ယူနီကုတ်ရော ဇော်ဂျီရော ကွန်ပျူတာမှာ ဘယ်လိုသုံးမလဲ

ခုရက်ပိုင်း Google Translate မှာ မြန်မာစာကို ထောက်ပံ့ပေးထားတော့ လူတိုင်း အဲဒါကို စမ်းသုံးချင်ကြတယ်။ စမ်းသုံးကြည့်တော့ အဆင်မပြေကြဘူး။ ဘာလို့လဲဆိုတော့ Google က ယူနီကုတ်ဖောင့်ကိုပဲ သုံးပါတယ်။ အသုံးပြုသူတော်တော်များများက ဇော်ဂျီကို သုံးကြတယ်။ အဲတော့အဆင်မပြေဖြစ်ကုန်ရော။ အဲဒီတော့ Google Translate ကို သုံးကြည့်ချင်တယ်ဆိုရင်တော့ ယူနီကုတ်ကို မဖြစ်မနေသုံးဖို့လိုပါလိမ့်မယ်။
ကဲ ယူနီကုတ်ရော ဇော်ဂျီရော ကွန်ပျူတာမှာ ဘယ်လိုသုံးကျမလဲ။
၂ ခုလုံးကို သုံးကြည့်သလောက်တော့ အဆင်ပြေတယ်။ Windows 7 64bits and Windows 8 64 bits မှာ သုံးကြည့်သလောက်တော့ အိုကေတယ်။
စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာပြောထားတဲ့အတိုင်းလိုက်ပြီး setup လုပ်ပြီးစမ်းကြည့်လိုက်ပါ။
ဟုတ်ပြီ။ ယူနီကုတ်မြင်ဖို့အတွက် ယူနီကုတ်ဖောင့်တစ်ခုခုကို အင်စတောလုပ်ထားဖို့လိုမယ်။
ကျွန်တော်ကတော့ သာလွန်ဖောင့်ကို သုံးထားတယ်။ ကိုယ်ကြိုက်တဲ့ဖောင့်ကို သုံးလို့ရပါတယ်။
သာလွန်ဖောင့်ကို https://code.google.com/p/tharlon-font/downloads/list ကနေဒေါင်းနိုင်ပါတယ်။
ပြီးရင် စက်ထဲမှာ အင်စတောလုပ်လိုက်မယ်။
ဖောင့်အင်စတောလုပ်ပြီးရင်တော့ ဘယ် browser နဲ့ဘာကို သုံးမလဲဆိုတာကို ကိုယ်ဘာသာကိုယ်ဆုံးဖြတ်ပြီး browser မှာ setting လုပ်ပါမယ်။
ကျွန်တော်ကတော့ ဇော်ဂျီကို Mozilla Firefox နဲ့သုံးပြီး ယူနီကုတ်ကို Chrome နဲ့သုံးပါတယ်။
ယူနီကုတ်ကို Chrome နဲ့သုံးဖို့အတွက် Chrome ကို ဖွင့်ပြီး setting ကို သွားလိုက်ပါ။
Customize fonts ကို ကလစ်ပါ။
ဖောင့်အားလုံးကို Tharlon ကို ပြောင်းလိုက်ပါ။
အဲဒါဆိုရင် Chrome မှာ ယူနီကုတ်ကောင်းကောင်းသုံးလို့ရပါပြီ။
http://my.wikipedia.org/ ကို ဖွင့်ကြည့်လိုက်ရင် အားလုံးအဆင်ပြေပြေမြင်ရပါပြီ။
