How to setup Router for home or small office?

ဒီနေ့ home or small office အတွက် router configuration တွေကို note ရေးမယ်စိတ်ကူမိတယ်။
သိပြီးသားသူတွေအတွက်တော့ မထူးဆန်းပေမယ့် မသိတဲ့သတွေအတွက်တော့ တော်တော်ခက်နေပါလိမ့်မယ်။
ပထမဆုံးအနေနဲ့ router ထဲကိုဝင်ပြီး configuration တွေကိုပြင်ဖို့အတွက် router ရဲ့ IP Address ကို သိဖို့လိုပါတယ်။
အဲလိုသိဖို့အတွက်ကွန်ပျူတာကို router ကို နပ်ဝပ်ကေဘယ်နဲ့ချိတ်ပါ။ ပြီးရင် computer ရဲ့ IP Address Setting မှာ DHCP ကို ရွေးထားပါ။ ပြီးရင် command prompt ကနေ ipconfig /all ကွန်မန်းနဲ့ IP Address ကို ကြည့်ပါ။ အဲဒီမှာ default gateway မှာ ပေါ်နေတဲ့ IP Address က router ရဲ့ IP Address ပါပဲ။
သိရပြီဆိုရင် အဲဒီ IP Address ကို Command prompt ကနေပဲ ping 192.168.1.1 (ဒါကတော့ ဥပမာအနေနဲ့ ပြောတာပါ) လို့ရိုက်ပြီး enter နှိပ်လိုက်ပါ။ reply ပြန်လာတယ်ဆိုရင် ကျွန်ပျူတာနဲ့ router ကြားမှာ Connection ရှိနေပါဘီ။
အဲဒီ IP Address ကိုပဲ Browser ကနေ ခေါ်လိုက်ပါ။ User name and password တောင်းပါလိမ့်မယ်။ Router ရဲ့ ကျောဘက်မှာ ရေးထားပါတယ်။ အဲဒါကိုသုံးပြီး Router ထဲကို ဝင်ပါ။
ဒီ note ထဲမှာတော့ Linksys E1200 series router နဲ့ လုပ်ပြသွားပါမယ်။

router4home_1

ပြီးရင် Internet connection type မှာ ယူထားတဲ့ လိုင်းပေါ်မူတည်ပြီး တစ်ခုခုကို ရွေးပါ။

Static IP လား automatic configuration – DHCP လား။ ယူထားတဲ့လိုင်းက IP DHCP ဆိုရင် ဒီနေရာမှာDHCP ကို ရွေးလိုက်ယုံပါပဲ။ တစ်ကယ်လို့ ယူထားတဲ့လိုင်းက Static IP ဆိုရင် ပေးထားတဲ့ IP Address ဆိုရင် ပေးထားတဲ့ IP Address, Subnet mask, default gateway, DNS Server Address တွေကို ပေးထားတဲ့အတိုင်းထည့်ပါ။ ဒါပြီးရင် ဒီနေရာမှာ ပြင်စရာပြီးပါဘီ။

router4home_2

ပြီးရင် Router Address နေရာမှာ ကိုယ့် Network အတွက် သင့်တော်တဲ့ IP Address ကို ထည့်ပါ။

ဒီနေရာမှာတော့ ကျွန်တော်က 192.168.13.1/255.255.255.224 ကို ရွေးထားပါတယ်။
IP Address နဲ့ ပက်သက်ပြီးတော့ နောက်အဆင်ပြေတဲ့အချိန်ကျရင် ထပ်ရေးပါဦးမယ်။
ပြီးရင် DHCP Server Setting မှာ on/off အဆင်ပြေရာ ရွေးပါ။ On ထားမယ်ဆိုရင်တော့ Start IP and end IP ကို ထည့်ပါ။ On ထားမယ်ဆိုရင်တော့ အဲဒီ Router ကို ချိတ်ပြီးသွားတဲ့ Device  တွေမှာ IP Address တွေကို ရိုက်ပေးစရာမလိုတော့ဘဲ (အဲဒီ Device တွေမှာလဲ IP Setting မှာ DHCP ကို ရွေးထားမယ်ဆိုရင်) အလိုလိုဖြည့်သွားမှာဖြစ်ပါတယ်။
Off ထားမယ်ဆိုရင်တော့ Client Device တွေမှာ IP Address တွေကို Manual ထည့်ပေးဖို့လိုပါမယ်။
အဲလိုထည့်မယ်ဆိုရင်တော့ Default Gateway ကတော့ အဲဒီ Router ရဲ့ IP Address ပေါ့။ ဒီမှာဆိုရင်တော့ 192.168.13.1 ပါ။
Wireless Setting မှာတော့ ကိုယ်သုံးမယ် Device တွေအပေါ်မူတည်ပြီးတော့ Network Mode, Channel Width, Channel တွေကို ရွေးလိုက်ပါမယ်။
Network Name(SSID) မှာတော့ CISCO လို့ ထည့်လိုက်ပါမယ်။ အဲဒီနာမည်က Wireless Device တွေကနေ အဲဒီ Router ကို Connect လုပ်ချင်ရင် Wireless Network တွေထဲက အဲဒီနာမည်ကို ရွေးပြီး ချိတ်လိုက်ဖို့အတွက် နာမည်ပေးတာပါ။

router4home_3

Wireless Security အောက်မှာတော့ Security Mode and preshare key တွေကို လိုချင်သလို ထည့်လိုက်ပါမယ်။ ကျွန်တော်ကတော့ WAP2 personal ကို ရွေးပါတယ်။ WEP ကတော့ Security သိပ်မကောင်းလို့ မသုံးဖြစ်ပါဘူး။

ပြီးရင် Save Setting လုပ်လိုက်ရင် ပြီးပါပြီ။

router4home_4

အခွင့်အရေးရခဲ့ရင် စမ်းကြည့်လိုက်ပါဦး။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s