Singapore မှာ ခရီးသွားရင်း ပိုက်ဆံရှာကြမယ်

ခရီးသွားရင်း ပိုက်ဆံရှာကြမယ်ဆိုလို့တစ်မျိုးမထင်ကျနဲ့ဦး စင်ကာပူမှာ ez link card သုံးပြီး ကားစီး ရထားစီးရင်း ပိုက်ဆံဝင်နိင်တဲ့နည်းလမ်းတစ်ခုကို ပြောပြပေးမှာပါ။ သိတဲ့သူရှိသလို မသိတဲ့သူလဲ ရှိနိုင်ပါတယ်။

အခုအစီအစဥ်ကိုတော့ LTA, Transitlink and SMRT ကနေ အထောက်အပံ့ပေးထားတာပါ။

စင်ကာပူမှာ ခရီးသွားဖို့အတွက် Ez link ကဒ်ကလေးတွေကို သုံးရတယ်။

ဘယ်လိုလဲဆိုတော့ Ez Link card ကို သုံးပြီး ခရီးသွားတာနဲ့အမျှ Point တွေရလာတယ်။ ပြီးရင် အဲဒီ ပွိုင့်တွေကိုသုံးပြီးတော့ Spin to Win ဆိုတဲ့ကစားနည်းကို ကစားရမှာ ဖြစ်ပါတယ်။ Spin တစ်ခါလုပ်ရင် 10 point လိုပါတယ်။ အဲဒီကစားနည်းက ငယ်ငယ်တုန်းက အန်စာတုန်းပစ်ပြီး ကျတဲ့နံပါတ်အတိုင်း ၁ ကနေစပြီး ပန်းတိုင်ကို ရောက်အောင်သွားရတဲ့ ကစားနည်းပါ။ ၁ ကနေ ပန်းတိုင်အတွင်း ပါဝါကို ရပြီးလှေခါးနဲ့တက်သွားသလို မြွေကိုက်ပြီး အောက်ရောက်သွားသလိုပဲ ဒီမှာဆိုရင် point ‌ကလေးတွေ လှေခါးတွေ တွင်းတွေ ပိုက်ဆံတွေ ပါပါတယ်။ ပိုက်ဆံရရင် အဲဒီပိုက်ဆံကို ကိုယ်ထည့်ထားတဲ့  MRT Card နံပါတ်တူတဲ့ ကဒ်ထဲကို ပိုက်ဆံထည့်ပေးမှာပါ။ ဆိုလိုတာက register လုပ်ထားတဲ့ ကဒ်ထဲကိုပဲ ထည့်ပေးမှာပါ။ တခြားကဒ်ထဲကို ထည့်မပေးပါဘူး။ တစ်ကယ်လို့ ကဒ်ပျောက်သွားလို့ တခြားကဒ်အသစ်တစ်ခု ဝယ်လိုက်တယ်ဆိုရင် အရင်ကဒ်နံပါတ်ကို ဖျက်ပြီး နောက်ကဒ်အသစ်ကို ပြန်ထည့်လိုက်ရင် နိုင်ထားသမျှပိုက်ဆံနဲ့ ပွိုင့်တွေကို နောက်ကဒ်အသစ်ထဲကို ထည့်ပေးမှာ ဖြစ်ပါတယ်။ card activate ဖြစ်ဖို့တော့ ၃ ရက် ၄ ‌ရက်လောက် စောင့်ရပါတယ်။

စိတ်ဝင်စားလို့ register လုပ်ချင်ရင်တော့ အောက်ကလင့်ကနေ register လုပ်ပေးကြပါနော်။ ကျွန်တော်ပွိုင့်ရအောင်လို့ပါ။

https://travelsmartrewards.sg/r/MNbaPUGg/

အဲဒီလင့်ကိုသွားပြီး အီးမေးလိပ်စာနဲ့ password ရိုက်ပြီး register လုပ်နိုင်ပါတယ်။ ပြီးရင် ပုံထဲကအတိုင်း နာမည် အသက် အလုပ်အကိုင် နဲ့ ကဒ်နံပါတ်ကို ဖြည့်ပြီး I agreed ကို ကလစ်လိုက်ပါ။

SMRT form

ပြီးရင် စောစောက ထည့်လိုက်တဲ့ အီးမေးဆီကို မေးပို့လာပါလိမ့်မယ်။ အဲဒါကလဲ ထည့်လိုက်တဲ့အီးမေးလိပ်စာမှန်မမှန် ပြန်ပြီး confirm လုပ်တဲ့သဘောပါပဲ။ အဲဒီမှာပါတဲ့လင့်ကတစ်ဆင့် confirm လုပ်ပြီး လုပ်ထားတဲ့အကောင့်ကို active လုပ်နိုင်ပါတယ်။

အဲဒါတွေလုပ်ပြီးရင် လုပ်ထားတဲ့အကောင့်ကိုဝင်ပြီး setting ကနေတဆင့် spin the game ကို auto လား manual လားဆိုတာကို setup လုပ်နိုင်ပါတယ်။ တကယ်လို့ပိုက်ဆံရပြီဆိုရင် ဒီလနိုင်တာကို နောက်လမှာ ထုတ်ယူနိုင်ပါတယ်။

ကဲဒီလောက်ဆိုရင်တော့ တီးမိခေါက်မိရှိပြီထင်ပါတယ်။ စင်ကာပူမှာနေပြီး ez link card နဲ့ ရထား bus ကားနဲ့ ခရီးသွားတယ်ဆိုရင်တော့ အကောင့်တစ်ခုလောက်လုပ်ထားသင့်ပါ‌ကြောင်း ကိုယ်ပိုင်ကားရှိတယ်ဆိုရင်တော့ ဒီပို့က အပိုဖြစ်နေပါလိမ့်မယ်။

စမ်းကြည့်လိုက်ပါဦး… ဒါနဲ့စကားမစပ် အကောင့်လုပ်ရင် ကျွန်တော့်ပေးထားတဲ့လင့်လေးကနေလုပ်ပေးပါနော်။

https://travelsmartrewards.sg/r/MNbaPUGg/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s