ပြန်ဖွင့်ပြီး Edit >> Preferences ကို သွားလိုက်မယ်။ ပြီးရင် အောက်ကပုံအတိုင်း C3725, C7200 ကို တစ်ခုခြင်းရွေးပြီး Edit ကို ကလစ်လိုက်မယ်။ ပြီးရင် Initial Startup-config မှာ စောစောကဖိုင်ရဲ့နေရာကို ပြောင်း OK ကို ကလစ်လိုက်ပြီး ပြင်ဆင်ထားတာကို သိမ်းလိုက်ပါမယ်။

privilege_level_15_1 Continue reading

How to use GNS3?

မြန်မာအင်ဂျင်နီယာဖိုရမ်မှာ ရေးဖြစ်ခဲ့တာလေးကို ပြန်ရှယ်တာပါ။
GNS3 ကို http://www.gns3.net ကနေ ဒေါင်းနိုင်ပါတယ်။
GNS3 ကို အင်စတောလုပ်ပြီးဘီဆိုရင် cisco ios တွေ အလုပ်လုပ်အောင် ဘယ်လို config  လုပ်လဲ အရင်ဆုံး လုပ်ပြပါမယ်။ အင်စတောလုပ်ပြီး GNS3 ကို ဖွင့်လိုက်တာနဲ့ အောက်ကပုံအတိုင်း မြင်ရပါမယ်။

gns1

New Project တ​ွေ သိမ်းမယ့်နေရာတွေကို save မယ့်ဖိုင်လမ်းကြောင်းပါ။ ဒီနေရာမှာတော့ cancel ပဲ လုပ်လိုက်ပါမယ်။ ပြီးရင် အောက်ကပုံအတိုင်း Edit Menu ကနေ IOS images and hypervisors ကို ကလစ်လိုက်ပါမယ်။

gns2

ပြီးရင် External hypervisors tab ကို ကလစ်ပြီးတော့ အနီဝိုင်းထားတဲ့အတိုင်းမှန်ရင် save လုပ်လိုက်ပါမယ်။

gns3

Save ပြီးတာနဲ့ အောက်ကပုံအတိုင်း မြင်ရပါမယ်။

gns4

ပြီးရင် IOS images tab ကို သွားပြီးတော့ setting အောက်က image file ကို ရွေးပေးပါ။ အောက်ကပုံလေးကို ကြည့်လိုက်ပါမယ်။

gns5

အောက်ကပုံထဲကအတိုင်း မေးပါလိမ့်မယ်။ uncompress  လုပ်ဖို့အတွက် yes ကို ကလစ်လိုက်ပါမယ်။

gns6

ပြီးရင် save လိုက်ပါမယ်။ အဲဒီမှာ သတိထားမိလားမသိဘူး။ ဖွင့်လိုက်တုန်းကတော့ .bin ဖိုင်။ ဒါပေမယ့် uncompress လုပ်မယ်ပြောလိုက်တဲ့အတွက် .image ဆိုပြီး ဖိုင်တစ်ခုတိုးလာပါတယ်။ အဲဒါကတော့ စောစောက uncompress  လုပ်ပြီးရလာတဲ့ image ဖိုင်ပါ။

နောက်ထပ် IOS တစ်ခုကိုလဲ အဲဒီအတိုင်းလုပ်လိုက်ပါ။ ဒီပို့ရဲ့အောက်ဆုံးမှာ IOS(2600 and 7200) ဖိုင်၂ခုကို ဒေါင်းဖို့လင့်ထည့်ပေးထားပါတယ်။

gns8
gns9
 gns10

အဲဒါတွေပြီးသွားပြီဆိုရင် close ကို ကလစ်ပြီး IOS image and hypervisor ကို ပိတ်လိုက်ပါမယ်။ အခုဆိုရင် Router 2600 & Router 7200 IOS ၂ ခုကို image ထည့်ပြီးဘီဖြစ်တဲ့အတွက် အဲဒီ Router ၂ ခုကို စသုံးလို့ရပါဘီ။ တခြား router တွေကို သုံးချင်တယ်ဆိုရင်တော့ သက်ဆိုင်ရင် ios image တွေကို ထည့်ပေးဖို့လိုပါမယ်။ 2600 or 7200 router ကို မောက်နဲ့ ကလစ်ပြီးတော့ drag and drop လုပ်လိုက်ပါမယ်။ ပြီးရင် router ပေါ်မှာ right click  လုပ်ပြီး start ကို ကလစ်လိုက်ပါ။ ပြီးရင် router ပေါ်မှာ right click  လုပ်ပြီး console ကို ကလစ်လိုက်ပါ။

gns11

နောက်ထပ် Windows တစ်ခုပေါ်လာပါမယ်။ အဲဒီမှာ တကယ့် Router တွေမှာ အလုပ်လုပ်သလိုမျိုးတွေ့ရပါမယ်။ ခဏလောက်နေရင် enter ကို နှိပ်ကြည့်လိုက်ပါ။ အောက်ကပုံအတိုင်း မြင်ရဘီဆိုရင်တော့ router configuration စလုပ်လို့ရပါဘီ။

gns12

cisco ios ကို အောက်ကလင့်မှာ ဒေါင်းလို့ရပါတယ်။
http://bit.ly/KATUOk 2600 ကို ဒေါင်းရန်
http://bit.ly/LOe88j 7200 ကို ဒေါင်းရန်

ကိုးပုံမြောက်က what is IDLEPC ဆိုတာလေးကို သတိထားမိလားမသိဘူး။ အဲဒါက ဘာလုပ်ဖို့လဲဆိုရင် CPU Usage ကို ပြန်လျော့ချဖို့အတွက်ပါ။ GNS3 မှာ Router တွေကို Start လုပ်လိုက်ပြီဆိုရင် CPU Usage က 100% လောက်ယူသုံးလိုက်တယ်။ ဘယ်လိုလျော့ချမလဲဆိုရင် Router ကို Right Click လုပ်ပြီး IDLE PC ကို ကလစ်ပါမယ်။ အဲဒီအထဲက * ပါတဲ့ နံပါတ်ကို  ရွေးလိုက်ပါ။ အဲဒါဆိုရင် CPU Usage ကို လျော့ချပေးပါလိမ့်မယ်။