ovftool.exe – Entry Point Not Found

ဒီနေ့ vmware ပေါ်မှာ eve emulator စမ်းကြည့်မယ်ဆိုပြီးတော့ http://www.eve-ng.net/ ကနေ ova ဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး open virtual machine ကနေတဆင့် import လုပ်ကြည့်လိုက်တာ အောက်ကလိုမျိုး error ပေါ်လာတာပဲ။

ovftool

OK ကို ကလစ်လိုက်တော့ အောက်ကလိုမျိုးထပ်တွေ့ရတာပဲ။

ovftool_2

လိုက်ရှာကြည့်လိုက်တော့  ဖြေရှင်းနည်းကို တွေ့သွားတယ်။ ovf tool 4.0 64 bit ကို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်လိုက်တယ်။ ပြီးတော့ C:\Program Files\VMware အောက်ကနေ VMware OVF Tool ဖိုဒါကို copy လုပ်ပြီး C:\Program Files (x86)\VMware\VMware Workstation အောက်က OVFTool ကို OVFTool_old လို့ နာမည်ပြောင်းပြီး စောစောက ကူးထားတဲ့ ဖိုဒါကို OVFTool လို့နာမည်ပေးလိုက်ပြီး C:\Program Files (x86)\VMware\VMware Workstation မှာ paste လုပ်လိုက်တယ်။ အဲဒါလုပ်ပြီးတာနဲ့ ပြန်ဖွင့်ကြည့်လိုက်တော့ အဆင်ပြေသွားတယ်။

Advertisements

no bridge network card in vmware ws

ဒီနေ့သုံးစရာရှိလို့ vmware workstation 11.x ကို ဖွင့်ကြည့်လိုက်တော့ network card bridge type မှာ network card ကို မမြင်ရတော့ bridge mode ကို သုံးမရဘူး။ Edit >> Virtual Network Editor ကနေ ကြည့်လိုက်ရင် အောက်ကအတိုင်းမြင်ရတယ်။

no_bridge

အထက်ကပုံလိုမျိုးတွေ့ရတယ်။ အဲဒါနဲ့ change settings ကို သွားပြီးတော့ restore defaults ကို ကလစ်လိုက်တာ အဆင်ပြေသွားတယ်။

restore-default

 

VMware player installation and solve on CentOS

Vmplayer ကို အင်စတောလုပ်ဖို့အတွက် installer file ကို http://www.vmware.com/products/player/playerpro-evaluation.html ကနေ ဒေါင်းလုပ်လုပ်ပါ။ ပြီးရင် အောက်က ပုံထဲက အတိုင်း ကွန်မန်းတွေကို ရိုက်ပေးပါ။

Screenshot

./VMware-Player-7.1.0-2496824.x86_64.bundle လို့ရိုက်ပြီးတာနဲ့ Windows OS မှာ အင်စတောလုပ်သလိုမျိုး windows တစ်ခုတက်လာတယ်။ ပြီးရင် Next ကို ကလစ်ပြီး အင်စတောလုပ်နိုင်ပါတယ်။

Screenshot-1

ဒါပေမယ့် အင်စတောလုပ်ပြီးလို့ ဖွင့်လိုက်ရော အောက်ကလိုမျိုးတက်လာတယ်။

လိုက်ရှာကြည့်လိုက်တော့ အဲဒီ Error က kernel-devel နဲ့ပက်သက်တယ်ဆိုတာ သွားတွေ့တယ်။ ဒါနဲ့အောက်က ကွန်မန်းလေးရိုက်ပြီး kernel-devel ကို အင်စတောလုပ်လိုက်တော့ အိုကေသွားတယ်။

[root@localhost tmp]# yum install kernel-devel

အင်စတောလုပ်ပြီးတာနဲ့ ပြန်ဖွင့်ကြည့်လိုက်တော့ အောက်ကလိုမျိုးပေါ်လာတယ်။

အဲဒါတွေကို စစ်ပြီးတော့ Vmware player ကို ပြန်ဖွင့်လို့ရသွားပါတယ်။