Console connection directly go to privilege mode on GNS3

GNS3 မှာ Router တွေကို Configure လုပ်ဖို့အတွက် အားလုံးပြင်ဆင်ပြီးတော့ Router ကို Start လုပ် ပြီးတော့ console နဲ့ဝင်လိုက်တော့ တစ်ခါထဲ privilege mode ထဲကို တန်းရောက်သွားတယ်။ ဆိုလိုတာက Router> ကို မရောက်ဘဲ Router# ဆိုပြီးပြတယ်။ အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာကို လိုက်ရှာကြည့်လိုက်တယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ lab တွေမှာ Router တစ်လုံးကနေ နောက်တစ်လုံးကို telnet or SSH ဝင်ကြည့်လိုက်ရင် password တောင်းတာတွေမရောက်တော့ပဲ privilege mode ထဲကို တန်းရောက်သွားရင် တစ်ခုခုမှားနေတယ်ထင်ပြီး လိုက်ရှာရတာ အချိန်ကုန်တာတွေဖြစ်မှာစိုးလို့ပါ။ ကျွန်တော်တုန်းကလဲ အဲလိုဖြစ်ဖူးလို့ပါ။

ကဲစလိုက်ရအောင်။ ပထမဆုံး ios_base_startup-config.txt ဆိုတဲ့ဖိုင်ကို လိုက်ရှာလိုက်မယ်။ ပြီးရင် အဲဒီဖိုင်ကို ဖွင့်ပြီး အောက်ကပုံထဲမှာ အပြာရောင်နဲ့ အရောင်ခြယ်ထားတာကို ဖျက်ပြီး ဖိုင်ကို သိမ်းလိုက်ပါမယ်။

privilege_level_15

ပြီးရင် GNS3 ကို ပြန်ဖွင့်ပြီး Edit >> Preferences ကို သွားလိုက်မယ်။ ပြီးရင် အောက်ကပုံအတိုင်း C3725, C7200 ကို တစ်ခုခြင်းရွေးပြီး Edit ကို ကလစ်လိုက်မယ်။ ပြီးရင် Initial Startup-config မှာ စောစောကဖိုင်ရဲ့နေရာကို ပြောင်း OK ကို ကလစ်လိုက်ပြီး ပြင်ဆင်ထားတာကို သိမ်းလိုက်ပါမယ်။

privilege_level_15_1

အဲဒါတွေပြင်ပြီးရင်တော့ Router တွေကို ဖွင့်ပြီး Console နဲ့ ဝင်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရပါပြီ။

privilege_level_15_2

ဒီမှာဆိုရင် GNS3 1.3.2 ကို Windows Home Premium 64 bits မှာ သုံးထားတာပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s