NTP Server setup in CentOS

NTP server က သာမန်ကွန်ပျူတာတွေအတွက် မလိုအပ်ပေမယ့် Network Devices တွေအတွက်တော့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုခုပြသနာတက်ရင် Troubleshoot လုပ်ဖို့အတွက် log တွေကို ပြန်ကြည့်တဲ့အခါ အချိန်က အားလုံးတူနေမ ပြန်စစ်တဲ့အခါ အဆင်ပြေမှာ။ မဟုတ်ရင် log တွေစစ်တဲ့အခါ မရေရာတဲ့ အဖြေတွေရပြီး ဘာဖြစ်တယ်ဆိုတာကို တိကျတဲ့အဖြေရဖို့ခက်ပါတယ်။ အဲဒါကြောင့် NTP Server ကို သုံးကြတယ်။

Windows Server မှာတော့ ဘယ်လို setup လုပ်တယ်ဆိုတာကို မစမ်းဖြစ်ခဲ့ဘူး။ မနေ့ကတော့ လုပ်ငန်းလိုအပ်မှုကြောင့် Linxu Server (CentOS) မှာ ဘယ်လို configure လုပ်တယ်ဆိုတာကို စမ်းကြည့်ဖြစ်တယ်။ အားလုံးအဆင်ပြေသွားတယ်။ အခုပို့မှာ ဘယ်လိုလုပ်ရတယ်ဆိုတာကို ပြောပြပေးမှာပါ။

ပထမဆုံး NTP daemon ကို အင်‌စတောလုပ်ပေးဖို့လိုပါမယ်။ အောက်ကကွန်မန်းနဲ့ အင်စတောလုပ်နိုင်ပါတယ်။

[root@localhost ~]# yum install ntp
Package ntp-4.2.6p5-3.el6.centos.x86_64 already installed and latest version
Nothing to do
[root@localhost ~]#

ဒီမှာတော့ အင်စတောလုပ်ပြီးသားမို့ ဘာမထပ်လုပ်စရာမလိုတော့ပါဘူး။ ကဲပြီးရင် /etc/ntp.conf ဖိုင်ကို ပြင်ပေးဖို့လိုပါတယ်။

# Hosts on local network are less restricted.
#restrict 192.168.1.0 mask 255.255.255.0 nomodify notrap
restrict 192.168.2.0 mask 255.255.255.0 nomodify notrap
restrict 10.0.0.0 mask 255.255.255.0 nomodify notrap

# Use public servers from the pool.ntp.org project.
# Please consider joining the pool (http://www.pool.ntp.org/join.html).
server 0.centos.pool.ntp.org iburst
#server 1.centos.pool.ntp.org iburst
#server 2.centos.pool.ntp.org iburst
#server 3.centos.pool.ntp.org iburst

ဒီမှာ Hosts on local network မှာ နပ်ဝပ် ၂ ခု ထည့်လိုက်ပါမယ်။ ဆိုလိုတာက အဲဒီ နပ်ဝပ် ၂ ခုကနေ ဒီ NTP Server ကို NTP Server အနေနဲ့ အသုံးပြုနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ ပြီးတော့ use public servers from the pool.ntp.org project အောက်မှာ public server တစ်ခုကို on လိုက်ပါမယ်။ ရှေ့ဆုံးမှာရှိတဲ့ # လေးကို ဖြုတ်လိုက်ယုံပါပဲ။ ဒီနေရာမှာ တခြား NTP Server address တွေကိုလဲ သုံးနိုင်ပါတယ်။

ပြီးရင် NTP service ကို restart လုပ်ပေးဖို့လိုပါတယ်။

service ntpd restart

ပြီးရင် စက်ဖွင့်လိုက်တိုင်း ntp service ကို စတင်ဖို့အတွက် ntp service ကို start-up မှာ on ပေးဖို့လိုပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် အောက်ကကွန်မန်းကို သုံးပေးဖို့လိုပါတယ်။

chkconfig ntpd on

ခုဆိုရင်တော့ ဆာဗာဘက်မှာတော့ အားလုံးပြီးဘီ။ ကဲ Windows PC ကနေ စမ်းကြည့်ရအောင်။

CLOCK

date/time ကို ကလစ်ပြီး change date and time setting ကို ကလစ်လိုက်မယ်။ ပြီးရင် Internet Time tab ကို သွားပြီး Change Setting ကို သွားလိုက်မယ်။ ပြီးရင် Synchronize with an internet server ကို ရွေးလိုက်ပြီး စောစောက configure လုပ်ထားတဲ့ ဆာဗာလိပ်စာကို ‌ရိုက်လိုက်မယ်။ ပြီးရင် update now ကို ကလစ်လိုက်ရင် အောက်ကပုံထဲက အတိုင်းမြင်ရလိမ့်မယ်။

NTP

အဆင်ပြေရင် စမ်းကြည့်လိုက်ပါဦး။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s