NIC Teaming on Server 2012

NIC Teaming ကို ဘာလို့သုံးကျတာလဲ။ NIC Teaming ဆိုတာဘာလဲ။

NIC Teaming ဆိုတာက Network cards ၂ ခု ဒါမမဟုတ် ၂ ခုထက်ပိုတဲ့ နပ်ဝပ်ကဒ်တွေကို ပေါင်းပြီး တစ်ခုထဲအနေနဲ့ပေါင်းလိုက်တာပါ။ ပေါင်းလိုက်တာနဲ့ speed လဲတက်လာမယ်။ ပြီးတော့ High availability လဲ ဖြစ်သွားမယ်။ ဆိုလိုတာက 100M Network cards ၂ ခုကို NIC Teaming လုပ်လိုက်ရင် 200M ရှိတဲ့ Network card တစ်ခုရလာမယ်။ တစ်ကယ်ဆိုရင် ကဒ်၂ခုထဲက တစ်ခုဒေါင်းသွားမယ် ဒါမမဟုတ် လင့်တစ်ခုဒေါင်းသွားမယ်ဆိုလဲ ကျန်တဲ့တစ်ခုနဲ့ဆက်ပြီး အလုပ်လုပ်နိုင်ပါတယ်။ အဲဒီတော့ server down time ကိုလဲ လျော့ချပေးနိုင်ပါတယ်။

အခုနုတ်မှာတော့ Server 2012 မှာ NIC teaming ဘယ်လိုလုပ်မလဲဆိုတာကို ပြောပြမှာပါ။

ပထမဆုံး Server Manager ကို ဖွင့်လိုက်ပါ။

ပြီးရင် All server ကို ကလစ်လိုက်ပါ။ ပြီးရင် ဆာဗာနာမည်ကို right click လုပ်ပြီး configure NIC Teaming ကို ကလစ်လိုက်ပါမယ်။

nic-teaming-1

ပြီးရင် Adapters and interfaces အောက်မှာရှိတဲ့ Ethernet Network cards ၂ခုကို select လုပ် right click ကနေ Add to new team ကို ကလစ်လိုက်ပါမယ်။ ပြီးရင် နာမည်တစ်ခုပေးလိုက်ပါမယ်။

nic-teaming-2

အဲဒီမှာ TEAMS အောက်မှာ Team0 ရှိနေတာက အခုဆာဗာမှာ လုပ်ထားပြီးသားရှိနေလို့ပါ။

nic-teaming-3

နာမည်ပေးပြီးသွားတာနဲ့ Teaming လုပ်တာပြီးသွားပါပြီ။ server မှာ warning  လို့မြင်နေရတာက Network card တစ်ခုမှာ ကြိုးတပ်မထားလို့ပါ။

ကြိုးတပ်လိုက်ပြီး ခဏနေရင် အောက်ကပုံအတိုင်းမြင်ရပါမယ်။

nic-teaming-4

Network connection မှာ သွားကြည့်လိုက်ရင် အောက်ကအတိုင်း မြင်ရပါမယ်။

nic-teaming-5

Ethernet and Ethernet2 ကတော့ တကယ်ရှိနေတဲ့ ကဒ်၂ခုပါ။ Team0 ဆိုတာကတော့ စောစောက Network cards ၂ခုကိုပေါင်းပြီး Teaming လုပ်ထားတဲ့ ကဒ်ပါ။

အားလုံးကို status ကြည့်လိုက်ရင် ethernet & ethernet 2 ရဲ့ speed ကတော့ 1Gbps ပါ။  Team0 ကတော့ ၂ ခုပေါင်းထားတာဆိုတော့ 2Gbps  ဖြစ်သွားပါတယ်။ ၃ ခုပေါင်းထားရင်တော့ 3Gbps ဖြစ်သွားပါမယ်။ နောက်တစ်ခုရှိတာက Static IP ပေးမယ်ဆိုရင် Team0 မှာပဲ ပေးရပါမယ်။ Ethernet & Ethernet 2 မှာ ပေးစရာမလိုပါဘူး။ အောက်ကပုံးလေးကို ကြည့်ရင် သိနိုင်ပါတယ်။

nic-teaming-6

Network cards ရှိရင် ရှိသလို Teaming NIC တွေ ထပ်လုပ်လို့ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s