Power Stack

အရင်က ဒီနေရာမှာ Switch Stacking အကြောင်းရေးထားဖူးတယ်။ ဒီတစ်ခါတော့ power stacking အကြောင်းပေါ့။ အရင်တုန်းက ထင်ထားတာ data stacking လိုပဲ switch 9 လုံးအထိ အဆင်ပြေတယ်လိုပဲ။ ဒါပေမယ့် solar wind ကနေ ကြည့်လိုက်တော့ တချို့ power port တွေက အလုပ်မလုပ်ဖူးလို့ ပြနေတယ်။ အဲဒါနဲ့ လိုက်ရှာကြည့်လိုက်တော့ cisco က power stack ကို switch ၄ လုံးအထိပဲ support လုပ်တယ်လို့ တွေ့ရော။ အဲဒါနဲ့ switch ၄ လုံးထက်ပိုတဲ့ stack ဆိုရင် power အတွက် ‌switch ၄ လုံးကို power stack တစ်ခု နောက်ထပ် switch တွေကို နောက်ထပ် power stack တစ်ခု ထပ်ခွဲရတယ်။ တကယ်လို့ တချို့ port တွေက shutdown ဖြစ်နေရင် အောက်က ကွန်မန်းလေးနဲ့ unshut ပြန်လုပ်လို့ရတယ်။

stack-power switch x port 1 enable

stack-power switch x port 2 enable

x ဆိုတာကတော့ switch number

#show stack-power neighbors
Power Stack Stack Stack Total Rsvd Alloc Unused Num Num
Name Mode Topolgy Pwr(W) Pwr(W) Pwr(W) Pwr(W) SW PS
——————– —— ——- —— —— —— —— — —
Powerstack-11 SP-PS Ring 2800 1680 1120 0 4 8
Powerstack-15 SP-PS Ring 2100 1260 840 0 3 6

Power Stack Port 1 Port 1 Port 2 Port 2
SW Name Status Neighbor SW:MAC Status Neighbor SW:MAC
— ——————– —— —————- —— —————-
1 Powerstack-11 Conn 2:2852.xxx2.xxx2 Conn 4:2852.xxx1.xxx1
2 Powerstack-11 Conn 3:2c0b.xxx3.xxx3 Conn 1:2852.xxx4.xxx4
3 Powerstack-11 Conn 4:2852.xxx1.xxx1 Conn 2:2852.xxx2.xxx2
4 Powerstack-11 Conn 1:2852.xxx4.xxx4 Conn 3:2c0b.xxx3.xxx3
5 Powerstack-15 Conn 6:2852.xxx5.xxx5 Conn 7:2852.xxx6.xxx6
6 Powerstack-15 Conn 7:2852.xxx6.xxx6 Conn 5:2852.xxx7.xxx7
7 Powerstack-15 Conn 5:2852.xxx7.xxx7 Conn 6:2852.xxx5.xxx5

ဒီနေရာမှာ xxx ဆိုတာကတော့ မူရင်း mac address တွေကို ပြင်ထားတာပါ။

 

switch stacking

switch stacking  ကို တစ်ခါမမလုပ်ဖူးဘူး။ အရင်က သိလဲမသိလေ့လဲ မလေ့လာဖူးဘူး။ လုပ်ရမယ်ဆိုတော့မ ပြေးပြေးလွှားလွှားကြည့်ဖြစ်တော့တယ်။ သိပ်မခက်ကြီးမဟုတ်သလို အလွယ်ကြီးလဲမဟုတ်ဘူး။ တခြားprojectကို သွားကူရတာဆိုတော့ သူတို့ပြောတဲ့အတိုင်း switch ကို config လုပ်ပေးရတယ်။ နာမည်တစ်ခါထဲရေးထားပြီးသား။ ရေးထားတဲ့အတိုင်း mount လုပ်ရတယ်။ ပြီးတော့ အပေါ်ဆုံး switch ကို master ထားပြီးအဲဒီအောက်က switch ကို standby ထားပေးရတယ်။ ကျန်တဲ့ switches တွေကတော့ member တွေပေါ့။