ဖောင့်ကိစ္စပြီးသွားပြီဆိုတော့ ကီးဘုတ်အတွက်ဘယ်လိုလုပ်မလဲ။
ဇော်ဂျီသုံးတဲ့သူတော်တော်များများ(ကျွန်တော်အပါအဝင်)က ယူနီကုတ်ကို ကောင်းမှန်းသိတယ်။ ဒါပေမယ့် ပြောင်းမသုံးချင်ကြဘူး။ ဘာလို့လဲဆိုတော့ ကီးဘုတ်လက်ကွက်တွေ မတူတဲ့အတွက် ယူနီကုတ်သုံးမယ်ဆိုရင် လက်ကွက်ပြန်ကျင့်ရမှာ ပျင်းလို့။ 😀
Developer Thant Thet Khin Zaw ကနေ keymagic ဆိုတဲ့ဆော့ဝဲလေးနဲ့ အဲဒီပြသနာကို ဖြေရှင်းပေးထားပါတယ်။
https://code.google.com/p/keymagic/ မှာ ကြည့်နိုင်ပါတယ်။
အဲဒီကနေ KeyMagic-1.5.1-Installer.exe ကိုဒေါင်းပြီး အင်စတောလုပ်လိုက်ပါ။
ဒါမမဟုတ်ရင် http://db.tt/Inqs6dqf ကနေလဲ ဒေါင်းလို့ရပါတယ်။
ဒီလင့်ထဲမှာ နောက်ထပ် ဇော်ဂျီကီးဘုတ်တစ်ခုလဲပါပါတယ်။
အဲဒီဆော့ဝဲလေးကို အင်စတောလုပ်ပြီးတာနဲ့ အောက်ကကီးဘုတ်တွေ ပါလာပါမယ်။
Myanmar3
Parabaik
myWin
Zawgyi L – Unicode
ကျွန်တော်ကတော့ လက်ရှိ Zawgyi L – Unicode ဆိုတဲ့ ကီးဘုတ်ကိုပဲ သုံးပါတယ်။ အဲဒီအတွက် Myanmar3, Parabaik, myWin ကီးဘုတ်တွေကို ဖျက်လိုက်ပါတယ်။ တကယ်တော့ အဲဒီကီးဘုတ်တွေနဲ့ စာမရိုက်တက်လို့ပါ။ 😀
Zawgyi L – Unicode ကီးဘုတ်ကဘာလဲဆိုတော့ ဇော်ဂျီလက်ကွက်အတိုင်းရိုက်ပြီး ယူနီကုတ်အတိုင်း ထွက်တဲ့ ကီးဘုတ်ပါ။
မှတ်ချက်။ ။ ဇော်ဂျီက ယူနီကုတ်မဟုတ်ပါဘူး။
အဲဒီတော့ ယူနီကုတ်သုံးဖို့အတွက် လက်ကွက်ပြန်ကျင့်စရာမလိုတော့ဘူးပေါ့။
ကျွန်တော်ကတော့ နောက်ထပ် ကီးဘုတ်တစ်ခုကိုလဲ ထပ်ပြီးထည့်ထားပါတယ်။
အဲဒီကီးဘုတ်ကတော့ ဇော်ဂျီအတွက်ပါ။ အဲဒါကိုတော့ manual ထပ်ပြီးထည့်ပေးဖို့လိုပါတယ်။ ဒီဖိုင်ကတော့ စောစောက ကျွန်တော်ပေးထားတဲ့ဒေါင်းလုပ်လင့်က ဖိုင်ထဲမှာပါပါမယ်။
ပါလာတဲ့ကီးဘုတ်တွေကိုဖျက်ဖို့နဲ့နောက်ထပ်ကီးဘုတ်ထပ်ထည့်ဖို့အတွက် taskbar ပေါ်က i logo ပုံလေးကို Right Click လုပ်ပြီး Show Windows ကို ကလစ်လိုက်ပါ။

