Backup IOS image

ဒီနေ့ရုံးကို Cisco Catalyst 2960-s switch တစ်လုံး လက်တည့်စမ်းစရာ ရောက်လာတာနဲ့ အရင်က ဖတ်ဖူးတာလေးစမ်းကြည့်ဖြစ်တယ်။ ios image ကို GNS3 မှာ ပြန်သုံးလို့ရအောင် ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် flash ထဲက ios ဖိုင်ပျက်သွားရင်လဲ ပြန်ထည့်နိုင်အောင် switch ထဲမှာ ထည့်ထားတဲ့ IOS image ကို ဘယ်လို backup လုပ်မလဲ ဆိုတာကိုပါ။ ပထမဆုံး solarwind TFTP Server ကို အရင် install လုပ်လိုက်တယ်။ ပြီးတော့ switch ကို console cable နဲ့ချိတ်ပြီးတော့ ဝင်လိုက်တယ်။ ပြီးတော့ အောက်က ကွန်မန်းကို ရိုက်ကြည့်လိုက်တယ်။

switch#show flash:

ios-backup-1

Backup လုပ်ရမယ့်ဖိုင်ကတော့ c2960s-universalk9-mz.122-55.SE7 ပါ။ switch အမျိုးအစားအပေါ်မူတည်ပြီး နာမည်ကွဲနိုင်ပါတယ်။ ပြီးတော့ အောက်ကကွန်မန်းကို ထပ်ရိုက်လိုက်ပါတယ်။

switch#copy flash: c2960s-universalk9-mz.122-55.SE7 tftp:

လို့ရိုက်ပြီး enter ကို ရိုက်လိုက်ပါတယ်။ ပြီးတော့ tftp server ip address ကို ထပ်ရိုက်လိုက်ပါတယ်။

ios-backup-2

အဲဒီမှာ error ပြနေတယ်။ ဘာလို့လဲဆိုတော့ c2960s-universalk9-mz.122-55.SE7 က ဖိုင်မဟုတ်ဘဲနဲ့ directory ဖြစ်နေတဲ့အတွက် ကူလို့မရဘူးဖြစ်နေတယ်။ ဒါနဲ့ Google ကနေ လိုက်ရှာလိုက်တော့ အောက်ကကွန်မန်းရိုက်ကြည့်ဖို့အကြံပေးတာနဲ့ ရိုက်ကြည့်လိုက်တော့ အဆင်ပြေသွားတယ်။

Switch#copy flash: c2960s-universalk9-mz.122-55.SE7/ c2960s-universalk9-mz.122-55.SE7.bin

လို့ရိုက်ပြီး enter နှိပ်ပြီးရင် tftp server ip address ရိုက်ပြီးတော့ သိမ်းမယ့်ဖိုင်ကို သူပြောတဲ့အတိုင်း သိမ်းမယ်ဆိုရင် enter ထပ်ရိုက်လိုက်ရင် အောက်ကအတိုင်းမြင်ရပါမယ်။

ios-backup-3

အဲဒါကတော့ file copying စလုပ်နေတဲ့ပုံပါ။ file သိမ်းမယ့်နေရာမှာ နာမည်တူဖိုင်ရှိနေလို့ အရင်ရှိတဲ့ဖိုင်ကို ဖျက်ပစ်လိုက်တယ်ဆိုတဲ့ message ကို မြင်ရတာပါ။

ခဏလောက်နေရင် အောက်ကအတိုင်း မြင်ရပါမယ်။

ios-backup-4

ဖိုင်သိမ်းလို့ပြီးသွားပြီဆိုတဲ့ message မြင်ရရင် အားလုံးပြီးသွားပါပြီ။ cisco router တွေကိုလဲ အဲဒီနည်းအတိုင်း IOS image ကို backup လုပ်လို့ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s