စလုပ်ရတော့ အဲဒါကို သေချာမကြည့်ဖြစ်ဘူး။ console cable ချိတ်ပြီးလုပ်ကြည့်တယ်။ မရတော့ နောက်ထပ် switch တစ်ခုကို ပြောင်းပြီးလုပ်ကြည့်တယ်။ ရတယ်ဆိုရင် အဲဒီ switch ကနေ configure လုပ်တယ်။ နောက်တော့ အတူတူလုပ်တဲ့သူတွေနဲ့ပြောကြည့်တော့မ အပေါ်ဆုံး switch ကို master ဖြစ်ရမယ်။ အဲဒီအောက်က switch က standby ဖြစ်ရမယ်။  ၂ လုံးထပ်ပိုရင်တော့ ကျန်တဲ့ switches တွေကတော့ member ဖြစ်ရမယ်။ အဲလိုသိရတော့မ အရင်လုပ်ခဲ့တဲ့ switch တွေကို ပြန်ပြင်ရတယ်။ ဘယ် switch က master ဘယ် switch က standby ဘယ် switches တွေက member လဲဆိုတာကို LED တွေကို ကြည့်ပြီးတော့လဲ သိနိုင်ပါတယ်။ ACTV ဆိုတဲ့ မီးလေးက အမြဲလင်းနေတယ်ဆိုရင် အဲဒီ switch က master ပဲ။ တကယ်လို့ အဲဒီမီးလေးက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေရင်တော့ အဲဒီ switch က standby ပဲ။ အဲလိုမ မဟုတ်ရင်တော့ member တွေပဲ။

တကယ်လို့ ကိုယ်ဖြစ်ချင်သလို မဟုတ်လာဘူးဆိုရင် switch တွေကို နံပါတ်ပြောင်းပြီး priority ပြောင်းပေးရတယ်။ နောက်တော့ ဘယ်လိုပဲနေနေ switch တွေကို နံပါတ်ပြောင်းပြီး priority ပြောင်းပေးတယ်။

လက်ရှိ stack status ကို အောက်ကကွန်မန်းနဲ့ ကြည့်နိုင်ပါတယ်။

switch#show switch detail
Switch/Stack Mac Address : 0000.0000.2480 – Local Mac Address
Mac persistency wait time: Indefinite
H/W Current
Switch# Role                Mac Address         Priority      Version State
————————————————————
*1             Active           0000.0000.2480   4                    V07        Ready
2             Standby       0000.0000.4400    3                     V08       Ready
3             Member       0000.0000.ef00    2                     V07       Ready

Stack Port Status Neighbors
Switch# Port 1     Port 2     Port 1    Port 2
——————————————————–
1               OK           OK          2               3
2              OK            OK          3              1
3              OK            OK          1              2

switch#

ဒီမှာဆိုရင် Switch 1 က Master ၊ Switch 2 က Standby ၊ switch 3 က Member.

တကယ်လို့ switch number ကို ပြောင်းချင်ရင် မာစတာ switch မှာ switch current switch number renumber new switch number ပြီးပြောင်းနိုင်ပါတယ်။ ဥပမာ switch 1 ကို switch 5 လို့ပြောင်းချင်ရင် အောက်ကအတိုင်းရိုက်နိုင်ပါတယ်။

switch# switch 1 renumber 5

priority ကို ပြောင်းချင်ရင်

switch# switch 1 priority 3

လို့ရိုက်ပြီးပြောင်းနိုင်ပါတယ်။ ပြောင်းပြီးရင်တော့ switch ကို reload လုပ်ပေးဖို့လိုပါတယ်။ ပြန်တက်လာရင်တော့ ပြောင်းထားတဲ့အပေါ်မူတည်ပြီးတော့ master/standby/member က ပြောင်းသွားပါလိမ့်မယ်။

priority က 1 to 15 ပေးလို့ရပါတယ်။

switch number ကတော့ 1 to 9 အထိပဲရပါတယ်။ stack ကို အများဆုံး switch 9 လုံးပဲ ချိတ်လို့ရပါတယ်။

priority တူနေရင်တော့ mac-address အငယ်ဆုံး switch က master ဖြစ်သွားပါမယ်။

default အနေနဲ့ switch န့ပါတ်က 1 and priority 1 ပါ။

 

Virtual Router Redundancy Protocol – VRRP

ဒီတစ်ခါတော့ VRRP အကြောင်းကိုတော့ အရမ်းအသေးစိတ်မပြောတော့ပါဘူး။ ဘယ်လို configure လုပ်လဲဆိုတာကိုပဲ ပြောပါတော့မယ်။
topology ကိုတော့ HSRP တုန်းက အတိုင်းပဲ လုပ်ထားပါတယ်။

ESW1(config)#track 1 interface fa0/1 line-protocol
ESW1(config)#int fa0/0
ESW1(config-if)#vrrp 1 ip 192.168.1.250
ESW1(config-if)#vrrp 1 preempt delay minimum 60
ESW1(config-if)#vrrp 1 priority 130
ESW1(config-if)#vrrp 1 track 1 decrement 40