 

နောက်ထပ် windows တစ်ခုပေါ်လာပါလိမ့်မယ်။
ဒါကတော့ ကျွန်တော်လိုအပ်သလိုပြင်ထားတဲ့ အခြေအနေပါ။
မကြိုက်တာတွေကို ဖျက်ပြီးနောက်ထပ်ဇော်ဂျီကီးဘုတ်ကို ထည့်ဖို့အတွက် Add ကို ကလစ်ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်ထဲက Zawgyi L – Unicode.km2 ဖိုင်လေးကို ထည့်ပေးလိုက်ရင် ဇော်ဂျီရော ယူနီကုတ်ရောကို လက်ကွက်တစ်ခုထဲနဲ့ ရိုက်လို့ရပါပြီ။
Browser မှာ လဲ အဆင်ပြေပြေ သုံးလို့ရသွားပါပြီ။
စာဖတ်သူအတွက် အနည်းနဲ့အများအထောက်အကူဖြစ်မယ်လို့ မျှော်လင့်လျက်….

SSH Login Banner ကို ဘယ်လို enable လုပ်မလဲ

Linux မှာ SSH Login Banner ကို ဘယ်လို enable လုပ်မလဲ
ပထမဆုံး /etc/ssh/sshd-banner ဆိုပြီး ဖိုင်တစ်ခု လုပ်လိုက်မယ်။
ပြီးရင် SSH connection လုပ်လိုက်ရင် မြင်စေချင်တဲ့ စာတွေကို အဲဒီဖိုင်ထဲမှာ ရိုက်ပြီး သိမ်းလိုက်မယ်။
ပြီးတော့ /etc/ssh/sshd_config ဖိုင်ကို ဖွင့်ပြီး Banner ဆိုတဲ့ စာသားကို ရှာပြီး 
အဲဒီစာသားရှေ့က # ကို ဖယ်လိုက်ပြီး အောက်ကအတိုင်း ပြင်လိုက်ပါမယ်။

Banner /etc/ssh/sshd-banner


ပြီးရင် sshd service ကို restart လုပ်လိုက်မယ်။

service sshd restart


အဲဒါပြီးရင် အဲဒီ Linux Machine ကို တခ​ြား စက်တစ်လုံးလုံးကနေ SSH နဲ့ ဝင်ကြည့်လိုက်ရင် စောစောက ပြင်ထားတဲ့ စာသားတွေကို မြင်ရပါလိမ့်မယ်။

Static/Default Route

Static route နဲ့ Default route ဆိုတာက ဘယ် နပ်ဝပ်ကနေ ဘယ်နပ်ဝပ်ကို သွားမယ်ဆိုတာကို Administrator ကိုယ်တိုင် Define လုပ်ပြီး configure လုပ်ထားတာပါ။ 
အဲလိုမျိုးက သေးတဲ့ နပ်ဝပ်တွေအတွက်သာ ကောင်းပါတယ်။ အရမ်းကြီးတဲ့ နပ်ဝပ်ကိုသာ static route and default route နဲ့သာ configure လုပ်မယ်ဆိုရင် ပြီးမှာ မဟုတ်တော့ပါဘူး။ ပြီးတော့ နပ်ဝပ်ထဲမှာ အပြောင်းအလဲ တစ်ခုရှိပြီဆိုရင် လိုက်ပြင်ရတာလဲ အဆင်မပြေပါဘူး။
ဒါပေမယ့် ဘယ်လို configure လုပ်ရတယ်ဆိုတာကို သိထားဖို့လိုပါမယ်။
အောက်ကပုံလေးကို ကြည့်ရအောင်။

static-default-route

R1 မှာဆိုရင် loopback network 6 ခုနဲ့ R2 ကို connect လုပ်ထားတဲ့ နပ်ဝပ်တစ်ခုရှိတယ်။

R2 မှာဆိုရင်တော့ Loopback network ၁ ခုနဲ့ R1 ကို connect လုပ်ထားတဲ့ နပ်ဝပ်တစ်ခုရှိတယ်။
Dynamic routing မသုံးဘဲနဲ့ ဒီမှာဆိုရင် Static and Default route ကိုပဲ သုံးပါမယ်။
Static route ကို ဘယ်မှာ သုံးမလဲ။ Default route ကို ဘယ်မှာ သုံးမလဲ။
R1 ကနေ R2 ကို Static Route သုံးမယ်ဆိုရင် static route တစ်ခုပဲ သုံးရမယ်။
ပြီးတော့ R2 ကနေ R1 ကို Static Route သုံးမယ်ဆိုရင် Static Route ၆ ခု သုံးရမယ်။
ဒါပေမယ့် Summarized လုပ်ပြီး Static Route တစ်ခုပဲ သုံးမယ်ဆိုရင်လဲ ရပါတယ်။ အခု Lab မှာတော့ R2 ကနေ R1 ကို Default Route သုံးလိုက်ပါမယ်။

R1(config)#ip route 20.20.20.0 255.255.255.0 192.168.12.2

20.20.20.0 ဆိုတာကတော့ R2 နောက်မှာရှိတဲ့ Loopback 0 network
255.255.255.0 ကတော့ 20.20.20.0 ရဲ့ subnet mask
192.168.12.2 ကတော့ R1 ကနေ 20.20.20.0/24 ကနေ သွားမယ်ဆိုရင် သွားရမယ့် next hop address

R2(config)#ip route 0.0.0.0 0.0.0.0 192.168.12.1

0.0.0.0 ဆိုတာကတော့ all network
0.0.0.0 ဆိုတာကတော့ all subnet
192.168.12.1 ကတော့ R2 ကနေ R1 ရဲ့ loopback network အားလုံးကို သွားမယ်ဆိုရင် သွားရမယ့် next hop address ပါ။

