File Permission on Linux

Linux မှာ File permission ကို ဘယ်လိုသိနိုင်မလဲ။ CLI ကနေ ls -l or ll လို့ကြည့်လိုက်ရင် အောက်ကလိုမျိုး တွေ့ရပါမယ်။

ls

အဲဒီမှာ anaconda-ks.cfg and Desktop ရဲ့ရှေ့မှာ -rw——- and drwxr-xr-x လို့ မြင်ရတယ်။ အဲဒါက ဘာလဲဆိုတာကို အောက်က ပုံလေးမှာ ရှင်းပြထားပါတယ်။

permission

ပထမဆုံး – or d က ဘာကိုပြောတာလဲဆိုရင် – ဆိုရင် ဖိုင် d ဆိုရင် ဖိုဒါ လို့ပြောတာ။ ပထမဆုံး rwx ကတော့ file owner ရဲ့ read, write and execute permisson ပါ။ ဒုတိယ rwx ကတော့ group member တွေရဲ့ read, write and execute permission ပါ။ နောက်ဆုံး rwx ကတော့ တခြား users တွေအတွက် read, write and execute permission ပါ။ ဆိုပါစို့ read permission ကို ပေးချင်ရင် r နေရာမှာ 1 လို့ permission ပေးရမယ်။ write permission ပါပေးချင်ရင် w နေရာမှာ 1 လို့ ‌permission ပေးရပါမယ်။ ‌execute permission ကို ပိတ်ထားချင်ရင်တော့ x နေရာမှာ 0 လို့ permission ပေးရပါမယ်။ ‌အားလုံးကို ပေါင်းလိုက်ရင် 110 ရတယ်။ အဲဒီ 110 က binary လိုရေးလိုက်တာပါ။ အဲဒါကို decimal ပြောင်းလိုက်ရင် ၆ ရတယ်။ အဲဒီတော့ ဖိုင်တစ်ခုကို အားလုံးအတွက်  read, write and no execute permission ပေးချင်ရင် အောက်က ကွန်မန်းကို သုံးနိုင်ပါတယ်။

ပထမဆုံး test.txt ဆိုတဲ့ ဖိုင်တစ်ခုကို create လုပ်လိုက်မယ်။ ပြီးတော့ အဲဒီဖိုင်ရဲ့ permission ကို ကြည့်လိုက်တော့ အောက်ကလိုမျိုးတွေ့ရတယ်။

[root@localhost ~]# ls -l test.txt
-rw-r–r– 1 root root 0 Jun 22 16:50 test.txt
[root@localhost ~]#

အဲဒါကို အားလုံးအတွက် ‌read, write and no execute permission ပြောင်းချင်ရင် အောက်ကလိုမျိုးပြောင်းနိုင်ပါတယ်။

[root@localhost ~]# chmod 666 test.txt
[root@localhost ~]# ls -l test.txt
-rw-rw-rw- 1 root root 0 Jun 22 16:50 test.txt
[root@localhost ~]#

ပြောင်းပြီးတော့ ပြန်စစ်ကြည့်လိုက်တော့ စောစောက ကျွန်တော်တို့ ပြောင်းလိုက်သလိုပဲ file permission က ပြောင်းသွားပါတယ်။

အဲဒီမှာတွေ့ရတဲ့ root root ဆိုတာက owner and group ပါ။ ပထမ root က file owner, ဒုတိယ root က အဲဒီဖိုင်ရဲ့ group။ အဲဒါကို ပြောင်းချင်ရင်တော့ chown command သုံးလို့ရပါတယ်။

[root@localhost ~]# ls -l test.txt
-rw-rw-rw- 1 root root 0 Jun 22 16:50 test.txt
[root@localhost ~]# chown root:nagios test.txt
[root@localhost ~]# ls -l test.txt
-rw-rw-rw- 1 root nagios 0 Jun 22 16:50 test.txt
[root@localhost ~]#

ကဲအခုတော့ ဒီလောက်ပါပဲ။ နောက်နေ့တွေကျမ user account ဘယ်လိုလုပ်မယ် group ဘယ်လိုလုပ်တယ်ဆိုတာကို ထပ်ပြီးရေးပါဦးမယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s