Blogspot မှာ မြန်မာယူနီကုတ်ဖောင့်မရှိလဲ မြင်ရအောင် ဘယ်လိုလုပ်မလဲ

ကျွန်တော့်ဘလော့လေးမှာ မြန်မာယူနီကုတ် သုံးချင်တယ်။ ဒါပေမယ့် လာကြည့်တဲ့သူတွေမှာ မြန်မာယူနီကုတ်မရှိဘူးဆိုရင် ဖတ်မရဘူးဖြစ်နေဦးမယ်။ အဲလိုလဲ မဖြစ်ချင်ဘူး။ ဘလော့မှာလဲ သုံးချင်တယ် လာကြည့်တဲ့သူတွေကိုလဲ ဖတ်လို့ရချင်တယ်။ အဲလိုမျိုးလုပ်လို့ရသလားဆိုတာကို http://www.mysteryzillion.org/ မှာ မေးကြည့်တော့ အောက်ကလင့်လေးမှာ ဘယ်လိုလုပ်ရသလဲဆိုတာကို ပြောပြထားတာတွေ့ရတယ်။

မြန်မာ Unicode Embed ထည့်သွင်းခြင်း

အဲမှာပြောသလိုလိုက်လုပ်ကြည့်လိုက်တော့ အားလုံးပဲ အဆင်ပြေသွားတယ်။

ကျွန်တော်လုပ်တဲ့အဆင့်တွေကို ဒီမှာ ထပ်ရေးလိုက်ပါတယ်။
ဘလော့ကို အကောင့်နဲ့ဝင်လိုက်ပြီး အပေါ်ညာဘက်ထောင့်နားက Design ကို ကလစ်လိုက်တယ်။
ပြီးတော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Template ကို ကလစ်လိုက်တယ်။

Customize


ပြီးရင် Customize ကို ကလစ်လိုက်တယ်။

Add CSS
 
ပြီးရင် Advanced –> Add CSS ကို ထပ်ပြီး ကလစ်လိုက်တယ်။
Apply to blog

အဲဒီမှာ အောက်က ကုတ်တွေကို ကူးထည့်ပြီး Apply to blog ကို ကလစ်လိုက်တယ်။

@font-face {
font-family:’MON3 Anonta 1′;
src:local(‘MON3 Anonta 1’),url(‘http://mmwebfonts.comquas.com/fonts/mon3.ttf’);
}


body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:’MON3 Anonta 1′!important;}

အဲဒါတွေလုပ်ပြီးရင်တော့ ဘလော့ကို လာဖတ်တဲ့ စာဖတ်သူမှာ Myanmar Unicode Font မရှိလဲ ဘလော့က Myanmar Unicode နဲ့ရေးထားတဲ့ စာတွေကို ကောင်းကောင်းဖတ်လို့ရပါပြီ။
နောက်တစ်ခုက Mobile Theme ကို disable လုပ်ထားဖို့လိုပါမယ်။ အဲဒါမ Mobile, Tablet တွေနဲ့ကြည့်လဲ မြန်မာယူနီကုတ်ကို ကောင်းကောင်းမြင်ရမှာပါ။ 
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s