Cisco အခြေခံ Configuration

basic_config_1

အပေါ်က ပုံလေးကို သုံးပြီးတော့ အခြေခံ configure လုပ်ပုံလေးပါ။
#Set the console password
R1(config)#hostname SSH_Server
SSH_Server(config)#line console 0
SSH_Server(config-line)#password console
SSH_Server(config-line)#login local

#set the telnet password
SSH_Server(config)#line vty 0 4
SSH_Server(config-line)#password telnet
SSH_Server(config-line)#login

#set the IP Address to Fa0/0
SSH_Server(config)#int fa0/0
SSH_Server(config-if)#ip address 192.168.1.1 255.255.255.0
SSH_Server(config-if)#no shut
SSH_Server(config-if)#exit

SSH_Server(config)#

SSH_Server#sh running-config နဲ့ ပြန်ကြည့်လိုက်ရင် console and telnet password  တွေကိုဒီအတိုင်းပဲ မြင်ရပါလိမ့်မယ်။
အဲဒါကို encrypt  ဖြစ်ဖို့အတွက် အောက်ကကွန်မန်းကို ရိုက်ရပါမယ်။
SSH_Server(config)#service password-encryption
အဲဒီကွန်မန်းရိုက်ပြီးရင်တော့ password အားလုံးက encrypt ဖြစ်သွားပါဘီ။
ဆက်ပြီး SSH ကို configure လုပ်ကြည့်ရအောင်။
#Enable the SSH password
SSH_Server(config)#username ssh password ssh
SSH_Server(config)#ip domain-name cisco.com
SSH_Server(config)#crypto key generate rsa
SSH_Server(config)#ip ssh version 2
SSH_Server(config)#line vty 0 4
SSH_Server(config-line)#login local
SSH_Server(config-line)#transport input ssh

SSH_Client မှာ လဲ IP Address ကို 192.168.1.2/24  ပေးလိုက်ပါမယ်။
ပြီးရင် SSH username and password တစ်ခုခုပေးလိုက်ပြီး ssh version 2 လုပ်လိုက်ပါမယ်။
ပြီးရင် အောက်ကအတိုင်း SSH_Client ကနေ SSH_Server ကို ssh connection နဲ့ ဝင်ကြည့်လိုက်ရင် ဝင်လို့ရမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

basic_config_2

အားလုံးပဲ အဆင်ပြေပါစေ။

Blogspot မှာ မြန်မာယူနီကုတ်ဖောင့်မရှိလဲ မြင်ရအောင် ဘယ်လိုလုပ်မလဲ

ကျွန်တော့်ဘလော့လေးမှာ မြန်မာယူနီကုတ် သုံးချင်တယ်။ ဒါပေမယ့် လာကြည့်တဲ့သူတွေမှာ မြန်မာယူနီကုတ်မရှိဘူးဆိုရင် ဖတ်မရဘူးဖြစ်နေဦးမယ်။ အဲလိုလဲ မဖြစ်ချင်ဘူး။ ဘလော့မှာလဲ သုံးချင်တယ် လာကြည့်တဲ့သူတွေကိုလဲ ဖတ်လို့ရချင်တယ်။ အဲလိုမျိုးလုပ်လို့ရသလားဆိုတာကို http://www.mysteryzillion.org/ မှာ မေးကြည့်တော့ အောက်ကလင့်လေးမှာ ဘယ်လိုလုပ်ရသလဲဆိုတာကို ပြောပြထားတာတွေ့ရတယ်။

မြန်မာ Unicode Embed ထည့်သွင်းခြင်း

အဲမှာပြောသလိုလိုက်လုပ်ကြည့်လိုက်တော့ အားလုံးပဲ အဆင်ပြေသွားတယ်။

ကျွန်တော်လုပ်တဲ့အဆင့်တွေကို ဒီမှာ ထပ်ရေးလိုက်ပါတယ်။
ဘလော့ကို အကောင့်နဲ့ဝင်လိုက်ပြီး အပေါ်ညာဘက်ထောင့်နားက Design ကို ကလစ်လိုက်တယ်။
ပြီးတော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Template ကို ကလစ်လိုက်တယ်။

Customize


ပြီးရင် Customize ကို ကလစ်လိုက်တယ်။

Add CSS
 
ပြီးရင် Advanced –> Add CSS ကို ထပ်ပြီး ကလစ်လိုက်တယ်။
Apply to blog

အဲဒီမှာ အောက်က ကုတ်တွေကို ကူးထည့်ပြီး Apply to blog ကို ကလစ်လိုက်တယ်။

@font-face {
font-family:’MON3 Anonta 1′;
src:local(‘MON3 Anonta 1’),url(‘http://mmwebfonts.comquas.com/fonts/mon3.ttf’);
}


body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:’MON3 Anonta 1′!important;}

အဲဒါတွေလုပ်ပြီးရင်တော့ ဘလော့ကို လာဖတ်တဲ့ စာဖတ်သူမှာ Myanmar Unicode Font မရှိလဲ ဘလော့က Myanmar Unicode နဲ့ရေးထားတဲ့ စာတွေကို ကောင်းကောင်းဖတ်လို့ရပါပြီ။
နောက်တစ်ခုက Mobile Theme ကို disable လုပ်ထားဖို့လိုပါမယ်။ အဲဒါမ Mobile, Tablet တွေနဲ့ကြည့်လဲ မြန်မာယူနီကုတ်ကို ကောင်းကောင်းမြင်ရမှာပါ။