OnePlus 5T vs Mi A1

အစကတော့ OnePlus 5T ဝယ်မယ်ဆိုပီးတော့ စိတ်ကူးထားတာ ဝယ်မယ်လဲလုပ်ရော ဈေးက မလိုက်နိုင်ဘူး။ စလုံး ၇၀၀ လောက်ရှိတယ်။ ဘာလို့အဲဒါကို ဝယ်မယ်စိတ်ကူးလဲဆိုတော့ သူ့ရဲ့ oxygen OS က stock android လိုမျိုးပဲ။ တခြားဖုန်းတွေလိုက်ရှာကြည့်လိုက်တော့ Android one program ကနေ ထုတ်ထားတဲ့ Mi A1 ကို သွားတွေ့တယ်။ သူကကျတော့ hardware ကို xiaomi က လုပ်ပီးတော့ OS ကို google ကနေ support ပေးတယ်။ ဈေးကလဲ သက်သာတယ်။ စလုံး ၂၆၁ ပဲ ကျတယ်။ back cover နဲ့ screen proctor လဲ တခါထဲပါလာတယ်။ ကျွန်တော်က ဂိမ်းတွေလဲ မဆော့တော့ သူ့ရဲ့ hardware နဲ့လဲ အဆင်ပြေတယ်။ hardware specification အသေးစိတ်ကိုတော့ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်။
http://www.mi.com/in/mi-a1/specs/

Advertisements

ClearPass Cluster Issue

cluster ထဲမှာ CPPM ၂ ခုရှိတယ်။ CPPM01 က publisher CPPM02 က subscriber (standby publisher) config backup လုပ်ပီးတော့ restore လုပ်လိုက်တာ CPPM01 က standalone publisher ဖြစ်သွားတယ်။ CPPM02 က auto promote လုပ်ပြီး publisher ဖြစ်သွားတယ်။ CPPM01 မှာ restore ထပ်လုပ်တော့ CPPM02 ကို node disable အနေနဲ့ပဲ မြင်နေရတယ်။ CPPM02 ကို restart လုပ်ကြည့်လိုက်တော့ CPPM02 ကနေ ကြည့်ရင် CPPM02 က publisher, CPPM01 က subscriber အနေနဲ့ မြင်ရတယ်။ CPPM01 ဘက်မှာကျတော့ CPPM01 က subscriber, CPPM02 က node disable အနေနဲ့ မြင်ရတယ်။ CPPM01 ကို restart လုပ်တာလဲ အဆင်မ‌ပြေဘူး။ CPPM02 ဘက်ကနေ CPPM01 ကို publisher အဖြစ် promote လုပ်လိုက်တယ်။ ပီးတော့ CPPM02 ကို drop subscriber လုပ်လိုက်တယ်။ အဲဒီတော့ CPPM01 နဲ့ CPPM02 က သီးခြားပြန်ဖြစ်သွားတယ်။ CPPM01 မှာ config ကို restore လုပ်ပြီးတော့ CPPM02 ကို ပြန်းပီးတော့ cluster join လုပ်လိုက်တယ်။

ဖတ်ရင်းနဲ့ ရှုပ်ကုန်ဘီလားမသိဘူး။ ရှုပ်နေတယ်ဆိုရင်တော့ ကျွန်တော်စာရေးတာ မကောင်းလို့ဖြစ်မယ်။ ကျန်ခဲ့တဲ့ option တစ်ခုကတော့ Restore cluster server/node entries from backup ဆိုတာကို ရွေးခဲ့ဖို့ကျန်သွားလို့ပါပဲ။

cppm-restore

 

 

 

Power of Google Lens and unicode

Pixel ဖုန်းတွေမှာပဲရတဲ့ Google Lens ကို အခုတော့ Android ဖုန်းတော်တော်များများမှာ ရနေဘီ။ အဲဒါကဘယ်လိုအလုပ်လုပ်လဲတိုတော့ စာတွေပါတဲ့ ဓာတ်ပုံကို scan ဖတ်သလိုလုပ်လိုက်ပီးတော့ အဲဒီထဲကစာတွေကို copy ကူးလို့ရအောင် လုပ်ပေးတာပါ။ အောက်ကပုံလေးကိုကြည့်လိုက်ပါ ရှင်းသွားပါလိမ့်မယ်။ အဲဒီထက်လဲပိုပါတယ်။

အောက်ကလင့်မှာ သွားကြည့်လိုက်ပါ။ ပိုရှင်းသွားပါလိမ့်မယ်။

https://support.google.com/photos/answer/7539151?hl=en