ESW2(config)#int fa0/0
ESW2(config-if)#vrrp 1 ip 192.168.1.250
ESW2(config-if)#vrrp 1 preempt

အခုလုပ်ထားတဲ့ အတိုင်းဆိုရင် အရင် HSRP တုန်းက အတိုင်းပဲ အလုပ်လုပ်ပါလိမ့်မယ်။

ESW1(config)#int fa0/1
ESW1(config-if)#shut
*Mar  1 00:02:48.767: %TRACKING-5-STATE: 1 interface Fa0/1 line-protocol Up->Down
*Mar  1 00:02:48.807: %DUAL-5-NBRCHANGE: IP-EIGRP(0) 10: Neighbor 10.1.1.10 (FastEthernet0/1) is down: interface down
ESW1(config-if)#
*Mar  1 00:02:50.767: %LINK-5-CHANGED: Interface FastEthernet0/1, changed state to administratively down
*Mar  1 00:02:51.767: %LINEPROTO-5-UPDOWN: Line protocol on Interface FastEthernet0/1, changed state to down
ESW1(config-if)#
*Mar  1 00:02:52.203: %VRRP-6-STATECHANGE: Fa0/0 Grp 1 state Master -> Backup
ESW1(config-if)#

ဒါကတော့ ESW1 မှာ မြင်ရတဲ့ မက်စေ့ပါ။

ESW2#
*Mar  1 00:02:52.155: %VRRP-6-STATECHANGE: Fa0/0 Grp 1 state Backup -> Master
ESW2#

ဒါကတော့ ESW2 မှာ မြင်ရတဲ့ မက်စေ့ပါ။

ပီးရင် ESW1’s interface fa0/1 ကို ပြန်ပြီးတော့ no shut လုပ်လိုက်ပါမယ်။

ESW1(config-if)#no shut
*Mar  1 00:16:07.023: %TRACKING-5-STATE: 1 interface Fa0/1 line-protocol Down->Up
*Mar  1 00:16:07.739: %DUAL-5-NBRCHANGE: IP-EIGRP(0) 10: Neighbor 10.1.1.10 (FastEthernet0/1) is up: new adjacency
ESW1(config-if)#
*Mar  1 00:16:09.019: %LINK-3-UPDOWN: Interface FastEthernet0/1, changed state to up
*Mar  1 00:16:10.019: %LINEPROTO-5-UPDOWN: Line protocol on Interface FastEthernet0/1, changed state to up
ESW1(config-if)#
*Mar  1 00:17:07.615: %VRRP-6-STATECHANGE: Fa0/0 Grp 1 state Backup -> Master
ESW1(config-if)#

ဒါကတော့ ESW1 မှာ မြင်ရတဲ့ မက်စေ့ပါ။

*Mar  1 00:17:07.595: %VRRP-6-STATECHANGE: Fa0/0 Grp 1 state Master -> Backup
ESW2#

ဒါကတော့ ESW2 မှာ မြင်ရတဲ့ မက်စေ့ပါ။

ဘယ် router က Master လဲ ဆိုတာကို အောက်ကအတိုင်း ကြည့်နိုင်ပါတယ်။

ESW1#show vrrp
FastEthernet0/0 – Group 1
State is Master
Virtual IP address is 192.168.1.250
Virtual MAC address is 0000.5e00.0101
Advertisement interval is 1.000 sec
Preemption enabled, delay min 60 secs
Priority is 130
Track object 1 state Up decrement 40
Master Router is 192.168.1.1 (local), priority is 130
Master Advertisement interval is 1.000 sec
Master Down interval is 3.492 sec

ESW1#

 

 

Hot Standby Routing Protocol – HSRP

HSRP က gateway redundancy protocol ထဲက တစ်ခုပါ။ စုစုပေါင်း ၃ ခုရှိပါတယ်။
HSRP (Hot Standby Routing Protocol),  GLBP (Gateway Load Balancing Protocol) နဲ့ VRRP (Virtual Router Redundancy Protocol)
HSRP နဲ့ GLBP ကတော့ Cisco proprietary ဖြစ်ပြီးတော့ VRRP ကတော့ IEEE standard ပါ။
ဒီနုတ်မှာတော့ HSRP အကြောင်းကို ပြောပြမှာပါ။
HSRP မှာ version ၂ ခုရှိပါတယ်။ ဘာတွေကွာလဲ ဆိုတာကို အောက်ကပုံလေးမှာ ကြည့်ကြည့်လိုက်ပါ။

