Unicode on screen keyboard from Google

keyboard

ဒီနေ့မ သတိထားမိတယ်။ Gmail မှာ ကီးဘုတ်ပုံလေးတွေ့လို့ ကလစ်ကြည့်လိုက်ပြီးတော့ input tool settings ကနေ မြန်မာဘာသာကို ထည့်လိုက်တယ်။ ပြီးတော့ ကီးဘုတ်ပုံလေးကနေ မြန်မာဘာသာကို ရွေးလိုက်တော့ မြန်မာ onscreen ကီးဘုတ်လေးကို တွေ့ရတယ်။ ကဲစာစရိုက်လို့ရပါဘီ။ ရိုက်ရင်းနဲ့ English လို့ရိုက်ချင်သလား။ Caps Lock ကီးလေးကို နှိပ်လိုက်ပါ။ အားလုံး English လို့ပြောင်းသွားပါလိမ့်မယ်။ ကီးတွေအားလုံးကတော့ အသေးတွေဖြစ်နေပါလိမ့်မယ်။ စာလုံးအကြီးနဲ့ရေးချင်သလား။ လွယ်ပါတယ်။ Shift ကီးလေးနဲ့ တွဲပြီး ရိုက်ကြည့်လိုက်ပါ။
ကဲဘာလိုသေးလဲဗျာ။ မြန်မာစာရိုက်ဖို့ ကီးဘုတ်တောင် အင်စတောလုပ်စရာမလိုတော့ဘူး။ အင်တာနက်လေးတော့ ရှိဖို့လိုတာပေါ့နော်။ အင်တာနက်မရှိတဲ့သူတွေအတွက်တော့ မြန်မာယူနီကုတ် အင်စတောလာတွေများကြီးရှိပါတယ်။ ကျွန်တော်ကတော့ keymagic လေးနဲ့ အဆင်ပြေသဗျ။ အဲဒီအကြောင်းကိုတော့ အရင်က ပို့မှာ ရေးထားတာရှိပါတယ်။ ဖတ်ချင်ရင်တော့ အောက်ကလင့်မှာ ဖတ်ကြည့်တော့ဗျာ။

ယူနီကုတ်ရော ဇော်ဂျီရော ကွန်ပျူတာမှာ ဘယ်လိုသုံးမလဲ

အခုဒီစာကို ဘယ်လိုရိုက်လဲ သိချင်သလား။ သိချင်ရင်တော့ အောက်ကပုံလေးမှာ ကြည့်လိုက်တော့ဗျာ။

keyboard1

နောက်ဆိုရင် ဒီထက်ပိုလန်းမယ့် အ‌ပြောင်းအလဲတွေ ထပ်လာဦးမှာ သေချာတယ်။ ကဲဘယ်လိုလဲ ပေကပ်ပြီး ဇော်ဂျီကိုပဲ ဆက်သုံးဦးမလား။ အားလုံးက စံထားတဲ့ ယူနီကုဒ် standard အတိုင်းလိုက်နာထားတဲ့ ယူနီကုဒ်ကိုပြောင်းသုံးမလား။ အဲဒါကတော့ ခင်ဗျားဘာသာပဲ ‌စဉ်းစားဆုံးဖြတ်တော့ဗျာ။