How to see line number while you use VI editor in linux?

Linux မှာ ဖိုင်တွေကို CLI ကနေ vi editor နဲ့ ကြည့်ဖွင့်တဲ့အခါ ပုံမှန်ဆိုရင် line number မပေါ်ပါဘူး။

linenumber-1

အထက်ကပုံအတိုင်းမြင်ရပါတယ်။
line number ပေါ်ချင်တယ်ဆိုရင် vi editor နဲ့ ဖိုင်ကိုဖွင့်ပြီးရင် :set number ဆိုပြီးရိုက်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရပါမယ်။

linenumber-2

အဲဒါကိုပဲ ပြန်မမြင်ချင်ဘူးဆိုရင် :set number! ဆိုပြီးရိုက်ရပါမယ်။
အဲလိုလုပ်တာက ခဏတဖြုတ်ပဲမြင်ရမှပါ။ အဲလိုမ မဟုတ်ဘဲ ဖိုင်ကို vi editor နဲ့ ဖွင့်တိုင်း line number မြင်ချင်တယ်ဆိုရင် အောက်ပါအတိုင်းလုပ်ပေးရပါမယ်။
vi /etc/virc
ပြီးရင် /set ruler ဆိုပြီးရိုက်လိုက်ပါမယ်။ အဲဒါက ဘာလုပ်တာလဲဆိုတော့ virc ဖိုင်ထဲမှာ set ruler ဆိုတဲ့ စကားလုံးကို ရှာလိုက်တာပါ။
ပြီးရင် edit mode ကိုဝင်ဖို့ အတွက် i ကို နှိပ်လိုက်ပါမယ်။
ပြီးရင် set ruler အောက်မှာ set number ဆိုပြီးရိုက်လိုက်ပါမယ်။
ဖိုင်ကို သိမ်းဖို့အတွက် ESC ကို နှိပ်ပါ။ ပြီးရင် :wq ဆိုပြီးရိုက်လိုက်ပါမယ်။
အဲဒါတွေလုပ်ပြီးရင်တော့ ဖိုင်တွေကို vi editor နဲ့ဖွင့်တိုင်း line number ကိုမြင်ရပါလိမ့်မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s