HSRPv12.png

Configuration လုပ်ကြည့်ဖို့အတွက်ကိုတော့ အောက်က topology လေးကို သုံးထားပါတယ်။

HSRP-topo.png

ဒီမှာဆိုလို့ရှိရင် PC1 ကနေ R1 ရဲ့ loopback0 address ဖြစ်တဲ့ 1.1.1.1 ကို သွားဖို့အတွက် လမ်းကြောင်း၂ခုရှိပါတယ်။ တစ်ခုက ESW1 ‌ကနေသွားပြီးတော့ နောက်တစ်ခုက ESW2 ကနေသွားလို့ရပါတယ်။ ဒီမှာတော့ ဘယ်လိုလုပ်ထားလဲဆိုတော့ ESW1 and ESW2 ကြားမှာ Virtual gateway တစ်ခုလုပ်လိုက်ပြီးတော့ ESW1 ကို active ထားပြီး ESW2 ကို standby အနေနဲ့ထားလိုက်ပါမယ်။ တစ်ကယ်လို့ ESW1 က လင့် ဒေါင်းသွားရင် ESW2 က active role ကို တာဝန်ယူပြီးတော့ ဆက်ပြီးအလုပ်လုပ်သွားမှာပါ။
ESW1 ရဲ့ interface fa0/0 မှာ အောက်ကလို configure လုပ်လိုက်ပါမယ်။

ESW1(config)#int fa0/0
ESW1(config-if)#standby 1 ip 192.168.1.250
ESW1(config-if)#standby 1 priority 120
ESW1(config-if)#standby 1 preempt delay minimum 300
ESW1(config-if)#standby 1 track FastEthernet0/1 40

ပြီးရင် ESW2 ရဲ့ interface fa0/0 ကို အောက်ကလို configure လုပ်လိုက်ပါမယ်။

ESW2(config)#int fa0/0
ESW2(config-if)#standby 1 ip 192.168.1.250
ESW2(config-if)#standby 1 preempt

1 ဆိုတာကတော့ group ID
192.168.1.250 ကတော့ ESW1 and ESW2 ကြားက virtual IP
ESW1 ရဲ့ priority ကို 120 လို့ထားထားပါတယ်။ default ကတော့ 100 ပါ။ အဲဒီတော့ ESW1 က active ဖြစ်ပြီးတော့ ESW2 ကတော့ Standby ပါ။
ESW1 မှာ configure လုပ်ထားတဲ့ standby 1 track fastethernet 0/1 40 ဆိုတာကတော့ တစ်ကယ်လို့ fa0/1 link ဒေါင်းသွားမယ်ဆိုရင် ESW1 ရဲ့ priority ကို ၄၀ နုတ်မယ်။ အဲဒီတော့ ၈၀ ဖြစ်သွားပြီး ESW2 က ချက်ခြင်း active ဖြစ်သွားပါမယ်။
ESW1 မှာ configure လုပ်ထားတဲ့ standby 1 preempt delay minimum 300 က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ တစ်ကယ်လို့ ESW1 ရဲ့ fa0/1 လင့်ဒေါင်းပြီးESW2 က active ဖြစ်သွားမယ်။ ပြီးတော့ ESW1 ရဲ့ fa0/1 လင့် ပြန်ကောင်းသွားမယ်ဆိုရင်တော့ မိနစ် ၃၀၀ စောင့်ပြီးမ ESW1 ကို active role ပြန်ယူအောင်လုပ်ထားတာပါ။
လောလောဆယ် ဘယ်သူက active လဲဆိုတာကို show standby နဲ့ ကြည့်လို့ရပါတယ်။

ESW1#show standby
FastEthernet0/0 – Group 1
State is Active
8 state changes, last state change 00:03:52
Virtual IP address is 192.168.1.250
Active virtual MAC address is 0000.0c07.ac01
Local virtual MAC address is 0000.0c07.ac01 (v1 default)
Hello time 3 sec, hold time 10 sec
Next hello sent in 1.100 secs
Preemption enabled, delay min 300 secs
Active router is local
Standby router is 192.168.1.2, priority 100 (expires in 9.112 sec)
Priority 120 (configured 120)
Track interface FastEthernet0/1 state Up decrement 40
Group name is “hsrp-Fa0/0-1” (default)
ESW1#

ဒါကတော့ version 1 နဲ့လုပ်ထားတာပါ။ version 2 ကို ပြောင်းပြီး ကြည့်ကြည့်ရင် အောက်ကလိုမျိုးတွေ့ရပါမယ်။

