switch stacking ကို တစ်ခါမမလုပ်ဖူးဘူး။ အရင်က သိလဲမသိလေ့လဲ မလေ့လာဖူးဘူး။ လုပ်ရမယ်ဆိုတော့မ ပြေးပြေးလွှားလွှားကြည့်ဖြစ်တော့တယ်။ သိပ်မခက်ကြီးမဟုတ်သလို အလွယ်ကြီးလဲမဟုတ်ဘူး။ တခြားprojectကို သွားကူရတာဆိုတော့ သူတို့ပြောတဲ့အတိုင်း switch ကို config လုပ်ပေးရတယ်။ နာမည်တစ်ခါထဲရေးထားပြီးသား။ ရေးထားတဲ့အတိုင်း mount လုပ်ရတယ်။ ပြီးတော့ အပေါ်ဆုံး switch ကို master ထားပြီးအဲဒီအောက်က switch ကို standby ထားပေးရတယ်။ ကျန်တဲ့ switches တွေကတော့ member တွေပေါ့။
စလုပ်ရတော့ အဲဒါကို သေချာမကြည့်ဖြစ်ဘူး။ console cable ချိတ်ပြီးလုပ်ကြည့်တယ်။ မရတော့ နောက်ထပ် switch တစ်ခုကို ပြောင်းပြီးလုပ်ကြည့်တယ်။ ရတယ်ဆိုရင် အဲဒီ switch ကနေ configure လုပ်တယ်။ နောက်တော့ အတူတူလုပ်တဲ့သူတွေနဲ့ပြောကြည့်တော့မ အပေါ်ဆုံး switch ကို master ဖြစ်ရမယ်။ အဲဒီအောက်က switch က standby ဖြစ်ရမယ်။ ၂ လုံးထပ်ပိုရင်တော့ ကျန်တဲ့ switches တွေကတော့ member ဖြစ်ရမယ်။ အဲလိုသိရတော့မ အရင်လုပ်ခဲ့တဲ့ switch တွေကို ပြန်ပြင်ရတယ်။ ဘယ် switch က master ဘယ် switch က standby ဘယ် switches တွေက member လဲဆိုတာကို LED တွေကို ကြည့်ပြီးတော့လဲ သိနိုင်ပါတယ်။ ACTV ဆိုတဲ့ မီးလေးက အမြဲလင်းနေတယ်ဆိုရင် အဲဒီ switch က master ပဲ။ တကယ်လို့ အဲဒီမီးလေးက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေရင်တော့ အဲဒီ switch က standby ပဲ။ အဲလိုမ မဟုတ်ရင်တော့ member တွေပဲ။
တကယ်လို့ ကိုယ်ဖြစ်ချင်သလို မဟုတ်လာဘူးဆိုရင် switch တွေကို နံပါတ်ပြောင်းပြီး priority ပြောင်းပေးရတယ်။ နောက်တော့ ဘယ်လိုပဲနေနေ switch တွေကို နံပါတ်ပြောင်းပြီး priority ပြောင်းပေးတယ်။
လက်ရှိ stack status ကို အောက်ကကွန်မန်းနဲ့ ကြည့်နိုင်ပါတယ်။
switch#show switch detail
Switch/Stack Mac Address : 0000.0000.2480 – Local Mac Address
Mac persistency wait time: Indefinite
H/W Current
Switch# Role Mac Address Priority Version State
————————————————————
*1 Active 0000.0000.2480 4 V07 Ready
2 Standby 0000.0000.4400 3 V08 Ready
3 Member 0000.0000.ef00 2 V07 ReadyStack Port Status Neighbors
Switch# Port 1 Port 2 Port 1 Port 2
——————————————————–
1 OK OK 2 3
2 OK OK 3 1
3 OK OK 1 2switch#
ဒီမှာဆိုရင် Switch 1 က Master ၊ Switch 2 က Standby ၊ switch 3 က Member.
တကယ်လို့ switch number ကို ပြောင်းချင်ရင် မာစတာ switch မှာ switch current switch number renumber new switch number ပြီးပြောင်းနိုင်ပါတယ်။ ဥပမာ switch 1 ကို switch 5 လို့ပြောင်းချင်ရင် အောက်ကအတိုင်းရိုက်နိုင်ပါတယ်။
switch# switch 1 renumber 5
priority ကို ပြောင်းချင်ရင်
switch# switch 1 priority 3
လို့ရိုက်ပြီးပြောင်းနိုင်ပါတယ်။ ပြောင်းပြီးရင်တော့ switch ကို reload လုပ်ပေးဖို့လိုပါတယ်။ ပြန်တက်လာရင်တော့ ပြောင်းထားတဲ့အပေါ်မူတည်ပြီးတော့ master/standby/member က ပြောင်းသွားပါလိမ့်မယ်။
priority က 1 to 15 ပေးလို့ရပါတယ်။
switch number ကတော့ 1 to 9 အထိပဲရပါတယ်။ stack ကို အများဆုံး switch 9 လုံးပဲ ချိတ်လို့ရပါတယ်။
priority တူနေရင်တော့ mac-address အငယ်ဆုံး switch က master ဖြစ်သွားပါမယ်။
default အနေနဲ့ switch န့ပါတ်က 1 and priority 1 ပါ။
[…] ဒီနေရာမှာ Switch Stacking အကြောင်းရေးထားဖူးတယ်။ ဒီတစ်ခါတော့ […]
LikeLike