How to use GNS3?

မြန်မာအင်ဂျင်နီယာဖိုရမ်မှာ ရေးဖြစ်ခဲ့တာလေးကို ပြန်ရှယ်တာပါ။
GNS3 ကို http://www.gns3.net ကနေ ဒေါင်းနိုင်ပါတယ်။
GNS3 ကို အင်စတောလုပ်ပြီးဘီဆိုရင် cisco ios တွေ အလုပ်လုပ်အောင် ဘယ်လို config  လုပ်လဲ အရင်ဆုံး လုပ်ပြပါမယ်။ အင်စတောလုပ်ပြီး GNS3 ကို ဖွင့်လိုက်တာနဲ့ အောက်ကပုံအတိုင်း မြင်ရပါမယ်။

gns1

New Project တ​ွေ သိမ်းမယ့်နေရာတွေကို save မယ့်ဖိုင်လမ်းကြောင်းပါ။ ဒီနေရာမှာတော့ cancel ပဲ လုပ်လိုက်ပါမယ်။ ပြီးရင် အောက်ကပုံအတိုင်း Edit Menu ကနေ IOS images and hypervisors ကို ကလစ်လိုက်ပါမယ်။

gns2

ပြီးရင် External hypervisors tab ကို ကလစ်ပြီးတော့ အနီဝိုင်းထားတဲ့အတိုင်းမှန်ရင် save လုပ်လိုက်ပါမယ်။

gns3

Save ပြီးတာနဲ့ အောက်ကပုံအတိုင်း မြင်ရပါမယ်။

gns4

ပြီးရင် IOS images tab ကို သွားပြီးတော့ setting အောက်က image file ကို ရွေးပေးပါ။ အောက်ကပုံလေးကို ကြည့်လိုက်ပါမယ်။

gns5

အောက်ကပုံထဲကအတိုင်း မေးပါလိမ့်မယ်။ uncompress  လုပ်ဖို့အတွက် yes ကို ကလစ်လိုက်ပါမယ်။

gns6

ပြီးရင် save လိုက်ပါမယ်။ အဲဒီမှာ သတိထားမိလားမသိဘူး။ ဖွင့်လိုက်တုန်းကတော့ .bin ဖိုင်။ ဒါပေမယ့် uncompress လုပ်မယ်ပြောလိုက်တဲ့အတွက် .image ဆိုပြီး ဖိုင်တစ်ခုတိုးလာပါတယ်။ အဲဒါကတော့ စောစောက uncompress  လုပ်ပြီးရလာတဲ့ image ဖိုင်ပါ။

နောက်ထပ် IOS တစ်ခုကိုလဲ အဲဒီအတိုင်းလုပ်လိုက်ပါ။ ဒီပို့ရဲ့အောက်ဆုံးမှာ IOS(2600 and 7200) ဖိုင်၂ခုကို ဒေါင်းဖို့လင့်ထည့်ပေးထားပါတယ်။

gns8
gns9
 gns10

အဲဒါတွေပြီးသွားပြီဆိုရင် close ကို ကလစ်ပြီး IOS image and hypervisor ကို ပိတ်လိုက်ပါမယ်။ အခုဆိုရင် Router 2600 & Router 7200 IOS ၂ ခုကို image ထည့်ပြီးဘီဖြစ်တဲ့အတွက် အဲဒီ Router ၂ ခုကို စသုံးလို့ရပါဘီ။ တခြား router တွေကို သုံးချင်တယ်ဆိုရင်တော့ သက်ဆိုင်ရင် ios image တွေကို ထည့်ပေးဖို့လိုပါမယ်။ 2600 or 7200 router ကို မောက်နဲ့ ကလစ်ပြီးတော့ drag and drop လုပ်လိုက်ပါမယ်။ ပြီးရင် router ပေါ်မှာ right click  လုပ်ပြီး start ကို ကလစ်လိုက်ပါ။ ပြီးရင် router ပေါ်မှာ right click  လုပ်ပြီး console ကို ကလစ်လိုက်ပါ။

gns11

နောက်ထပ် Windows တစ်ခုပေါ်လာပါမယ်။ အဲဒီမှာ တကယ့် Router တွေမှာ အလုပ်လုပ်သလိုမျိုးတွေ့ရပါမယ်။ ခဏလောက်နေရင် enter ကို နှိပ်ကြည့်လိုက်ပါ။ အောက်ကပုံအတိုင်း မြင်ရဘီဆိုရင်တော့ router configuration စလုပ်လို့ရပါဘီ။

gns12

cisco ios ကို အောက်ကလင့်မှာ ဒေါင်းလို့ရပါတယ်။
http://bit.ly/KATUOk 2600 ကို ဒေါင်းရန်
http://bit.ly/LOe88j 7200 ကို ဒေါင်းရန်

ကိုးပုံမြောက်က what is IDLEPC ဆိုတာလေးကို သတိထားမိလားမသိဘူး။ အဲဒါက ဘာလုပ်ဖို့လဲဆိုရင် CPU Usage ကို ပြန်လျော့ချဖို့အတွက်ပါ။ GNS3 မှာ Router တွေကို Start လုပ်လိုက်ပြီဆိုရင် CPU Usage က 100% လောက်ယူသုံးလိုက်တယ်။ ဘယ်လိုလျော့ချမလဲဆိုရင် Router ကို Right Click လုပ်ပြီး IDLE PC ကို ကလစ်ပါမယ်။ အဲဒီအထဲက * ပါတဲ့ နံပါတ်ကို  ရွေးလိုက်ပါ။ အဲဒါဆိုရင် CPU Usage ကို လျော့ချပေးပါလိမ့်မယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s