STP Five Port States

STP Port State ၅ မျိုးရှိတယ်။
အဲဒါတွေကတော့ အောက်ကပုံမှာ ကြည့်လိုက်ပါ။

Port တစ်ခု Forwarding State ကို ရောက်ဖို့အတွက် အောက်မှာ ပြထားတဲ့အတိုင်း အဆင့်ဆင့်ပြောင်းလဲ သွားပါတယ်။
Blocking မှာ ဆိုရင် ၂၀ စက္ကန့်
Listening မှာ ၁၅ စက္ကန့်
Learning မှာ ၁၅ စက္ကန့်
အဲဒီအဆင့်တွေပြီးမပဲ Port တစ်ခုဟာ Forwarding State ကို ရောက်ပါတယ်။

state between listening, learning and forwarding.

ပုံမှန်ဆိုရင် Spanning-tree events တွေကို မမြင်ရပါဘူး။ အဲဒါကို မြင်ချင်တယ်ဆိုရင် eanble mode ထဲမှာ အောက်က ကွန်မန်းရိုက်ပေးဖို့လိုပါတယ်။ ပြီးရင် switch ကို console cable နဲ့ချိတ်ထားဖို့လိုပါမယ်။ မဟုတ်ရင် အဲဒီ messages တွေကို မြင်ရမှာ မဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာသုံးတဲ့ switch တွေမှာ မလိုအပ်ဘဲ CPU Usage တက်တဲ့အတွက် အဲဒါကိုပိတ်ထားပါတယ်။ ပြန်ပိတ်ချင်ရင်တော့ no debug spanning-tree events လို့ ပြန်ရိုက်ပေးပါ။

C2960S-SW1#debug spanning-tree events

အထက်ကပုံမှာ Blocking State ရဲ့စက္ကန့်ကို မမြင်ရဘူး။ အဲဒါကို သိချင်တယ်ဆိုရင် 
show spanning-tree details ကွန်မန်းကို သုံးပြီးကြည့်နိုင်ပါတယ်။

show spanning-tree details