ကံကောင်းခြင်းများနဲ့ ၂၀၁၅

လက်ရှိအလုပ်မှာလုပ်နေတာ ၂ နှစ်ပြည့်ခါနီးပြီ။ အဲဒီ ၂ နှစ်အတွင်း အလုပ်ပြောင်းဖို့ ဘာတစ်ခုမ မလုပ်ခဲ့ဘူး။ ကံကောင်းချင်တော့ ဒီရက်ပိုင်းမှာ main contractor အတွက် လက်ရှိလုပ်နေတဲ့ Project က အစ်ကိုတစ်ယောက်က သူတို့ဆီမှာ လူခေါ်နေတယ်ပြောတာနဲ့ စမ်းလျောက်ကြည့်လိုက်တယ်။ အဲဒီကလဲ အင်တာဗျူးခေါ်ပြီး အလုပ်ခန့်တော့မယ့်အထိဖြစ်သွားတယ်။ စင်ကာပူက ISP တစ်ခုပါ။ အဲဒီကို အင်တာဗျူးသွားပြီး နောက်ရက်မှာ သူငယ်ချင်းတစ်ယောက်က MNC မှာ walk in အင်တာဗျူးကို စနေနေ့မှာ ခေါ်မယ် သွားကြည့်ပါလားလို့တိုက်တွန်းလို့ အဲဒီကိုလဲ သွားဖြစ်လိုက်တယ်။ အဲဒီအလုပ်ကတော့ ကိုယ်တိုင်လဲ လုပ်ချင်တဲ့အလုပ်တစ်ခုပါ။ အဲဒီအလုပ်ကလဲ နောက်ရက်မှာ အလုပ်ခန့်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပို့ပေးပါဆိုပြီး ဖုန်းဆက်လာတယ်။

ရပိုင်ခွင့်နဲ့ လစာကို ယှဉ်ကြည့်လိုက်ရင် ISP ကပေးမယ့်ရပိုင်ခွင့်နဲ့ လစာက MNC ထက်အများကြီးသာတယ်။ MNC က အလုပ်ကတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ဝါသနာပါတဲ့အလုပ်။ ဒါပေမယ့် နောက်ဆုံး MNC က အလုပ်ကိုပဲရွေးလိုက်တယ်။ ဘာလို့လဲဆိုတော့ MNC က အလုပ်က တစိုက်မတ်မတ်လေ့လာလာတဲ့ Network Engineer အလုပ်

ကျန်တဲ့အလုပ်ကတော့ System+Network နည်းနည်း +Video Product management အစုံလုပ်ရမယ်။ အရင်ကတည်းက Networking ကိုသာအခုလိုမလေ့လာဖြစ်ခဲ့ဘူးဆိုရင် ISP က အလုပ်ကိုပဲရွေးဖြစ်မယ်။

အခုဆိုရင် ကိုယ်လုပ်ချင်တဲ့အလုပ်လဲရပြီ။ အဲဒီတော့ Networking ကို အရင်ကထက် ပိုပြီးလေ့လာမယ်။ ပြီးရင် ဒီဘလော့လေးမှာ ကျွန်တော်သိသလောက် ပြန်ပြီး နုတ်လေးတွေရေးပြီးတင်သွားပါမယ်။ သိပ်မဝေးတော့တဲ့ကာလ တစ်ခုမှာ နောက်ထပ်ရတနာလေးတစ်ပါးလဲ ထပ်တိုးလာတော့မယ်။ အဲဒီအသိတွေနဲ့အခုထပ်ပိုပြီး ကိုယ့်ဘာသာကိုယ် မောင်းနှင်ပြီးတော့လေ့လာမယ်။ ပြီးရင် သိတာလေးတွေ မျှဝေသွားပါမယ်။

၂၀၁၅ ကတော့ ကျွန်တော့်အတွက် ကံကောင်းခြင်းတွေယူဆောင်လာပါပြီ။ ကျွန်တော့်လိုပဲ မြန်မာပြည်သူအပေါင်းလဲ ကံကောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s