Cisco Switch မှာ username and password ဘယ်လိုပေးမလဲ

ပုံမှန်ဆိုရင် cisco switch/router တွေမှာ telnet, console connection နဲ့ ဝင်လိုက်ရင် password တောင်းတယ်။ အဲလိုမဟုတ်ဘဲ telnet, console connection နဲ့ဝင်လိုက်တာနဲ့ ကြိုတင် assign လုပ်ထားတဲ့ username and password သုံးလို့ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာလေး စမ်းဖြစ်ပါတယ်။
username&pass_1
ပုံမှာဆိုရင် switch ရဲ့ fa0/1 နဲ့ ကွန်ပျူတာရဲ့ fa0 ကို ehternet ကေဘယ်သုံးပြီးချိတ်ထားတယ်။ ပြီးရင် နောက်ထပ် ကွန်ပျူတာတစ်လုံးကို console cable နဲ့ ချိတ်ထားပါတယ်။ အဲဒီကွန်ပျူတာမှာတော့ IP ထည့်မထားပါဘူး။

ပြီးရင် ကွန်ပျူတာမှာ 192.168.1.1/24 IP Address ကို ပေးလိုက်တယ်။ ပြီးရင် switch မှာ VLAN1 ကို 192.168.1.2/24 IP Address ကို ပေးလိုက်တယ်။
ပြီးရင် switch မှာ အောက်က ကွန်မန်းတွေကို ရိုက်ပေးလိုက်ပါမယ်။

Switch(config)#username cisco secret cisco
Switch(config)#line vty 0 4
Switch(config-line)#login local
Switch(config-line)#exit
Switch(config)#line console 0
Switch(config-line)#login local
Switch(config-line)#end
Switch#

အဲဒါတွေပေးပြီးသွားရင် ကွန်ပျူတာကနေ telnet နဲ့ ဝင်ကြည့်မယ်။ အောက်ကပုံအတိုင်းမြင်ရပါမယ်။

username&pass_2

ပြီးရင် နောက်ကွန်ပျူတာကနေ console နဲ့ ဝင်ကြည့်ရအောင်။

username&pass_3

အခုဆိုရင် telnet နဲ့ပဲ ဖြစ်ဖြစ် console နဲ့ပဲ ဖြစ်ဖြစ် switch ကို configure လုပ်ဖို့ဝင်လိုက်ရင် username and password တောင်းပါလိမ့်မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s