တစ်ကယ်လို့ default route မသုံးဘဲ static route သုံးမယ်ဆိုရင် အောက်က အတိုင်း ရိုက်ပေးရပါမယ်။

R2(config)#ip route 10.0.0.0 255.255.255.0 192.168.12.1
R2(config)#ip route 10.1.0.0 255.255.255.0 192.168.12.1
R2(config)#ip route 10.2.0.0 255.255.255.0 192.168.12.1
R2(config)#ip route 10.3.0.0 255.255.255.0 192.168.12.1
R2(config)#ip route 10.4.0.0 255.255.255.0 192.168.12.1
R2(config)#ip route 10.5.0.0 255.255.255.0 192.168.12.1

အဲဒါတွေ configure လုပ်ပြီးသွားရင်တော့ network တစ်ခုကနေ နောက်တစ်ခုကို ping လုပ်လို့ရသွားပါပြီ။

File Sharing Permission with OU

Company တွေက File Server မှာ permission တွေကို အလွယ်တကူ ဘယ်လိုလုပ်မလဲ။
ပထမဆုံး ဖိုဒါတွေဆောက်မယ်။ ပြီးရင် Role အလိုက် AD မှာ OU တွေလုပ်မယ်။
ဥပမာ Manager OU, Executive OU, CEO OU, CTO OU စသည်ဖြင့်ပေါ့။
ပြီးတော့ user/staff တွေကို သက်ဆိုင်ရာ OU ထဲကို ထည့်မယ်။ 
ပြီးရင် File sharing permission မှာ level အလိုက် read or write permission တွေပေးလိုက်မယ်။
အဲဒါတွေလုပ်ပြီးရင် အားလုံးအေးဆေးဖြစ်သွားဘီ။
လူအသစ်ရောက်လာရင် သက်ဆိုင်ရာ OU အောက်မှာ ထည့်ပေးလိုက်ရင် အလွယ်အကူနဲ့ share folder တွေကို permission  ပေးပြီးသားဖြစ်သွားမယ်။

Cisco အခြေခံ Configuration

basic_config_1

အပေါ်က ပုံလေးကို သုံးပြီးတော့ အခြေခံ configure လုပ်ပုံလေးပါ။
#Set the console password
R1(config)#hostname SSH_Server
SSH_Server(config)#line console 0
SSH_Server(config-line)#password console
SSH_Server(config-line)#login local

#set the telnet password
SSH_Server(config)#line vty 0 4
SSH_Server(config-line)#password telnet
SSH_Server(config-line)#login

#set the IP Address to Fa0/0
SSH_Server(config)#int fa0/0
SSH_Server(config-if)#ip address 192.168.1.1 255.255.255.0
SSH_Server(config-if)#no shut
SSH_Server(config-if)#exit

SSH_Server(config)#

SSH_Server#sh running-config နဲ့ ပြန်ကြည့်လိုက်ရင် console and telnet password  တွေကိုဒီအတိုင်းပဲ မြင်ရပါလိမ့်မယ်။
အဲဒါကို encrypt  ဖြစ်ဖို့အတွက် အောက်ကကွန်မန်းကို ရိုက်ရပါမယ်။
SSH_Server(config)#service password-encryption
အဲဒီကွန်မန်းရိုက်ပြီးရင်တော့ password အားလုံးက encrypt ဖြစ်သွားပါဘီ။
ဆက်ပြီး SSH ကို configure လုပ်ကြည့်ရအောင်။
#Enable the SSH password
SSH_Server(config)#username ssh password ssh
SSH_Server(config)#ip domain-name cisco.com
SSH_Server(config)#crypto key generate rsa
SSH_Server(config)#ip ssh version 2
SSH_Server(config)#line vty 0 4
SSH_Server(config-line)#login local
SSH_Server(config-line)#transport input ssh

SSH_Client မှာ လဲ IP Address ကို 192.168.1.2/24  ပေးလိုက်ပါမယ်။
ပြီးရင် SSH username and password တစ်ခုခုပေးလိုက်ပြီး ssh version 2 လုပ်လိုက်ပါမယ်။
ပြီးရင် အောက်ကအတိုင်း SSH_Client ကနေ SSH_Server ကို ssh connection နဲ့ ဝင်ကြည့်လိုက်ရင် ဝင်လို့ရမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

basic_config_2

အားလုံးပဲ အဆင်ပြေပါစေ။