unroot the moto g 1st gen 4.4.2

အရင်တုန်းက ဇော်ဂျီဖောင့်သုံးချင်လို့ moto G 1st Generation (2013) version ကို root လုပ်ပြီးတော့ ဖောင့်ကို ဇော်ဂျီပြောင်းလိုက်တယ် သိပ်မကြာပါဘူး ၄.၄.၂ ကနေ ၄.၄.၄ ကို update ပေးတယ်။ update လုပ်မယ်ဆိုပြီးတော့ ဒေါင်းပြီး restart လုပ်လိုက်တော့ မရဘူး။ အဲဒါနဲ့ motoroll support ကို မေးကြည့်တော့ root လုပ်ထားတဲ့အတွက် မရတာလို့ပြောတယ်။ အလုပ်ရှုပ်တာရယ် အဆင်မပြေရင် ဒုက္ခဆိုပြီးတော့ ထပ်ပြီးမစမ်းဖြစ်ဘဲ ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒီနေ့တော့ ဖုန်းအသစ်ထပ်ဝယ်ဖြစ်တော့ အဆင်မပြေလဲ ကိစ္စမရှိဘူး update  လုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတယ်။

ပထမဆုံး ဖုန်း setting ထဲ ဝင်ပြီး developer option ကနေ USB debugging ကို on ထားပါ။

ပြီးရင်လိုအပ်တဲ့ဖိုင်တွေကို အောက်ကလင့်တွေကနေဒေါင်းလိုက်တယ်။ (အဲဒါမလုပ်ခင်တော့ ဖုန်းက root လုပ်ထားပြီးသားပါ)

mfastboot-v2.zip

RETAIL-AS_FALCON_KXB20.25-1.31_cid7_CFC_1FF.xml_2.zip

Retail_AS.zip

အဲဒီ ၃ ဖိုင်ကို ဖိုဒါတစ်ခုထဲမှာထည့်ပြီး အားလုံးကို zip ဖြည်လိုက်ပါ။

extract

ဖုန်းကို bootloader ထဲကို ဝင်လိုက်ပါ။ power off လုပ်ပြီး power + volume down ကို တွဲနှိပ်ပါ။

ပြီးရင် ဖုန်းကို USB cable နဲ့ချိတ်လိုက်ပါ။

driver လိုရင် ဒီကနေဒေါင်းပါ။

ပြီးရင် စောစောက ကွန်ပျူတာမှာ zip ဖြည်ထားတဲ့အထဲက Retail_AS.bat ဖိုင်လေးကို double click လုပ်ပြီးဖွင့်လိုက်ပါ။

bat file.png

ကွန်ပျူတာမှာရော ဖုန်းမှာရော အလုပ်လုပ်နေတဲ့ process ကို မြင်ရပါမယ်။ ပြီးဘီဆိုရင် ကွန်ပျူတာမှာ press any key to continue… ဆိုတာမြင်ရင် ကီးတစ်ခုခုကို နှိပ်လိုက်ပါ။ ဖုန်း restart  ကျပြီး ပြန်တက်လာရင် unroot ဖြစ်သွားပါဘီ။ ပြီးရင် အင်တာနက်ချိတ်ပြီး 4.4.4 OTA update ကိုလုပ်ကြည့်လိုက်ရင် ဒီတစ်ခါတော့ အဆင်ပြေသွားပါဘီ။

ပိုပြီးသေချာအောင် အင်တာနက်မှာ ထပ်ရှာကြည့်ပြီးမ လုပ်စေချင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s