ESW1#show standby
FastEthernet0/0 – Group 1 (version 2)
State is Active
11 state changes, last state change 00:00:17
Virtual IP address is 192.168.1.250
Active virtual MAC address is 0000.0c9f.f001
Local virtual MAC address is 0000.0c9f.f001 (v2 default)
Hello time 3 sec, hold time 10 sec
Next hello sent in 0.816 secs
Preemption enabled, delay min 300 secs
Active router is local
Standby router is unknown
Priority 120 (configured 120)
Track interface FastEthernet0/1 state Up decrement 40
Group name is “hsrp-Fa0/0-1” (default)
ESW1#

ESW1 ကနေ ESW2 ကို failover ဖြစ်လား စမ်းကြည့်ရအောင်။ ပထမဆုံး PC1 ကနေ 1.1.1.1 ကို ping test လုပ်ထားလိုက်ပါ။ ပြီးရင် ESW1 မှာ track လုပ်ထားတဲ့ fa0/1 interface ကို shutdown လုပ်ကြည့်လိုက်ရင် အောက်ကလိုမျိုး မက်စေ့ကို မြင်ရပါလိမ့်မယ်။

ESW1(config-if)#int fa0/1
ESW1(config-if)#shut
*Mar  1 00:36:39.559: %TRACKING-5-STATE: 2 interface Fa0/1 line-protocol Up->Down
*Mar  1 00:36:39.643: %DUAL-5-NBRCHANGE: IP-EIGRP(0) 10: Neighbor 10.1.1.10 (FastEthernet0/1) is down: interface down
*Mar  1 00:36:40.419: %HSRP-5-STATECHANGE: FastEthernet0/0 Grp 1 state Active -> Speak
ESW1(config-if)#

ဒါကတော့ ESW1 မှာ မြင်ရတဲ့ မက်စေ့ပါ။

ESW2#
*Mar  1 00:36:40.399: %HSRP-5-STATECHANGE: FastEthernet0/0 Grp 1 state Standby -> Active
ESW2#

ဒါကတော့ ESW2 မှာ မြင်ရတဲ့ မက်စေ့ပါ။

စောစောက configure လုပ်ထားတဲ့ အတိုင်းပဲ ESW1’s fa0/1 interface ဒေါင်းသွားတာနဲ့ ESW2 က ချက်ချင်းနီးပါ active ဖြစ်သွားပါတယ်။ delay 1 second လောက်တော့ ရှိပါတယ်။
ကဲ ဆက်ပြီး ESW1 ရဲ့ fa0/1 interface ကို no shut လုပ်လိုက်ပါမယ်။ ဒီမှာတော့ ESW1 ကချက်ခြင်း active role ကို ပြန်မယူပါဘူး။ 5 mins လောက်စောင့်ပြီးမ active role ကို ပြန်ယူမှာပါ။ ဘာလို့လဲဆိုတော့ ESW1(config-if)#standby 1 preempt delay minimum 300 လို့ configure လုပ်ထားလို့ပါ။

ESW1(config-if)#no shut
*Mar  1 00:37:06.751: %TRACKING-5-STATE: 2 interface Fa0/1 line-protocol Down->Up
*Mar  1 00:37:06.883: %DUAL-5-NBRCHANGE: IP-EIGRP(0) 10: Neighbor 10.1.1.10 (FastEthernet0/1) is up: new adjacency
ESW1(config-if)#
*Mar  1 00:37:08.747: %LINK-3-UPDOWN: Interface FastEthernet0/1, changed state to up
*Mar  1 00:37:09.747: %LINEPROTO-5-UPDOWN: Line protocol on Interface FastEthernet0/1, changed state to up
ESW1(config-if)#
*Mar  1 00:42:07.419: %HSRP-5-STATECHANGE: FastEthernet0/0 Grp 1 state Standby -> Active
ESW1(config-if)#

ဒါကတော့ ESW1 မှာ မြင်ရတဲ့ မက်စေ့ပါ။

ESW2#
*Mar  1 00:42:07.411: %HSRP-5-STATECHANGE: FastEthernet0/0 Grp 1 state Active -> Speak
ESW2#
*Mar  1 00:42:17.411: %HSRP-5-STATECHANGE: FastEthernet0/0 Grp 1 state Speak -> Standby
ESW2#

multicast address ကို သိချင်တယ်ဆိုရင်တော့ interface fa0/0 link မှာ wireshark နဲ့ ဖမ်းပြီး ကြည့်ကြည့်လိုက်ပါ။ အဲဒါဆိုရင် table ထဲက multicast address တွေကို မြင်ရပါလိမ့်မယ်။
ကျွန်တော်‌ပြောတာတွေကို မယုံပါနဲ့။ လက်တွေ့ကိုယ့်ဖာသာ ပြန်စမ်းကြည့်ပြီးမ ယုံပါ။